menu

“မတ်ပဲဈေးကွက် သတင်း”


🍀☘️🍀☘️🍀☘️🍀☘️🍀☘️🍀

⏭အိန္ဒိယအစိုးရက မြန်မာမတ်ပဲတင်သွင်းခွင့်ကို ၂၀၂၃ ခုနှစ် မတ်လ (၃၁) ရက်နေ့အထိ ထပ်မံသက်တမ်းတိုးပေးလိုက်ခြင်းသည် အိန္ဒိယနိုင်ငံ၏ မတ်ပဲအရောင်းအဝယ်အပေါ် အကျိုးသက်ရောက်မှု များစွာဖြစ်ခဲ့သည်။ အစိုးရ၏ ဆုံးဖြတ်ချက်က ကောင်းမွန်သော်လည်း လက်ရှိပြည်တွင်းမတ်ပဲ လက်ကျန်နည်းပါးနေမှုကြောင့် မြန်မာမတ်ပဲတင်သွင်းမှုဆက်လက်အားကောင်းနေမည်ဖြစ်သည်။

⏭အိန္ဒိယနိုင်ငံ၏ ပြည်တွင်းမတ်ပဲလက်ကျန်နည်းပါးနေပြီး ပြည်တွင်းစားသုံးမှုသည်လည်း တစ်လလျှင် အနည်းဆုံး တန်ချိန် (၂) သိန်းခန့်ရှိနေသည်။ ပြည်တွင်းမတ်ပဲလက်ကျန်နည်းပါးမှုကြောင့် အိန္ဒိယသည် တစ်လလျှင်မတ်ပဲတန်ချိန် (၁.၂၅) သိန်း တင်သွင်းရမည်ဖြစ်သည်။

⏭၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အိန္ဒိယသည် တစ်လလျှင်ပျမ်းမျှ မတ်ပဲတန်ချိန် ၅၀,၀၀၀ တင်သွင်းခဲ့ရသည်။ မတ်ပဲတင်သွင်းခွင့်သက်တမ်းတိုးပေးလိုက်သော်လည်း ပြည်တွင်းစားသုံးမှုဖူလုံစေရေးအတွက် မတ်ပဲတင်ပို့ရောင်းချမည့်နိုင်ငံများအပေါ် များစွာမှီခိုနေရဦးမည်ဖြစ်သည်။

Sources : ဧရာကုန်သွယ်မှုဗဟိုဌာန

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

1-4-2022