menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မတ်ပဲစျေး ကျဆင်းနေသော်လည်း ပဲစင်းငုံ ဈေးမာနေ
🫘🫘🫘🫘🫘🫘🫘🫘🫘🫘
⏩ပြည်ပသို့ အဓိကတင်ပို့နေသည့်မတ်ပဲမှာ ၁၀ရာခိုင်နှုန်းခန့် ဈေးပြန်ကျဆင်းသွားကြောင်း ပဲကုန်သည်များထံမှ သိရသည်။ ပြည်တွင်းပဲများအား အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး လက်ရှိ အဆိုပါနိုင်ငံတွင် မတ်ပဲအထွက်နှုန်း များနေခြင်းကြောင့် စျေးနှုန်းများကျနေခြင်းဖြစ်ကာ ပဲစင်းငုံ မှာ လိုအပ်ချက်ရှိနေခြင်းအပြင် မြန်မာနိုင်ငံတွင်လည်း လက်ကျန်နည်းနေပြီဖြစ်၍ စျေးမာနေခြင်း ဖြစ်ကြောင်းကုန်သည်များက သုံသပ်ကြသည်။
⏩“ပဲစင်းငုံ လိုအပ်ချက်ရှိလို့ ဈေးတက်တယ်။ မတ်ပဲက အိန္ဒိယမှာ မနှစ်ကထက်စိုက်ဧကပိုတယ် ဒါကြောင့် မတ်ပဲကစျေးအေးတယ်။ ပုံမှန်ထက် ၁၀ရာခိုင်နှုန်း အထိကျတယ်။ ပဲစင်းငုံက ၅ ရာခိုင်နှုန်းလောက် တက်တယ်လို့ပြောလို့ရတယ်။ ပဲတီစိမ်းကတော့ မန္တလေးက တစ်ပေါက်ပဲရှိတော့ မလိုက်နိုင်ဘူး။ ရန်ကုန်ဘက်က ၁,၈၅၀ ငွေစျေး သက်မှတ်ထားတော့ ဟိုကပေးတဲ့စျေးနဲ့အဆင်မပြေဘူး” ဟု အောင်လံမြို့မှ ပဲကုန်သည် ဦးအောင်မိုးကပြောသည်။
⏩ယခင် ပြည်တွင်း၌ မတ်ပဲတစ်တန်လျင် ၁၆သိန်းထိရှိခဲ့ရာမှ လက်ရှိ ၁,၅၃၀,၀၀၀ ခန့်သာရှိတော့ကြောင်း သိရပြီး ပဲစင်းငုံတစ်တန် လျှင် ၁၄သိန်းခွဲ မှ ၁၄သိန်းခွဲ ပတ်ဝန်းကျင်အထိ မြင့်တက်လားကြောင်း သိရသည်။ ဈေးနှုန်းများမှာ နေရာဒေသအပေါ်မူတည်ကာ တစ်နေရာနှင့်တစ်နေရာ စျေးနှုန်း အပြောင်းအလဲများ ရှိနိုင်ကြောင်းသိရသည်။
⏩“တင်ပို့မှုအခြေအနေကတော့ရှိပါတယ်။ ငွေဈေး ၁,၈၅၀သတ်မှတ်ထားတော့ ဒီကနေ ပစ္စည်းက သိပ်မရှိတော့မရောင်းနိုင်ကြဘူး။ ဒါပေမဲ့ ဒေါ်လာတိုးလာပြီး မနေ့က ၇၈၀ ပေးတယ်။ အရင်က ၇၆၀ ပေးတာ ဒေါ်လာ ၂၀လောက်ထပ်တိုးပေးလာတယ်။ ၈၀၀လောက်တော့ ဖြစ်နိုင်မှာပါ။ ထပ်တိုးလိုက် တော့ ဒေါ်လာငွေစျေး နည်းနည်း တက်သွားတာပေါ့” ဟု ပဲကုန်သည် တစ်ဦးကပြောသည်။ ယင်းအပြင် ပြည်ပမှ ဝင်ရောက်သည့် နိုင်ငံခြားငွေများကို ၁ ဒေါ်လာ ၁,၈၅၀ ကျပ်နှုန်းဖြင့် တစ်ရက်အတွင်း မြန်မာ ငွေလဲလှယ်ရမည် ဟု ဗဟိုဘဏ်၏ ညွှန်ကြားချက်ကြောင့် Export လုပ်နေသည့် ကုန်သည်များ တင်ပို့ သည့်လုပ်ငန်းများ အဟန့်အတားများ ဖြစ်ပေါ်နေသည့်အတွက် စျေးကွက်မှာ ငြိမ်နေခြင်းဖြစ်ကြောင်း လည်း ကုန်သည်များက ဆိုသည်။
⏩လက်ရှိ ပြည်တွင်း စားသုံးနေသည့် ပဲကြီးစျေးမှာ ၇သောင်း ပတ်ဝန်းကျင် နှင့် ကုလားပဲစျေးများမှာ ၅သောင်း အထက်တွင်ရှိ၍ စျေးနှုန်းခိုင်မာမှုရှိကာ အရောင်းဝယ်ကောင်းကြောင်း သိရသည်။ လက်ရှိ ပြည်တွင်း၌လည်း မတ်ပဲလက်ကျန်မှာ ခန့်မှန်းခြေ တန်ချိန် ၃သိန်းကျော် သာကျန်တော့မည် ဖြစ်ပြီး ပဲစင်းငုံမှာလက်ကျန် တန်ချိန်တစ်သိန်းခန့်တောင် ကျန်တော့မည်မဟုတ်ကြောင်း သုံးသပ်ကြသည်။
⏩နောက်ပိုင်းပဲစျေးကွက်တွင် မတ်ပဲမှာ စျေးကွက်အေးနိုင်ပြီး ပဲစင်းငုံမှာ ထပ်မံတက်လာကာ အရောင်းအဝယ် ပိုဖြစ်နိုင်ကြောင်း ကုန်သည်အချို့က သုံးသပ်ကြသည်။ မြန်မာနိုင်ငံမှ ပဲများကို အိန္ဒိယနိုင်ငံသို့ ၇၅ ရာခိုင်နှုန်းအထိ တင်ပို့နေပြီး သီရိလင်္ကာ၊ နီပေါ၊ မလေးရှား၊ ထိုင်းနှင့် UAE နိုင်ငံများ ကိုလည်း ပဲမျိုးစုံတင်ပို့နေကြောင်းသိရသည်။
⏩သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ (AMIA)