menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မတ်ပဲ၊ ပဲစင်းငုံ နှင့် ပဲတီစိမ်း ဈေးကွက်ပေါက်ဈေးများ မြင့်တက်လာ
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
➡️ ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ နှင့် ပဲတီစိမ်းတို့ အထွက်နှုန်းကျဆင်းနေခြင်းကြောင့် ဈေးကွက် ပေါက်ဈေးမြင့်တက်လာခြင်းနှင့်အတူ ပို့ကုန်သမားများ ဝယ်လိုအားကောင်းနေကြောင်း ပဲ၊ နှမ်း ကုန်သည်များထံကသိရသည်။ ပြည်တွင်းပဲစိုက်ရာဒေသများတွင် ရာသီဥတုမမှန်ခြင်း၊ သွင်းအားစု နှင့် လုပ်အားခများ၊ သယ်ယူပို့ ဆောင်စရိတ်များ မြင့်တက်လာခြင်းနှင့်အတူ ဒေသတွင်းတည်ငြိမ်မှု မရှိတာကြောင့် ပဲစိုက်ပျိုးထုတ်လုပ်မှုလျော့ကျခြင်းကြောင့်လည်း လက်ရှိပဲဈေးကွက်တွင် အဝင်ရှိသလောက် အဝယ်ကောင်းနေပြီး ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။
➡️ ပြည်တွင်းပို့ကုန်ပဲများ ဈေးကွက်အတွင်းအဝင်နည်းလာခြင်း ပဲထွက်ရာဒေသများ အထွက်နှုန်းကျ ဆင်းခြင်းများကြောင့် ပဲဈေးကွက်အတွင်း ပို့ကုန်သမားများ ပစ္စည်းရရှိရေး ဝယ်လိုအားကောင်းနေသော ကြောင့် ဈေးကွက်အနည်းငယ်ကျဆင်းနေရာမှ အမြင့်ဈေးသို့ ပြန်လည်ရောက်ရှိလာကြောင်း တရုတ်လိုင်းအဝယ်များသည့် ပဲတီစိမ်း(ခရမ်း)မှာလည်း ဈေးမြင့်တက်လာကြောင်း၊ ထို့အတူ ပြည် တွင်းသုံး ကုလားပဲနှင့် ပဲမာလိုင်းများလည်း လိုက်ပါဈေးမြင့်တက်လာရာ ပဲနှမ်းဈေးကွက်အတွင်း အရောင်းအဝယ် အမြင့်ဆုံးအချိန်ဖြစ်ကြောင်း၊ ပြည်တွင်းဒေါ်လာဈေး တည်ငြိမ်မှုရှိသော်လည်း ပဲ၊ နှမ်းဈေးကွက်မှာ ပစ္စည်းရရှိရေးအတွက် ပို့ကုန်သမားများ ဝယ်လိုအားကောင်းနေကြောင်း ဦးကျော် သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
➡️ “ဒေါ်လာငွေဈေး အပြောင်းအလဲမရှိပေမယ့် ပဲမျိုးစုံဈေးကွက် အမြင့်ဈေးပြန်ဖြစ်လာပါတယ်။ V2 ကုလားပဲတစ်အိတ် ငွေကျပ် ၁၉၀,၀၀၀ ပေါက်ဈေးဖြစ်လာတယ်။ ပဲစင်းငုံတစ်အိတ် ငွေကျပ် ၂၀၀,၀၀၀၊ မတ်ပဲတစ်အိတ် ငွေကျပ် ၁၈၄,၀၀၀ ဖြစ်လာတယ်။ နိုင်ငံခြားပို့ကုန်ပဲတွေ ဈေးတက်လာတာနဲ့အတူ ပြည်တွင်းသုံးပဲမာတွေရော ဈေးလိုက်တက်လာတယ်။ တရုတ်လိုင်းအဝယ်များတဲ့ ပဲတီစိမ်းထိပ်စ တစ်အိတ် ငွေကျပ် ၂၂၉,၀၀၀ အထိ ပေါက်ဈေးဖြစ်သွားတယ်။ အိန္ဒိယပို့ကုန်ပဲတွေ ဒီသီတင်းပတ်မှာ သိသိသာသာ ဈေးမြင့်တက်လာတယ်။ ငွေဈေးတည်ငြိမ်နေပေမယ့် ပို့ကုန်ပဲအုပ်စု အဝယ်လိုက်နေ တာကတော့ ပြည်တွင်းပဲအထွက်နှုန်းကျဆင်းမှုနဲ့ အဝင်နည်းတာကြောင့်ဈေးမြင့်တက်လာပါတယ်။ လက်ရှိမှာ အသစ်ဝင်ပဲအားလုံး ပစ္စည်းရရှိအောင် လှောင်လက်သမား၊ ပို့ကုန်သမား အဝယ်ကောင်းနေ တာပါ” ဟု ၎င်းက ပြောသည်။
🫘မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း🫘
ဈေးကွက်အတွင်း ပဲသစ်အဝင်ရှိသလောက် ပို့ကုန်သမားများ ဝယ်လိုအားကောင်းနေသောကြောင့် အနည်းငယ်ဈေးကွက်ကျဆင်းနေရာမှ ပြန်လည်ဈေးမြင့်တက်လာရာ ဖေဖော်ဝါရီ (၁၆)တွင် မတ်ပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေ ကျပ် ၁၈၄,၀၀၀၊ ပဲစင်းငုံ တစ်အိတ်လျှင် ငွေကျပ် ၂၀၀,၀၀၀၊ ပဲတီစိမ်းရွှေဝါ တစ်အိတ်လျှင် ငွေ ကျပ် ၂၂၉,၀၀၀၊ အညာမှာ ထိပ်စသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၆၀,၀၀၀ ပေါက်ဈေးရှိသည်။ ယခင်သီတင်းပတ်ထက် မတ်ပဲနှင့် ပဲစင်းငုံ တစ်အိတ်လျှင် ငွေကျပ် တစ်သောင်းကျော် ဈေးမြင့်တက်လာသည်။
🥜နှမ်း နှင့် မြေပဲ🥜
တရုတ်လိုင်းဝယ်ယူမှုများလာခြင်းကြောင့် နှမ်းမျိုးစုံတစ်အိတ်လျှင် ငွေကျပ် တစ်သောင်းကျော် ဈေးမြင့်တက်လာရာ နှမ်းဖြူ ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၃၂၀,၀၀၀ အထိ အမြင့်ဆုံးပေါက် ဈေးဖြစ်လာပြီး နှမ်းနက်စမုန်မှာ တစ်အိတ်လျှင် ငွေကျပ် ၃၁၀,၀၀၀ အထိ ပေါက်ဈေးဖြစ်လာသည်။ မြေပဲအနီလုံးဆံ တစ်ပိဿာ ငွေကျပ် ၆,၉၅၀၊ ဆီဆံတစ်ပိဿာ ငွေကျပ် ၆,၃၀၀ ပေါက်ဈေးအတိုင်း အရောင်းအဝယ်အနည်းငယ်အေးသွားသည်။
➡️ ပို့ကုန်ပဲများ အဝင်ရှိသလောက် အရောင်းအဝယ်သွက်နေခြင်းနှင့်အတူ ပြည်တွင်းသုံးပဲမာလိုင်းများ လည်း ဈေးပြန်လည်မြင့်တက်လာရာ ဖေဖော်ဝါရီ(၁၆)တွင် ကုလားပဲ V2တစ်အိတ်လျှင် ငွေကျပ် ၁၉၀,၀၀၀၊ ပဲယင်းကြီး(သစ်) တစ်အိတ်လျှင် ငွေကျပ် ၁၆၃,၀၀၀၊ ပဲကြီး(သစ်)တစ်အိတ်လျှင် ငွေကျပ် ၂၅၅,၀၀၀၊ ပဲလွန်းဖြူတစ်အိတ်လျှင် ငွေကျပ် ၁၄၀,၀၀၀၊ ပဲထောပတ်(သစ်)တစ်အိတ်လျှင် ငွေကျပ် ၂၁၅,၀၀၀၊ ပဲဇီးကွက် တစ်အိတ်လျှင် ငွေကျပ် ၁၅၅,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေ ကျပ် ၂၇၆,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၀၅,၀၀၀ ပေါက်ဈေး ဖြစ်လာသည်။
➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း