menu

မုံရွာမြို့တွင် ဆောင်းရာသီအထူးအရောင်းပွဲတော်ကျင်းပ။

location_onမုံရွာမြို့
date_rangeNov 08, 2019
access_time08:00 AM
၈.၁၁.၂၀၁၉ နေ့  
နံနက် ၈ နာရီ  
မုံရွာမြို့။  

ဝိစာရ အင်တာနေရှင် ကုမ္ပဏီလီမိတက်နှင့် ရောင်ခြည်ဦးစိုက်ပျိုးရေးဆေးဆိုင်(မုံရွာ) တို့ပူပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် မုံရွာမြို့ မြစန္ဒာခန်းမတွင်ကြက်သွန်စိုက်‌‌တောင်သူဦးကြီးများအား ဆောင်းရာသီအထူးအရောင်းပွဲတော် ကျင်းပပြုလုပ်ခဲ့ပါသည်။  

ကျေးရွာပေါင်း (၁၁) ရွာမှ တောင်သူ (၂၁၄) ဦးတက်ရောက် အားပေးခဲ့ပါသည်။  

တက်ရောက်ဝယ်ယူအားပေးကြသော တောင်သူဦးကြီးများကိုဒံပေါက်ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပြီး တောင်သူသုံးပစ္စည်းများဖြင့် ဗလာမပါ ကံစမ်းမဲ များ ဖောက်၍ ကံစမ်းစေခဲ့ပါသည်။  

အဆိုပါ‌ဆောင်းရာသီ အထူးဈေးရောင်းပွဲတော်ကို နေ့လည် ၁၂ နာရီ အချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း မှတ်တမ်းတင် အပ်ပါသည်။  

ဝိစာရ မိသားစု (စစ်ကိုင်း - ၁)

  • တိုင်းမန်နေဂျာ၊ ကိုသိန်းဗိုလ်၊ ပေးပို့ပါသည်။