menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“မတ်ပဲနှင့် ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့် (၁)နှစ်သက်တမ်း ထပ်တိုး”
🍀☘️🍀☘️🍀☘️🍀☘️🍀☘️🍀
🔸အိန္ဒိယနိုင်ငံက မတ်ပဲနှင့် ပဲစင်းငုံတို့ကို လွတ်လပ်စွာ တင်သွင်းခွင့်ကာလအား (၁)နှစ်သက်တမ်း ထပ်တိုးပေးလိုက်ခြင်းကြောင့် ပို့ကုန်ပဲများ အမြင့်စျေးအတိုင်းဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပဲကုန်သည်များထံက သိရသည်။
🔸အိန္ဒိယအစိုးရ၊ စီးပွားရေးဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြားကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (DGFT) က မတ်ပဲနှင့် ပဲစင်းငုံ လွတ်လပ်စွာတင်သွင်းခွင့်ကာလကို ၂၀၂၃ ခုနှစ် မတ်လကုန်အထိ (၁)နှစ်သက်တမ်း တိုးမြှင့်လိုက်ခြင်းဖြစ်သည်။
🔸အိန္ဒိယနိုင်ငံက ၎င်းတို့၏ ပြည်တွင်းပဲဈေးနှုန်းကို ထိန်းထားလိုခြင်းကြောင့် ယခုကဲ့သို တင်သွင်းခွင့်ကာလ သက်တမ်းတိုးပေးလိုက်ခြင်းဖြစ်ပြီး ပဲတင်သွင်းသူများအနေဖြင့် ပမာဏအကန့်အသတ်မရှိ လွတ်လပ်စွာ တင်သွင်းနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
🔸အဆိုပါထုတ်ပြန်ချက်ကြောင့် ပြည်တွင်းဈေးကွက်အပေါ် သက်ရောက်မှုရှိလာနိုင်ပြီး ပြည်တွင်းမတ်ပဲဈေး အနည်းငယ်ပြန်အေးနိုင်သော်လည်း နိုင်ငံခြားငွေတန်ဖိုး မြင့်တက်နေချိန်ဖြစ်သဖြင့် ဈေးကျဆင်းမှု အခိုက်အတန့်သာ ဖြစ်နိုင်ပြီး အမြင့်စျေးဖြင့် ဆက်လက်တည်ရှိနေနိုင်ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။
🔸"လတ်တလော အခြေအနေမှာ မြန်မာမတ်ပဲဈေး အနည်းငယ် ပြန်အေးနိုင်ပေမယ့် ပြည်တွင်း ဒေါ်လာဈေး၊ ရွှေဈေးနဲ့ မြန်မာ့ငွေကြေးတန်ဖိုးများအရ မတ်ပဲ(၁)တင်းပေါက်ဈေး ကျပ် ငါးသောင်းဝန်းကျင်မှာ ဆက်လက်စျေးကောင်းနေပါမယ်´´ဟု မတ်ပဲကုန်သည် ဦးစိုးနိုင်ကပြောသည်။
🔸အိန္ဒိယက လွတ်လပ်စွာ တင်သွင်းခွင့်ကာလကို တိုးမြှင့်လိုက်သလို တစ်ဖက်တွင်လည်း ငါးနှစ်ဆက်တိုက် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန် တစ်သိန်း ဝယ်ယူရေးကိုလည်း နှစ်နိုင်ငံ အစိုးရများအကြား နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးထားသည်။
🔸၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ မြန်မာ့ပဲမျိုးစုံတင်ပိုမှုသမိုင်းမှာ တန်ချိန် ၂ သန်းကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁.၅၇ ဘီလျံအထိ ရှိခဲ့ပြီး အများစုကို အဓိကဈေးကွက်ဖြစ်သော အိန္ဒိယနိုင်ငံသို့ တင်ပို့ ရောင်းချခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။
🔸သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (The Farmer Media)