menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“မူဆယ်(ကျင်ဆန်းကျော့)နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ကုန်သွယ်မှု ပြန်လည်မြင့်တက်လာ”
➖🔸➖🔸➖🔸➖🔸➖🔸➖
🔸မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုတွင် မူဆယ် (ကျင်စန်းကျော့ဂိတ်)မှ အစားထိုးယာဉ်မောင်း (ရှန်တိန်စနစ်)ဖြင့် ကုန်တင်ယာဉ်များ အပြန်အလှန်ဝင်ထွက်ခွင့်ပြုလိုက်သည့် မေ (၁၆) ရက်နောက်ပိုင်း ကုန်သွယ်မှု ပြန်လည်မြင့်တက်လာသည်ဟု နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်အချို့ထံက သိရသည်။
🔸တရုတ်- မြန်မာနယ်စပ်တွင် တစ်ရက်လျှင် နှစ်နိုင်ငံဘက်မှ ကုန်တင်ယာဉ်အစီးရေ ၁၅၀ ခန့် အဝင်အထွက်ရှိသည်ဟု ဆိုသည်။
🔸"ဝမ်တိန်-မန်မိုင်(ကျင်ဆန်းကျော့)အကောက်ခွန်က မနက်(၉)နာရီကနေ ည(၈)နာရီအထိ ဝင်ထွက်မှုပိုမိုမြန်ဆန်အောင် Export/Import ကုန်ကားတွေကို နားချိန်မရှိ စစ်ဆေးဆောင်ရွက် ပေးမယ်လို့ တရုတ်က ထုတ်ပြန်ခဲ့တယ်။ ကြယ်ခေါင်မှာ ပိတ်မိနေသောကုန်စည်တွေလည်း ပြန်ထုတ်နိုင်ဖို့ လုပ်ပေးတယ်"ဟု မူဆယ်(၁၀၅)မိုင်ရှိ ခွာညိုသီးနှံရောင်းဝယ်ရေးမှ ဦးစိုင်းခင်မောင်က ပြောသည်။
🔸ကျင်စန်းကျော့ဂိတ်မှတစ်ဆင့် မေ (၁၆) ရက်နောက်ပိုင်း တစ်ရက်လျှင် ကုန်တင်ယာဉ်အစီးရေ (၈၀) ခန့်ဖြင့် မြန်မာဘက်မှ ဆန်၊ဆန်ကွဲစသည့် လယ်ယာနှင့် သီးနှံထွက်ကုန်ကားအစီးရေ (၇၀) ကျော်ခန့်နှင့် တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးနှင့် လူသုံးကုန်ပစ္စည်းတင် ကုန်တင်ယာဉ် အစီးရေ ၇၀ကျော် ပေါင်း ၁၅၀ ကျော်ခန့်ရှိကြောင်း ကုန်တင်ယာဉ်လုပ်ငန်ရှင်များအသင်း(မူဆယ်)မှ သိရသည်။
🔸မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အပြန်အလှန်ကုန်သွယ်မှုမှာ ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် ပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၅,၄၂၀ ဒသမ ၀၅၂ နှင့် သွင်းကုန် အမေရိကန်ဒေါ်လာသန်း ၆,၇၂၉ ဒသမ ၁၇၄ ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကိုဗစ်-၁၉ ၏ သက်ရောက်မှုများကြောင့် အမေရိကန် ဒေါ်လာသန်း ၅,၁၆၀ ဒသမ ၈၂၅ နှင့် သွင်းကုန် အမေရိကန်ဒေါ်လာ သန်း ၄,၆၄၇ ဒသမ ၀၉၆ ဖြစ်ကြောင်း သိရသည်။
Sources : ရွှေမန်း