menu

မတ်ပဲနှင့် ပဲစင်းငုံစျေးများ ပြန်လည်မြင့်တက်လာပြီး ပဲမာလိုင်းများလည်း စျေးတက်နေသည့် ပဲမျိုးစုံဈေးကွက် .....


🍀☘️🌱☘️🍀🌱🍀☘️🌱☘️🍀

🔹ပို့ကုန် မတ်ပဲနှင့် ပဲစင်းငုံစျေးများ ပြန်လည်မြင့်တက်လာသည့်အပြင် အသစ်ဝင်ပဲမာလိုင်းများလည်း စျေးကွက်အတွင်း သိသိသာသာစျေးတက်ကာ အဝယ်သွက်နေကြောင်း ပဲ ၊နှမ်းကုန်သည်များထံက သိရသည်။

🔹ဖေဖော်ဝါရီလဆန်းပိုင်းက ပို့ကုန်တင်ပို့မှုဆိုင်ရာ အခက်အခဲများကြောင့် ပြည်တွင်းပဲစျေးကွက် ကျဆင်းသွားသော်လည်း ယခုသီတင်းပတ်တွင် ပို့ကုန်ပဲများ အပါအဝင် အသစ်ဝင်ရောက်လာသည့် ပဲမာလိုင်းစျေးကွက်မှာ အဝယ်သွက်လာပြီး အမျိုးအစားအလိုက် တစ်အိတ်ကျပ် ၅,၀၀၀ မှ ၁၀,၀၀၀ ကျော်ထိဈေးမြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

🔹“ပို့ကုန်ပဲတွေ မတ်ပဲ၊ ပဲစင်းငုံတွေ စျေးပြန်တက်လာတယ်။ ပဲတီစိမ်းကတော့ မန္တလေးစျေးကွက် ရောက်မလာတော့ဘဲ ရန်ကုန်စျေးကွက်မှာသာ အရောင်းအဝယ်ရှိနေပါတယ်။ ပို့ကုန်ပဲတွေကတော့ ပျမ်းမျှတစ်တင်းကျပ် ၄၀,၀၀၀ အထက်ကို ပြန်ရောက်လာပါတယ်။ မတ်ပဲက သုံးတင်းတစ်အိတ်ကျပ် ၁၂၅,၀၀၀ စျေးပြန်ဖြစ်လာသလို ပဲစင်းငုံလည်း တစ်အိတ် ကျပ် ၁၂၅,၀၀၀ -၁၂၇,၀၀၀ အထိ စျေးပြန် တက်လာတယ်။ ပဲမာလိုင်းထဲမှာ အမျိုးအစားအလိုက်စျေးတွေပြန်တက်လာတယ်။ မြေထောက်ပဲဆိုရင် တစ်အိတ် ကျပ် ၁၄၂,၀၀၀ စျေးထိဖြစ်လာတော့ ယခင်ပတ်ထက် ကျပ် ၁၀,၀၀၀ စျေးမြင့် တက်လာတယ်။ပဲယင်းတစ်အိတ်ကို ယခင်တစ်ပတ်က ၈၅,၀၀၀ လောက်ပေါက်စျေးကနေ ဒီနေ့ ၉၈,၀၀၀ ပေါက်စျေးဖြစ်လာတယ်။ နှမ်းနက်ကတော့ စျေးကွက်အတွင်းမှာ ပဲမာလိုင်းတွေ အရောင်းအဝယ် ကောင်းနေတော့ နမ်းနက်က ပေါ်ပြူလာတော့ မဖြစ်တော့ဘူး။ဒါပေမယ့် နှမ်းနက် တစ်အိတ် ကျပ် ၂၁၀,၀၀၀ ပေါက်စျေးကတော့ ငြိမ်နေပါတယ်။ ကုလားပဲအုပ်စုအသစ်တွေလည်း စျေးကျနေရာကနေ တစ်အိတ်ကျပ် ၃,၀၀၀- ၅,၀၀၀ စျေး ပြန်တက်လာပါတယ်။ မြေပဲဆံကတော့ ယခင်အပတ်အတိုင်း အမြင့်စျေးနဲ့ အဝယ်သွက်နေပါတယ်” ဟု ၎င်းကပြောသည်။

🔹ပဲစင်းငုံ၊ မတ်ပဲ ၊ပဲတီစိမ်း🔹

ပြည်တွင်းမှ ပို့ကုန်ပဲများထဲမှ ပဲတီစိမ်းကို အိန္ဒိယနိုင်ငံက ကန့်သတ်ကုန်သတ်မှတ်လိုက်သော်လည်း မတ်ပဲနှင့် ပဲစင်းငုံမှာ ယခင်သီတင်းပတ်ထက် စျေးပြန်မြင့်တက်လာသလို ပေါက်စျေးအတိုင်း အဝယ်ရှိနေပြီး အရောင်းပိုင်းက ထိန်းရောင်းနေကြောင်းသိရသည်။ ဖေဖော်ဝါရီ (၁၆) ရက်က မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် အရည်အသွေးအလိုက် ကျပ် ၁၂၃,၀၀၀ မှ ကျပ် ၁၂၅,၀၀၀ ၊ ပဲစင်းငုံ ပိဿာ (၆၀) ဝင်တစ်အိတ် ကျပ် ၁၂၅,၀၀၀ ထိ ပြန်လည်မြင့်တက်လာသည်။

🔹မြေပဲ ၊နှမ်းနက်🔹

ပြည်တွင်း စားအုန်ဆီဈေး တဖြေးဖြေးမြင့်တက်လာခြင်းနှင့်အတူ မြေပဲဆံစျေးကွက်မှာ ဖေဖော်ဝါရီ လဆန်းပိုင်းရက်များကထဲက မြင့်တက်လာရာက ဖေဖော်ဝါရီ (၁၆) ရက် အထိ စျေးကောင်း အဝယ်အသွက်ဆုံးဖြစ်နေသည်။ မြေပဲဆံ အမျိုးအစားအလိုက် တစ်ပိဿာ ကျပ် (၅၀-၇၅) ကျပ် စျေးမြင့်တက်လာသည်။ နှမ်းနက်မှာမူ အခြား အသစ်ဝင်ပဲမာလိုင်းများ အရောင်းအဝယ် ကောင်းနေသဖြင့် သုံးတင်းတစ်အိတ်ကျပ် ၂၁၀,၀၀၀ ယခင်အတိုင်း စျေးကျဆင်းမှု မရှိသော်လည်း အဝယ်အေးနေသည်။ ဖေဖော်ဝါရီ (၁၆) ရက်တွင် နှမ်းနက်(အလတ်စ) သုံးတင်းဝင် တစ်အိတ်ကျပ် ၁၈၀,၀၀၀-၁၉၅,၀၀၀- ၂၁၀,၀၀၀ စျေးရှိနေသည်။ နှမ်းဖြူသစ်ရိုးရိုးမှာ တစ်အိတ်လျှင် ကျပ် ၁၆၈,၀၀၀-၁၇၀,၀၀၀ ၊ နှမ်းညိုသစ်မှာ ကျပ် ၁၂၇,၀၀၀-၁၃၀,၀၀၀ အသီးသီး ပေါက်ဈေးရှိသည်။

မြေပဲလုံးဆံတွေက တစ်ပိဿာကျပ် ၃,၄၇၅၊ အနီလုံးဆံ တစ်ပိဿာ ကျပ် ၃,၀၅၀ ၊ ပြန့်လုံးဆံ၊ ပြန့်ဆီဆံ တစ်ပိဿာကျပ် ၃,၁၅၀ ပေါက်စျေးထိ ဖြစ်လာသည်။ အသစ်ဝင်ရောက်လာသည့် စွန်တာပြာ တစ်အိတ် ကျပ် ၁၂၀,၀၀၀ ၊ ပဲဇီးကွက် တစ်အိတ်ကျပ် ၁၂၀,၀၀၀၊ နိုင်လွန်ပဲ-ပုဂံပဲ တစ်အိတ် ကျပ် ၁၄၃,၀၀၀၊ ဘိုကိတ်ပဲတစ်အိတ် ကျပ် ၁၄၅,၀၀၀၊ ပဲထောပတ် ရှယ်သစ် တစ်အိတ် ကျပ် ၁၄၀,၀၀၀၊ မြေထောက်ပဲ တစ်အိတ်ကျပ် ၁၄၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၁၈၅,၀၀၀၊ ပြည်တွင်းသုံး ကုလားပဲ (ဗွီးတူး)တစ်အိတ် (၅၇ . ၂၅ ပိဿာ) ကျပ် ၁၁၅,၀၀၀ ပေါက်စျေးရှိရာ ယခင်သီတင်းပတ်ထက် ပဲမာလိုင်း ပဲများ အမျိုးအစားအလိုက် ကျပ် ၅,၀၀၀ မှ ကျပ် ၁၀,၀၀၀ ကျော် စျေးပြန်မြင့်တက်လာသည်။ 

🔹သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

Sources : ရွှေမန်း (The Farmer Myanmar)