menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မတ်ပဲနှင့်ပဲစင်းငုံ စျေးအနည်းငယ်ကျဆင်းပြီး ပဲမာလိုင်းများစျေးကောင်းနေသည့် ပဲမျိုးစုံ ဈေးကွက် အခြေအနေ
🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿
🔸 ပို့ကုန်မတ်ပဲ နှင့် ပဲစင်းငုံကုန်စည်များ ယခုရက်ပိုင်းအတွင်း ဒေါ်လာစျေး မတည်ငြိမ်မှုကြောင့် စျေးအနည်းငယ်ကျဆင်းသွားသော်လည်း အသစ်ဝင်ရောက် လာသည့်ပြည်တွင်းသုံး မြေပဲဆံ ၊စားတော်အပါအဝင် ပဲမာလိုင်းများမှာမူ စျေးကောင်းရနေကြောင်း ပဲ၊နှမ်းကုန်သည်များထံကသိရသည်။
🔸 မတ်ပဲနှင့်ပဲစင်းငုံမှာ ပို့ကုန်လိုင်းတွင် ဝယ်လိုအားပုံမှန်ရှိနေသော်လည်း ဒေါ်လာစျေး အပြောင်းအလဲမြန်ဆန်မှုကြောင့် ပေါက်စျေးအနည်းငယ်ကျဆင်းသွားသည်။ အသစ်ဝင်ရောက်လာသည့် မြေထောက်ပဲ၊ ကျွန်းစားတော်ပဲ အပါအဝင် ပြည်တွင်းသုံး ပဲမာလိုင်းများမှာစျေးကောင်းရပြီး အဝယ်ရှိနေသည်။
🔸 “ပို့ကုန်ပဲတွေကတော့ ဝယ်လိုအားပုံမှန်နဲ့ ထူးခြားမှုမရှိ အရောင်းအဝယ်ဖြစ်နေပါတယ်။ သို့သော်လည်း ငွေစျေး အတက်အကျလှုပ်ခတ်မှုရှိလို့ သုံးတင်းတစ်အိတ်ကျပ် ၃,၀၀၀ လောက် လျော့သွားတယ်။ ပဲစင်းငုံတစ်အိတ် ကျပ် ၁၂၅,၀၀၀ ပေါက်စျေးရှိနေတယ်။ မတ်ပဲဆိုလည်း တစ်အိတ် ကျပ် ၁၃၀,၀၀၀ နဲ့ စျေးတက်မလိုနဲ့ ငွေစျေးကမငြိမ်တော့ စျေးမတက်နိုင်ဖြစ်နေတယ်။ ပို့ကုန်သမားတွေလည်း ငွေစျေးအလှုပ်နဲ့ရောင်းဝယ်မှုမှာ အကျိုးအမြတ်နည်းကြတယ်။ ယခင်သီတင်းပတ်ထက် ပို့ကုန်ပဲစျေးက ငွေစျေးမတည်ငြိမ်တော့ စျေးမတက်နိုင်တဲ့ အခြေအနေဖြစ်နေတာပါ။ ပို့ကုန်ပဲလိုအပ်ချက် သတင်းအချက်အလက်တွေကလည်း ရောင်းသူဝယ်သူကြားမှာ အဝယ်လိုက်ရင် စျေးမြင့်တက်လိုက်၊ အမြင့်စျေးဆို အဝယ်ထိန်းလိုက်နဲ့စျေးတင်းမာမှုလေးတွေ ရှိနေတယ်။ အသစ်ဝင်ကျွန်းစားတော်ပဲတွေကတော့ စျေးကွက်ထဲရောက်လာပြီး တစ်အိတ် ကျပ် ၃၁၀,၀၀၀ ပေါက်စျေးရှိနေတယ်။ အသစ်ဝင်ပဲစျေးကွက်က အရင်သီတင်းပတ်အမြင့်စျေးအတိုင်း ဆက်ရှိနေတယ်။ ပဲနှမ်းစျေးကွက်မှာ ကုန်သည်တွေငွေကြေးလည်ပတ်မှု အခက်အခဲတွေရှိနေတော့ ပမာဏနည်းနည်းချင်း အရောင်းအဝယ်လုပ်နေရတယ်”ဟု မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောကြားသည်။
🔸ပဲစင်းငုံ၊ မတ်ပဲ🔸
ဇန်နဝါရီလဆန်းပိုင်းမှစတင်ကာ ပြည်တွင်းဒေါ်လာစျေးမြင့်တက်လာချိန်များတွင် ဗဟိုဘဏ်မှဒေါ်လာများ လေးကြိမ်ထုတ်ရောင်းကာ ထိန်းကျောင်းမှုကြောင့် ငွေစျေးအပြောင်းအလဲ မြန်ဆန်ကာ ပိုကုန် ပဲစင်းငုံနှင့်မတ်ပဲ ပေါက်စျေးမှာ စျေးအနည်းငယ်ကျဆင်းသွားခဲ့ပြီး သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၃,၀၀၀ ခန့် လျော့ကျခဲ့သည်။ ဇန်နဝါရီလ (၁၉) ရက်နေ့ မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀ ၊ ပဲစင်းငုံမှာ ပိဿာ (၆၀) ဝင် တစ်အိတ်လျှင် ကျပ် ၁၂၄,၀၀၀ ပေါက်ဈေးရှိနေပြီး ရောင်းချမှုလည်း နည်းခဲ့သည်။ ပဲကုန်သည်များ၏ ငွေကြေးလည်ပတ်မှု အခက်အခဲကလည်း ပို့ကုန်ပဲရောင်းဝယ်မှုတွင် ထိခိုက်မှုအနည်းငယ်ရှိနေခြင်းဖြစ်သည်။
🔸နှမ်းနက် ၊ မြေပဲ ၊မြေထောက်ပဲ🔸
နှမ်းနက် ထိပ်စစျေးတွေကတော့ အပြောင်းအလဲမရှိ အဝယ်ကောင်းနေပြီး ဇန်နဝါရီလ (၁၉)ရက်တွင် နှမ်းနက်ထိပ်စ သုံးတင်းဝင်တစ်အိတ် ကျပ် ၂၁၀,၀၀၀ စျေးရှိနေသည်။ အရည်အသွေးအလိုက်အဝယ်ရှိနေရာ သုံးတင်းဝင်တစ်အိတ် ကျပ် (၁၆၀,၀၀၀-၁၇၀,၀၀၀- ၁၈၀,၀၀၀) ပေါက်စျေးရှိနှမ်းနက် အလတ်စများ အရောင်းအဝယ်သွက်နေသည်။ နှမ်းဖြူသစ်ရိုးရိုးမှာ တစ်အိတ်လျှင် ကျပ် (၁၅၅,၀၀၀-၁၆၀,၀၀၀) နှမ်းညိုသစ်မှာ ကျပ် ၁၂၆,၀၀၀ အသီးသီး ပေါက်ဈေးမြင့်တက်လာသည်။
မြေပဲဆံများမှာမူ မြေပဲဆီစျေးမတက်ပေးသော်လည်း ဆီစက်ပိုင်များက ဝယ်လိုအားကောင်းနေသဖြင့် ဇန်နဝါရီလဆန်းထက် တစ်ပိဿာကျပ် ၂၅၀-၃၀၀ ခန့် စျေးမြင့်တက်လာကာ မြေပဲလုံးဆံတစ်ပိဿာ ကျပ် ၃,၃၀၀ခန့် ပေါက်စျေးဖြစ်လာသည်။ လက်ရှိတွင် မြေပဲလုံးဆံနှင့် ဆီဆံ နှစ်မျိုးလုံး ဝယ်လိုအားကောင်းနေပြီး အနီလုံးဆံ တစ်ပိဿာ ကျပ် ၃,၀၀၀ ၊ ဆီဆံ တစ်ပိဿာ ကျပ် ၂,၈၅၀ အသီးသီး ပေါက်စျေးရှိသည်။
မြေထောက်ပဲမှာလည်း စျေးကွက်ထဲ အသစ်ဝင်ရောက်မှုနည်းနေသေးခြင်းကြောင့် အဝယ်ကောင်းသလို စျေးဆက်လက်မြင့်တက်လာရာ တစ်အိတ် ကျပ် ၁၅၀,၀၀၀ စျေးဖြစ်နေသည်။ အထက်ပိုင်း ဧရာဝတီမြစ်ရိုး ထီးချိုင့်နယ်တစ်လျှောက် ပဲထွက်ချိန်ဖြစ်သော်လည်း ဒေသအတွင်းမတည်ငြိမ်မှုများကြောင့် ရိတ်သိမ်းမှုနောက်ကျနေကြောင်း သိရသည်။
🔸 ပဲစျေးကွက်အတွင်းဝင်ရောက်လာသည့် ပို့ကုန်ပဲများ အနည်းငယ်စျေးကျဆင်းသွားသော်လည်း အသစ်ဝင်ရောက်လာသည့် စွန်တာပြာ တစ်အိတ် ကျပ် ၁၃၅,၀၀၀ ၊ ပဲဇီးကွက် တစ်အိတ်ကျပ် ၁၅၀,၀၀၀၊ နိုင်လွန်ပဲ-ပုဂံပဲ တစ်အိတ် ကျပ် ၁၄၀,၀၀၀၊ ဘိုကိတ်ပဲတစ်အိတ် ကျပ် ၁၅၅,၀၀၀၊ ပဲထောပတ် ရှယ်သစ် တစ်အိတ် ကျပ် ၁၆၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၃၁၀,၀၀၀ ဈေးရှိနေသည်။
🔸 ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ အသစ်ဝင်ရောက်မှုမရှိသေးသဖြင့်အဟောင်းစျေးကွက်တွင် အမြင့်စျေးအတိုင်း ဆက်လက်ရှိနေသည်။
🔸 သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (The Farmer Media)