menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဆန်၊ စပါး စျေးကွက်သတင်း .....
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
⏭ပြီးခဲ့သည့်ဇူလိုင်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှု မက်ထရစ်တန် ၁၈၀,၀၀၀ ကျော် ရှိကြောင်း သိရသည်။
⏭ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်သည့် ဆန်နှင့် ဆန်ကွဲများကို ပြည်ပသို့ နယ်စပ်နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုဖြင့် တင်ပို့ရောင်းချလျက်ရှိရာ ဇူလိုင်လတွင် မက်ထရစ်တန်ပေါင်း ၁၈၂,၅၅၀ တင်ပို့နိုင် ခဲ့သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြည်ပသို့ ဆန်တင်ပို့ နေသည့် ကုမ္ပဏီပေါင်း (၄၃) ခုက ဆန် ၁၂၃,၆၁၃ မက်ထရစ်တန်နှင့် ဆန်ကွဲ ၅၈,၉၃၇ မက်ထရစ်တန် တင်ပို့ခဲ့ခြင်းဖြစ်သည်။
⏭“Export ဆန်နဲ့ဆန်ကွဲ အမျိုးအစားက ပြည်တွင်းစားသုံးနေတဲ့ အမျိုးအစားအနည်းငယ်ပဲပါတယ်။ ပြည်တွင်းမှာ တိရစ္ဆာန်အစာ၊ အဖျော်ယမကာနဲ့ အရက်ချက်ဖို့ အများစုဝယ်ကြတာ။ ပို့ကုန်မူဝါဒတွေနဲ့ ခွင့်ပြုမှု အကန့်အသတ်တွေကြောင့် Export လောကမှာ အခက်အခဲရှိလာတာ။ ပြည်တွင်းမှာ ပိုလျှံတာကြောင့် Export သာမလုပ်နိုင်ရင် တောင်သူတွေ၊ စက်သမားနဲ့ အလုပ်သမားတွေ ထိခိုက်မှု ပိုများနိုင်တယ်”ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။
⏭“ပြည်ပပို့တာက ပြည်တွင်းစားသုံးတဲ့ ဆန်အနည်းအကျဉ်းသာဖြစ်လို့ ပြည်တွင်း စားသုံးသူဈေးကွက်ကို မထိခိုက်နိုင်ဘူး။ Export ဈေးကောင်းရင် တောင်သူတွေအတွက်အဆင်ပြေမယ်။ လက်ရှိမှာ စိုက်ပျိုးရေး သွင်းအားစုဈေးတွေက နှစ်ဆကျော်တက်နေသလို စက်သုံးဆီဈေး၊ လုပ်အားခ စသဖြင့် မြင့်တက်တာ တွေကို တောင်သူတွေ ကြုံတွေ့နေရတယ်”ဟု ဆန်စပါးကုန်သည် တစ်ဦးက ပြောသည်။
⏭တင်ပို့ခဲ့မှုတွင် ပင်လယ်ရေကြောင်းမှ ၁၄၇,၁၂၀ မက်ထရစ်တန်နှင့် နယ်စပ်လမ်းကြောင်းမှ ၃၅,၄၃၀ မက်ထရစ်တန်ပါဝင်ပြီး တရုတ်နိုင်ငံသို့ ၃၇,၉၈၇ တန်၊ ဖိလစ်ပိုင်နိုင်ငံသို့ ၂၅,၃၈၄ တန်၊ စပိန်နိုင်ငံသို့ ၂၀,၅၀၀ တန်၊ အီတလီနိုင်ငံသို့ ၁၈,၈၃၃ တန်နှင့် နယ်သာလန်နိုင်ငံသို့ ၈,၅၅၀ တန်ဖြစ်ပြီး ဆန်ကွဲကိုမူ ဘယ်ဂျီယံနိုင်ငံသို့ ၂၄,၇၅၀ တန်၊ တရုတ်နိုင်ငံသို့ ၂၄,၁၈၇ တန်နှင့် စပိန်နိုင်ငံသို့ တန် ၁,၀၀၀ တင်ပို့ခဲ့ကြောင်း သိရသည်။
⏭ဆန်၊ စပါးဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း