menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မတ်ပဲစျေး အနည်းငယ်ပြန်ကျဆင်း
🍃🌱🍃🌱🍃🌱🍃🌱🍃🌱🍃
◾️ယခင်သီတင်းပတ်ကာလက ဧရာဝတီမတ်ပဲသည် တစ်တင်းလျှင် ကျပ် ၆၇,၀၀၀-၇၀,၀၀၀ ဝန်းကျင်ထိစျေးမြင့်တက်လာခဲ့ပြီး ယခုသီတင်းပတ်အတွင်း (၄) ရက်နေ့မှစတင်ပြီးစျေးအနည်းငယ် ပြန်ကျသွားသည်။ အောက်တိုဘာလ (၁) ရက်နေ့တွင် တစ်တင်းလျှင် ကျပ် ၆၁,၅၀၀၊(၂) ရက်နေ့တွင် ကျပ် ၆၃,၅၀၀-၆၄,၀၀၀၊(၃) ရက်နေ့တွင် ကျပ် ၆၄,၀၀၀-၆၄,၅၀၀၊ (၄) ရက်နေ့တွင် ကျပ် ၅၉,၅၀၀-၆၀,၀၀၀၊ (၅)ရက်နေ့တွင် ကျပ် ၅၂,၀၀၀-၅၂,၅၀၀၊ (၆) ရက်နေ့တွင် ကျပ် ၅၄,၀၀၀-၅၄,၅၀၀ အသီးသီးဖြစ်သည်။
◾️ယခင်ဖော်ပြဖူးသကဲ့သို့ပင် မတ်ပဲနှင့် ပဲမျိုးစုံ စျေးအတက်အကျသည် ဒေါ်လာစျေး အတက်အကျ ပေါ်တွင်အဓိကမူတည်နေသည်။ မတ်ပဲ တစ်တင်း ကျပ် ၇၀,၀၀၀ ဝန်းကျင်စျေးပေါက်သည့် ရက်များတွင် ဒေါ်လာငွေပြင်ပပေါက်စျေး ၂,၇၀၀ ဝန်းကျင်ဖြစ်ပြီး ယခုရက်ပိုင်းအတွင်း ဒေါ်လာစျေး ၂,၀၀၀ ဝန်းကျင်သို့ပြန်ကျဆင်းသွားသဖြင့် မတ်ပဲစျေးနှုန်းများပြန်လည်ကျဆင်းခြင်းဖြစ်သည်။
◾️လွန်ခဲ့သောနှစ်များအတွင်း အိမ်နီးချင်းနိုင်ငံ၏ ပဲလိုအပ်ချက်များပြားခဲ့သော ကာလများတွင် မတ်ပဲ FOB ပေါက်စျေးအမြင့်ဖြင့် ဝယ်ယူတင်သွင်းခဲ့ရပြီး ယခုနှစ်တွင်လည်း FOB ပေါက်စျေးမြင့်လာနိုင်ချေရှိသဖြင့် မတ်ပဲစျေးအနည်းငယ် ပြန်တက်လာနိုင်ချေရှိကြောင်းခန့်မှန်းရသည်။
◾️အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ တန်ချိန် ၁၂ သိန်းခန့်တင်သွင်းခဲ့ပြီး ဆီထွက်သီးနှံ ဝယ်ယူတင်သွင်းမှုမှာ ပုံမှန်ဖြစ်သော်လည်း ပဲမျိုးစုံတန်ချိန် 7-8 သိန်းသာဝယ်ယူနိုင်ခဲ့သည်။ ပဲစဥ်းငုံ၊ ပဲတီစိမ်း၊ မတ်ပဲ နှင့် ပဲရာဇာ တို့သည် လိုအပ်သည့်ပမာဏ မပြည့်မီသေးသဖြင့် ထပ်မံဝယ်ယူတင်သွင်း ရန် လိုအပ်နေသေးကြောင်း IGrain India ကဖော်ပြထားသည်။
◾️မတ်ပဲဈေးကွက်သတင်းများကို သိရှိနိုင်ပါရန် ဖော်ပြအပ်ပါသည်။
Credit to : ဧရာကုန်သွယ်မှုဗဟိုဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့
6-10-2021