menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မတ်ပဲ
✴️အိန္ဒိယအစိုးရက ပြည်တွင်းကုမ္ပဏီ၁၇၀၀ကို မတ်ပဲတင်သွင်းခွင့်ပြု✴️
------------------------------------------------------------------
🔸အိန္ဒိယအစိုးရက ပြည်တွင်း ကုမ္ပဏီ ၁၇၀၀ ခန့်ကို ကုမ္ပဏီတစ်ခုလျှင် မတ်ပဲတန်ချိန် ၁၃၉ တန်စီ တင်သွင်းခွင့်ပေးလိုက်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။အိန္ဒိယအစိုးရက ဇန်နဝါရီ ၂၀ ရက်မှာ အစည်းအဝေးလုပ်ပြီးတော့ ကုမ္ပဏီတစ်ခုစီကို တန် ၁၃၀ ကျော်စီ သွင်းခွင့်ပေးလိုက်တယ်။ မတ်ပဲတွေကို နိုင်ငံတကာကနေ တင်သွင်းမှာဖြစ်တယ်။ မြန်မာကုန်သည်တွေက ကိုယ့်အချိတ်အဆက်နဲ့ကိုယ် ဆက်လက်တင်ပို့ရောင်းဝယ်ကြမှာ ဖြစ်တယ်။ တင်ပို့တဲ့အခါမှာ အိန္ဒိယဆိပ်ကမ်းအရောက် ပို့ပေးရမှာဖြစ်တယ်။ အဓိကအခက်အခဲက တင်သွင်းခွင့်ကို မတ် ၃၁ ရက် နောက်ဆုံး ထားပြီးတော့ ပို့ရမှာဖြစ်တော့ အချိန်က သိပ်မရဘူး ဖြစ်နေတယ်။ အခုတင်ပို့ရမယ့်အချိန်က ဖေဖော်ဝါရီလ တစ်လနဲ့ မတ်လ တတိယပတ်လောက်အထိပဲ ရနိုင်တော့ အချိန်က အခက်အခဲပဲဟု ပြောသည်။
🔸အိန္ဒိယအစိုးရက ၂၀၁၉-၂၀ ဘဏ္ဍာ နှစ်အတွက် မတ်ပဲတန်ချိန် နှစ်သိန်းခွဲ ထပ်မံ တိုးမြှင့်၍ ယခုနှစ် မတ် ၃၁ ရက် နောက်ဆုံး ထား၍ တင်သွင်းခွင့်ပြုထားသည်။အိန္ဒိယအစိုးရက ၎င်းင်းပြည်တွင်း ပဲခွဲစက်နှင့် ပဲသန့်စင်မှုလုပ်ငန်း လုပ်ကိုင်သူ များသို့ တင်သွင်းခွင့်ကိုတာများ ခွဲဝေချပေးခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သွင်းကုန်လုပ်ငန်းရှင်များက မတ် ၃၁ ရက် နောက်ဆုံး ထား၍ အိန္ဒိယဆိပ်ကမ်းသို့ အရောက်ပေးပို့ရမည်ဖြစ်သည်။အိန္ဒိယဗဟိုအစိုးရနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု မူဝါဒအရ ၂၀၁၇ ခုနှစ်မှစ၍ ကန့်သတ်ကုန်စည်အဖြစ် သတ်မှတ်ထားသည့် မတ်ပဲကို ပြည်ပကုန်သွယ်မှု ညွှန်ကြားမှုဦးစီးဌာနက ကိုတာတန်ချိန် လေးသိန်း အထိသာ အများဆုံးတင်သွင်းမည်ဟု ကန့်သတ်ခဲ့သည်။ သို့သော် အဆိုပါကန့်သတ်မှုသည် အိန္ဒိယအစိုးရက နှစ်နိုင်ငံချင်း သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များက လက်မှတ်ရေးထိုးထားရှိသည့် နားလည်မှု စာချွန်လွှာများ နှင့် သက်ဆိုင်ခြင်းမရှိကြောင်း သိရသည်။
🔸မြန်မာနိုင်ငံဘက်မှာ တင်ပို့ခွင့် လိုင်စင်တွေရတဲ့အချိန်ကျမှပဲ ဈေးကွက် အခြေအနေက ပြောလို့ရမယ်။ ခုအနေ အထားအတိုင်းဆိုရင်တော့ ဈေးနှုန်းက အေးနေဦးမှာပဲဟု မန္တလေး ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောသည်။ အိန္ဒိယနိုင်ငံအတွင်း ၂၀၁၉ ခုနှစ်၊စက်တင်ဘာလအတွင်းက ရွာသွန်းခဲ့သည့်မိုးကြောင့် ပဲစိုက်ခင်းများ ပျက်စီးခဲ့မှုကြောင့် ယခင်ချမှတ်ထားသည့် ကန့်သတ်ချက်များကို ကျော်လွန်၍ ပြည်ပမှ ထပ်တိုး တန်ချိန်သတ်မှတ်၍ ဝယ်ယူရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ကုန်သည်များက ပြောသည်။အိန္ဒိယက လိုအပ်ချက်အရတော့ မြန်မာက ဝယ်ယူနေဦးမှာပါပဲ။ ဒါပေမယ့် အိန္ဒိယမှာ ပေါက်နေတဲ့ဈေးနှုန်းအတိုင်းတော့ မြန်မာက မရရှိဘူး။
🔸အမြဲတမ်း တစ်တန်ကို ကန်ဒေါ်လာ ၂၀၀ ကနေ ၂၅၀ ကြား ဈေးကွာဟတယ်။ သူတို့ဝယ်ယူတာ အားကောင်းတဲ့အခါမှာ ပြည်တွင်းမှာ ဈေးနှုန်း တက်လာပြီးတော့ ဝယ်ယူမှုနည်းလာတဲ့ အခါမှာ ဈေးနှုန်းကျဆင်းလာတဲ့ အလှုပ် အခတ်တော့ ရှိတယ်။ သင်္ဘောပြန်တင်မယ့်ရက်တွေဆိုရင်တော့ ဈေးက မြောက်လာတယ်။ အိန္ဒိယက မတ်ပဲဝယ်မယ်လို့ ထုတ်ပြန်လိုက်တဲ့အပတ်က တစ်တန်ကို ကျပ် ၁၆၀၀၀၀ လောက် ဈေးတက်လာတာကနေ အခုလက်ရှိအချိန်မှာတော့ တစ်တန်ကို ကျပ် ၁၁၀၀၀၀ လောက်ပဲ ဈေးပိုရတော့တယ်ဟု ဦးမင်းကိုဦးကဆက်လက်ပြောသည်။ လက်ရှိ ရန်ကုန်ပဲဈေးကွက်အတွင်း မတ်ပဲအဟောင်းတစ်တန်လျှင် ကန်ဒေါ် လာ ၇၀၀ မှ ၈၀၀ ကြား၊ အခွံချွတ်အလုံးခြမ်းတစ်တန်လျှင် ကန်ဒေါ်လာ ၁၀၆၀ မှ ၁၉၀၀ ကြား၊ အခွံပါအခြမ်း တစ်တန်လျှင် ကန်ဒေါ်လာ ၉၂၅ မှ ၉၅၀ ကြား အသီးသီးရှိနေသည်။
🔸ယခင်ဘဏ္ဍာနှစ်က ထိုနည်းအတိုင်း အချိန်ကန့်သတ်၍ တင်သွင်းခွင့်ပြုခဲ့သော်လည်း ၎င်းပြည်တွင်း ကုန်သည်များကအချိန်ကို ထပ်မံတိုးပေးရန် တောင်းဆိုခဲ့မှုကြောင့် သတ်မှတ်ကာလအတိုင်း မတင်သွင်းနိုင်ခဲ့သည့် ပဲများကို အိန္ဒိယဗဟိုအစိုးရ ၏ ဒေသန္တရခွင့်ပြုချက်ဖြင့် ခွင့်ပြုခဲ့ကြောင်း သိရသည်။အိန္ဒိယတွင် ပဲသီးနှံ ပျက်စီးမှုဧက များပြားနေခြင်းကြောင့် ၂၀၂၀ ပြည့်နှစ်အတွက် မတ်ပဲလိုအပ်ချက် ကြီးလာနိုင်ပြီး တင်သွင်းခွင့် ပိုမိုများပြားလာနိုင်ကြောင်း ကုန်သည် များက သုံးသပ်သည်။အိန္ဒိယ၌ ၂၀၁၉ ခုနှစ်၊ မုတ်သုံရာသီ ကာလ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးနစ်မြုပ်မှုကြောင့် ပဲမျိုးစုံစိုက်ဧကဟတ်တာ ၁၁ သိန်းခန့် ပျက်စီးခဲ့ကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က ပဲမျိုးစုံတန်ချိန်သိန်း ၂၅၀ ကျော် ထုတ်လုပ်နိုင်ခဲ့သော်လည်း ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် တန်ချိန် သိန်း ၂၃၀ ခန့်သာ ထုတ်လုပ်နိုင်ခဲ့၍ တန်ချိန် သိန်း ၂၀ ခန့် လျော့နည်းထုတ်လုပ်ခဲ့ကြောင်း သိရသည်။
🔸၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၆၄ သန်းကျော်တွင်မတ်ပဲတန်ချိန် ခြောက်သိန်းကျော် ပါဝင်ပြီး ကန်ဒေါ်လာ တစ်ဘီလျံကျော် ရရှိထားပြီး ယခင်နှစ်ထက် တန်ချိန်သုံးသိန်းကျော် ပိုမို တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေဝန်ကြီးဌာနထံမှ သိရသည်။
- နီနီအောင်
- မြန်မာတောင်သူကြီးများဂျာနယ်
- ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ( ၂၇ ) ရက်။