menu

“မတ်ပဲဈေးကွက်အခြေအနေ သုံးသပ်ချက်”

🫘🫘🫘🫘🫘🫘🫘🫘🫘🫘

⏩ပြည်တွင်းမတ်ပဲဈေးနှုန်းသည် ယခင်သီတင်းပတ် တစ်ပတ်လုံး တစ်တင်းဈေးနှုန်း ကျပ် ၆၀,၀၀၀ အထက်တွင်ရပ်တည်နေခဲ့ပြီး နောက်ရက်များတွင် တဖြည်းဖြည်းဈေးထပ်တက်လာကြောင်း တွေ့ရသည်။

⏩သီတင်းပတ်တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့သောမတ်ပဲဈေးနှုန်းများမှာ ဩဂုတ်လ (၂၅) ရက်နေ့တွင် တစ်တင်းလျှင်ကျပ် ၆၁,၈၀၀၊ (၂၆) ရက်နေ့တွင် ကျပ် ၆၂,၀၀၀၊ (၂၇) ရက်နေ့တွင် ကျပ် ၆၃,၂၀၀၊ (၂၈) ရက်နှင့် (၂၉) ရက်နေ့တွင်ကျပ် ၆၄,၂၀၀၊ (၃၀) ရက်နေ့တွင် ကျပ် ၆၄,၈၀၀၊ (၃၁) ရက်နေ့တွင် ကျပ် ၆၆,၇၀၀၊ စက်တင်ဘာလ (၁) ရက်နေ့တွင် ကျပ် ၆၇,၃၀၀၊ (၂) ရက်နေ့တွင် ကျပ် ၆၅,၅၀၀ အသီးသီးဖြစ်ခဲ့ပါသည်။

⏩သုံးသပ်ချက်အရ လက်ရှိဈေးနှုန်းများသည် ပြည်တွင်းငွေကြေးဈေးနှုန်းပေါ်မူတည်နေကြောင်း တွေ့ရသည်။ စက်တင်ဘာလ (၁) ရက်နေ့ ဒေါ်လာဈေးအနည်းငယ်ကျဆင်းပြီးနောက် (၂) ရက်နေ့တွင် မတ်ပဲဈေးနှုန်းသည် တစ်တင်းလျှင် ကျပ် ၂,၀၀၀ ဝန်းကျင်ပြန်လည်ကျဆင်းသွားသည်။

⏩ယခင်သီတင်းပတ်အတွင်း ချနိုင်းနှင့်မွမ်ဘိုင်းဈေးကွက်တွင်လည်း မတ်ပဲဈေးတက်လာကြောင်းတွေ့ရပြီး မြန်မာနိုင်ငံမှမတ်ပဲတင်သွင်းမှုနှေးသွားခြင်းကြောင့် ဈေးမာလာခြင်းဖြစ်ကြောင်းလည်းတွေ့ရသည်။ NAFED ၏အဆိုအရ အိန္ဒိယနိုင်ငံတွင် မတ်ပဲလက်ကျန်နည်းနေကာ ၎င်းတို့အနေဖြင့် မတ်ပဲတန်ချိန် ၅၀,၀၀၀ ဝယ်ယူရန်ရှိပြီး ယခုကာလတွင်လည်း တစ်ရက်လျှင် တန်ချိန် ၂,၀၀၀ ခန့်ပုံမှန်ဝယ်ယူလျှက် ရှိကြောင်းပြောကြားသည်။

⏩ပြည်နယ်အချို့တွင် မတ်ပဲသစ်အဝင်ရှိနေသော်လည်း ရိတ်သိမ်းရာသီတွင် မိုးကောင်းနေသဖြင့် မတ်ပဲ အပျက်အစီးရှိကြောင်းလည်း Agri World ကတင်ပြထားသည်။ အိမ်နီးချင်းနိုင်ငံ၏ပဲလိုအပ်ချက်အရ လည်းကောင်း ပြည်တွင်းငွေကြေးတန်ဖိုးကိုလိုက်၍လည်းကောင်း ပြည်တွင်းမတ်ပဲဈေးနှုန်းများ အတက်ဖက်သို့ဆက်လက်ဦးတည်နေသည်။ ဈေးနှုန်းဆက်တက်နေဦးမည်ဖြစ်သော်လည်း ပြည်တွင်းငွေကြေးဈေးနှုန်းပေါ်မူတည်၍လည်း ဈေးအတက်အကျဖြစ်ပေါ်နေမည်ဖြစ်သည်။

⏩မတ်ပဲဈေးတက်လာနေသော်လည်း စက်သုံးဆီဈေးနှုန်းနှင့် မျိုး၊ သွင်းအားစု စရိတ်များမြင့်တက် လာမှုကြောင့် နောက်နှစ်ပဲစိုက်ရာသီတွင် ပဲစိုက်ဧရိယာလျော့ကျခြင်းနှင့် အထွက်နှုန်းလျော့ကျခြင်း တို့ဖြစ်ပေါ်လာနိုင်ကြောင်းခန့်မှန်းရပါသည်။

⏩သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ဧရာကုန်သွယ်မှုဗဟိုဌာန

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့

2-9-2022