menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
မူဝါဒအပြောင်းအလဲများ နှင့် ပြောင်းဈေးကွက်အခြေအနေ
🌽🌽🌽🌽🌽🌽🌽🌽🌽🌽
✔️ ပြည်ပသို့ နယ်စပ်မှတဆင့်ပြောင်းတင်ပို့ရာတွင် မလိုအပ်သည့်မူဝါဒများချမှတ်ထားခြင်းကြောင့် စျေးကွက်မတည်မငြိမ်ဖြစ်ကာ စျေးနှုန်းများပြန်ကျဆင်းလာခြင်းဖြစ်ကြောင်း ပြောင်းလုပ်ငန်းရှင်များထံ မှ သိရသည်။
✔️ အဓိကငွေကြေးတန်ဖိုး အပြောင်းအလဲများနှင့် Logistics costများ မတည်ငြိမ်သောကြောင့် စျေးနှုန်း ကျဆင်းသွားခြင်းဖြစ်ကြောင်းသိရသည်။ “အဓိက စျေးကျသွားတာက မူဝါဒတွေကြောင့် logistics ဖိုးတွေ မလိုအပ်ပဲကုန်တာရယ်၊ ငွေကြေးမူဝါဒအပြောင်းအလဲရှိတာတွေရယ်၊ ငွေကြေးမူဝါဒဆို အခုတမျိုး တော်ကြာတမျိုး ဖြစ်နေတယ်၊ အဓိကက မြန်မာငွေပြန်မာသွားတဲ့အခြေအနေတွေ ပေါင်းစုံသွားတာ၊ ဝယ်လိုအားကျသွားတာမဟုတ်ဘူးတဲ့အတွက် စျေးကျသွားတာခဏလေးလို့ ယူဆတယ်၊ အဓိက ဈေးကွက်မတည်ငြိမ်လို့” ဟု ပြောင်းတင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
✔️ ယခင် ရန်ကုန်စက်ရုံစျေး တစ်ပိဿာလျှင် ၁,၃၅၀ ကျပ်ထိ ရှိခဲ့ရာမှ လက်ရှိ တစ်ပိဿလျှင် ၁,၂၆၀ ခန့်ထိ ကျဆင်းသွားကြောင်း သိရသည်။ လက်ရှိ ဒေသအလိုက် စျေးနှုန်းအပြောင်းအလဲ အတက်အကျများ ရှိနေကြောင်း ပြောင်းလုပ်ငန်းရှင်းများက ဆိုသည်။ ပြည်ပပြောင်းတင်ပို့ရာတွင်လည်း လက်ရှိ ပင်လယ်ရေကြောင်းမှအနည်းငယ်သာရှိပြီး အဓိက ထိုင်းနယ်စပ်ဘက်သို့သာ အဓိကတင်ပို့နေကြောင်း သိရသည်။
✔️ “အဓိက လက်ရှိ ထိုင်းဘက်က ကြိုက်ရောင်းကြိုက်ဝယ်တွေဖြစ်နေတယ်။ ထိုင်းနယ်စပ်ဘက်က FOB လို စျေးမငြိမ်ဘူး။ Grade နဲ့ သွားတာ Grade A၊ Grade B ဆိုပြီးသွားတာ။ တချို့ကြ တစ်ကီလိုကို ၉ဘတ်ကျော် ပေါက်စျေးရှိတယ်။ လက်ရှိ ပြည်ပကိုထွက်တာ FOB နဲ့ သိပ်မထွက်ဘူး။ အဓိက အများကြီးထွက်တာက Borderဘက်က ထွက်နေတာပါ။ FOB က တချို့ မလိုအပ်တဲ့ ကုန်ကျစရိတ်တွေ သိပ်ကုန်စရာမရှိတော့ နယ်စပ်ထက်မဆိုးဘူးပြောရတယ်” ဟု ပြောင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ လက်ရှိ Border Trade ဖြင့်သာ တင်ပို့မှုများနေခြင်းကြောင့် FOB စျေးနှုန်းမှာ စျေးငြိမ်နေပြီး FOBစျေး နှုန်း ပြောင်းတစ်တန်လျှင် ၃၄၀ဒေါ်လာဝန်းကျင်ခန့် ပေါက်စျေးအထိရှိကြောင်းသိရသည်။
✔️ လက်ရှိ မူဝါဒမတည်ငြိမ်သေး၍သာ စျေးကျဆင်းနေခြင်းဖြစ်ကြောင်းသုံးသပ်ကြပြီး ပြည်ပနိုင်ငံ တော်တော်များများ ပြောင်းလိုအပ်မှုများရှိနေဦးမည်ဖြစ်၍ ပြောင်းစျေးမှာ ပြန်တက်လာဦး မည်ဖြစ်ကြောင်း ပြောင်းလုပ်ငန်းရှင်များကသုံးသပ်ကြသည်။ ပြောင်းစေ့များကို ထိုင်းနိုင်ငံ ကုန်သွယ်ရေးမူအရ နှစ်စဥ် ဖေဖော်ဝါရီလ(၁)ရက်ကနေ မှ သြဂုတ် (၃၁)ရက် အထိကို အကောက်ခွန်သက်သာခွင့် သုညရာခိုင်နှုန်းဖြင့် ပြန်လည်တင်သွင်းခွင့်ရရှိနေခြင်းကြောင့် မြ၀တီနယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပြောင်းဆန်များကို စတင် တင်ပို့နေခြင်းဖြစ် ကြောင်းသိရသည်။
✔️ ပြီးခဲ့သည့်နှစ်များက နယ်စပ်ဂိတ်မှ တစ်နေ့လျှင်ပြောင်းကားအစီးရေ ၂၀၀ နှင့် ၃၀၀ ကြား တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်မှာတော့ ခန့်မှန်း၍မရကြောင်းသိရသည်။ နှစ်စဉ် ပြည်တွင်းမှာ စိုက်ပျိုးထုတ်လုပ်သည့်ပြောင်းတန်ချိန် တစ်နှစ်ကို ၂သန်းခွဲ၀န်းကျင်ရှိကြောင်းသိရပြီး ထိုင်း နှင့်တရုတ်သို့အဓိကတင်ပို့ကာ ပင်လယ်ရေကြောင်းမှတဆင့် Normal Trade အနေဖြင့် အိန္ဒိယ နှင့်ဗီယမ်နမ် ဘက်သို့အနည်းငယ်သာ တင်ပို့နေကြောင်းလည်းသိရသည်။
✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ(AMIA)