menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ခရမ်းချဉ်သီးအထွက်နှုန်းကျဆင်းခြင်းကြောင့် ဆယ်စုနှစ်အတွင်း အမြင့်ဆုံးဈေးနှုန်းရောက်ရှိ
🌿🍅🌿🍅🌿🍅🌿🍅🌿🍅🌿🍅🌿
▪️ရှမ်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်းတွင်ရာသီဥတုဖောက်ပြန်ကာအထွက်နှုန်းသိသိသာသာကျဆင်းခြင်းကြောင့် ခရမ်းချဉ်သီးဈေးနှုန်းမှာ ဆယ်စုနှစ်အတွင်းအမြင့်ဆုံးဈေးနှုန်းသို့ရောက်ရှိလာကြောင်း မန္တလေးမြို့၊ကိုင်းတန်းဈေးရှိကုန်စိမ်းရောင်းသူများထံမှသိရသည်။ ယခင်က ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိသာလျှင် ကျပ် ၁,၀၀၀အထိသာအမြင့်ဆုံးဈေးနှုန်းရှိခဲ့ပြီး လက်ရှိတွင်ကျပ် ၁,၆၀၀ မှ ၁,၇၀၀ အထိ သိသိသာသာမြင့်တက်လာကြောင်း၊ ဝယ်လိုအားလည်းသိသိသာသာ ကောင်းမွန်လျှက်ရှိကြောင်း သိရသည်။
▪️“ရှမ်းတောင်နဲ့ရှမ်းမြောက်ကပဲထွက်နေတာရယ်၊ အဲဒီဒေသတွေမှာမိုးခေါင်တဲ့အတွက်တောင်သူတွေက စိုက်ပျိုးမှုကိုလျှော့ချလိုက်တဲ့အတွက်အထွက်နှုန်းကသိသိသာသာကျဆင်းခဲ့တယ်။ အဲဒါကြောင့် ဝယ်လိုအားနဲ့ရောင်းလိုအားမမျှတော့ဘဲ ဈေးနှုန်းတွေကအခုလိုတက်လာတာဖြစ်တယ်။ဈေးနှုန်းကတော့ ကျွန်တော်သိသလောက်ဆိုရင်ဆယ်စုနှစ်အတွင်းအမြင့်ဆုံးဈေးနှုန်းလို့ပြောလို့ရတယ်” ဟု ခရမ်းချဉ်စိုက် တောင်သူ ဦးဝင်းထွန်းကပြောသည်။
▪️လက်ရှိတွင်ခရမ်းချဉ်သီးစတင်ပေါ်ချိန်ဖြစ်သည့်အတွက်ဈေးနှုန်းကောင်းနေခြင်းဖြစ်ပြီး အထွက်နှုန်း ကျနေသည့်အတွက်ပါ ဈေးကောင်းနေခြင်းဖြစ်ကြောင်း ကိုင်းတန်းဈေးတွင်ဖွင့်လှစ်ထားသည့်ကုန်စိမ်း ပွဲရုံပိုင်ရှင် ဦးအောင်ကျော်မိုး ကပြောသည်။ “နယ်ပေါင်းစုံကထွက်လာရင်တော့ဈေးကကျသွားမှာပါ။ နောက်ပိုင်းဆိုရင်အနယ်နယ်အရပ်ရပ်ကထွက်လာတော့မှာဖြစ်တဲ့အတွက်ဒီဈေးနှုန်းမျိုးတော့ရရှိမှာ မဟုတ်တော့ဘူး” ဟု၎င်းကပြောသည်။
▪️ဈေးကွက်အတွင်းခရမ်းချဉ်သီးလက်လီဈေးနှုန်းအဖြစ် ဇူလိုင်လက(၂၅)ကျပ်သားလျှင်ကျပ် ၃၀၀ အထိ အမြင့်ဆုံးဈေးရှိခဲ့ပြီး ယခုအခါ ကျပ် ၅၀၀ မှ ၆၅၀ အထိရှိနေကြောင်းသိရသည်။
▪️ယမန်နှစ်ကစိုက်ပျိုးမှုများပြားပြီးအထွက်နှုန်းများခဲ့ခြင်းကြောင့်တစ်ပိဿာလျှင် ကျပ် ၂၀၀ အထိကျဆင်း ခဲ့ဖူးပြီး အဆိုပါဈေးနှုန်းမှာခူးဆွတ်ရန်အလုပ်သမားစရိတ်ပင်မရသဖြင့် မခူးဆွတ်တော့သည့်အခြေအနေ အထိဖြစ်ပေါ်ခဲ့ဖူးသည်။ ယမန်နှစ်ကအရှုံးပေါ်ခဲ့ခြင်းကြောင့်ယခုနှစ်တွင်စိုက်ပျိုးမှုနည်းသည့်အပြင် ရာသီဥတုဖောက်ပြန်ခြင်းကြောင့် အထွက်နှုန်းကျဆင်းနေသဖြင့်ဈေးကောင်းခြင်းဖြစ်ပြီးဈေးနှုန်း သိသိ သာသာကျဆင်းနိုင်ခြေနည်းပါးကြောင်း ခရမ်းချဉ်စိုက်တောင်သူများကပြောသည်။
မျိုးသန့်
မြန်မာတောင်သူကြီးများဂျာနယ်