menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မြန်မာ့သစ်သီးဝလံများ ပြည်ပဝယ်ယူမှုပမာဏ အနည်းငယ်သာရှိခဲ့
🍇🍉🍌🍎🍓🍍🍒🥑🥭🍋
🔘 မြန်မာ့သစ်သီးဝလံတွေကို ယခုနှစ် ပြည်ပဝယ်ယူမှုပမာဏအနည်းငယ်သာရှိခဲ့ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နဲ့ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရသည်။ “အခုနှစ်ကတော့ export သိပ်မထွက်ဘူး။ နောက်နှစ်ခါတော့ ပြန်ပို့နိုင်အောင်ကြိုး စားနေကြတယ်။ ပြည်တွင်းစျေးကွက်မှာလဲ အခြေအနေက သိပ်ကောင်းတယ်လို့တော့ပြောလို့ မရဘူး"လို့ MFVP အတွင်းရေးမှူး ဦးကျော်သူကဆိုသည်။
🔘 မြန်မာ့သစ်သီးဝလံပို့ကုန်တင်ပို့မှု၏ ၉၀ ရာခိုင်နှုန်းထိ တရုတ်စျေးကွက်ကို အားထားတင်ပို့နေခြင်းဖြစ်ရာ ကိုဗစ်ကြောင့် တရုတ်နယ်စပ်ဂိတ်များပိတ်ထားခြင်းကြောင့် ယခုနှစ် သစ်သီးဝလံတင်ပို့မှု လျော့ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်ကမြန်မာ့သစ်သီးပို့ကုန်တွေကို အင်္ဂလန်၊ ယူအေအီးအပါအဝင်စျေးကွက်သစ်များ ချိတ်ဆက်နိုင်ခဲ့သော်လည်း ကွန်တိန်နာရရှိမှုအခက်အခဲ၊ ငှားရမ်းခစျေးကြီးမြင့်နေခြင်းနှင့် ဘဏ်ငွေရေး၊ကြေးရေး ပြဿနာများကြောင့် တင်ပို့နိုင်ခြင်းမရှိခဲ့ကြောင်းသိရသည်။
🔘 “စင်ကာပူ ကမ်းလှမ်းတာတွေရှိတယ်။ စျေးကမရဘူး။ စျေးမရတော့ မကိုက်တော့ ပြည်တွင်းမှာပဲ ရောင်းတယ်။ တစ်ခြားဥရောပဘက်က ဝယ်မဲ့ဟာတွေကလည်း၊ ကွန်တိန်နာအခက်အခဲ၊ ဘဏ်ရဲ့ ငွေရေးကြေးရေးအခက်အခဲတွေနဲ့ကျတော့ ပို့ဖို့မလွယ်ဖြစ်နေတာ ကွန်တိန်နာရဖို့ကအချိန်စောင့်ရသလို စျေးကလဲ အများကြီးတက်သွားတယ်” ဟုဦးကျော်သူက ဆိုသည်။ လာမည့် ၂၀၂၂ခုနှစ်မှာ မြန်မာ့ သစ်သီးဝလံ ပို့ကုန်စျေးကွက်အလားအလာက ရောဂါဘေး နှင့် နိုင်ငံရေးအခြေအနေတွေအပါ် မူတည်နေကြောင်း သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများကသုံးသပ်ကြသည်။
🔘 “မှန်းဖို့ကတော့ အတော်ခက်တယ် ၊ ငွေတန်ဖိုးက ဒီအတိုင်းပဲရှိနေမှာလား၊ ဆက်ကျမှာလား၊ ပြန်တက်မှာလား၊ ဒီအပေါ်မှာမူတည်ပြီး စျေးနှုန်းအပြောင်းအလဲ ဖြစ်သွားမယ်၊ နောက်တစ်ခုက နယ်စပ်ပိတ်ရင်တော့ အခက်အခဲဖြစ်ဦးမှာပဲ။ ကျန်တာတွေအဆင်ပြေရင်တောင်မှ နိုင်ငံရေးအနေအထား အပေါ်မှာမူတည်တယ်။ အကြမ်းမျဥ်းပြောရရင် ဝယ်လက်တွေကတော့ ဝယ်မယ်လို့ ဂတိပေးထားတာတွေရှိတယ်။ ဝယ်လဲဝယ်ချင်ကြတယ်။ ကျွန်တော်တို့ဘက်ကလည်း ပို့မယ်ဆိုရင် ပို့နိုင်တဲ့ အနေအထား ရှိတယ်။ ခုနကပြောတဲ့ ဘဏ်အခက်အခဲတို့၊ နိုင်ငံရေးတို့၊ ရောဂါအခြေအနေ၊ ငွေကြေးစျေးနှုန်းတို့ အဆင်ပြေရင်တော့ သူ့ဘာသာထွက်သွားမှာပါ”ဟု ဦးကျော်သူကဆိုသည်။အဆိုပါ မရောရာမှုများကြောင့် သစ်သီးဝလံ တောင်သူများက စိုက်ပျိုးထုတ်လုပ်မှုကို လျှော့ချရမည့် အနေအထားကိုရောက်ရှိနေပြီး၊ အခုနှစ်တွင် ဖရဲ၊သခွားစိုက်ပျိုးတောင်သူများက စိုက်ဧကများကို ၁၀ ရာခိုင်နှုန်းဝန်းကျင်သာ စိုက်ပျိုးခဲ့ကြသည်။
🔘 သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit to : AMIA Market News