menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
နှမ်း နှင့် မြေပဲ အဝယ်ရှိနေသော်လည်း အိန္ဒိယပို့ကုန်ပဲများ စျေးကွက်ကျဆင်းနေ
🌿🍃🌽🥜🍃🌿🍃🥜🌽🍃🌿
⏭တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတင်ပို့နိုင်ရန် နှမ်း ၊ မြေပဲ ကုန်သည်များအဝယ်ရှိ နေသော်လည်း အိန္ဒိယပို့ကုန်ပဲများ လက်ကျန်နည်းလာသဖြင့်စျေးကွက် ကျဆင်းနေကြောင်း ကုန်သည်များထံက သိရသည်။
⏭နိုဝင်ဘာလဆန်းပိုင်းတွင် အိန္ဒိယပို့ကုန်ပဲများဖြစ်သည့် ပဲစဉ်းငုံ ၊ မတ်ပဲ၊ ပဲတီစိမ်းစျေးကွက်များမှာ လက်ကျန်နည်းလာခြင်းနှင့်အတူ ဈေးကွက်မရှိသလောက်ဖြစ်ကာ အရောင်းအဝယ်နည်းသွား သော်လည်း တရုတ်နိုင်ငံသို့တင်ပို့နိုင်ရန် နှမ်းနက်နှင့် မြေပဲမှာ ပေါက်စျေးအတိုင်း အရောင်းအဝယ် ပြန်သွက်လာကြောင်း နှမ်းနက်မှာ အက်စစ်တိုင်းတာမှုပင်မရှိတော့ဘဲ အောက်စအရည်အသွေး နှမ်းနက်များမှာပင် စျေးကောင်းရရှိလာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ) က ပြောသည်။
⏭“ပို့ကုန်ပဲနှမ်းစျေးကွက် နှစ်ပတ်ဆက်တိုက်အေးနေပေမယ့် နှမ်းနက်နဲ့မြေပဲကတော့ တရုတ်လိုင်းတင်ပို့ဖို့ ရှိလို့အဝယ်သွက်နေပါတယ်။ နှမ်းနက်ဆိုရင် ယခင်အောက်စနှမ်းနက်တွေတောင် အက်စစ်မတိုင်းဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း အရည်အသွေးအလိုက်အဝယ်လိုက်နေတယ်။ မြေပဲဆံလည်း ပြည်တွင်း ဆီစက်တွေနဲ့ ထိပ်စအထားခံတဲ့ မြေပဲဆံတွေ စျေးအကောင်းကြီးမဟုတ်ပေမယ့် အရောင်းအဝယ် ကောင်းနေတယ်။ အိန္ဒိယလိုင်း ပို့ကုန်ပဲတွေကတော့ လက်ကျန်လည်းမရှိတော့ စျေးကွက်လည်း ပျောက်တဲ့ကာလပါ။ ပြည်တွင်းဒေါ်လာစျေးမြင့်တက်လို့ ပို့ကုန်စျေးကောင်းရခဲ့သလို ဒေါ်လာစျေးကျဆင်းတော့လည်း လိုက်ပါကျဆင်းတဲ့ သဘောပါ” ဟု ၎င်းကပြောသည်။
နှမ်းနက်
-------
နှမ်းနက်အဝင်များသည့် သီတင်းကျွတ်ကာလများတွင် ထိပ်စအက်စစ်လွတ်နှမ်းနက်များသာ စျေးကောင်းရရှိခဲ့သော်လည်း အဝင်နည်းလာသည့်အချိန်နှင့် တရုတ်နိုင်ငံသို့တင်ပို့ရန် လိုအပ်ချိန် ဖြစ်တာကြောင့် ယခင် အောက်စအက်စစ်မလွတ်သည့် နှမ်းနက်များပင် စျေးကောင်းရ အဝယ်သွက်လာသည်။ သို့သော် ဒေါ်လာပေါက်ဈေးကျဆင်းသဖြင့် နိုဝင်ဘာ ၂ ရက်နေ့တွင် နှမ်းနက် ထိပ်စ ၄၅ပိဿာ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၂၂၅,၀၀၀ သာပေါက်စျေးရှိတော့သည်။ သို့သော် ထိပ်စနှမ်းအရည်အသွေးနည်းလာသဖြင့် အလတ်စနှင့် အောက်စနှမ်းများ အက်စစ်တိုင်းတာ ခြင်း မရှိတော့ဘဲ အဝယ်သွက်နေသည်။ နှမ်းနက်စမုံမှာ အရည်အသွေးအလိုက် တစ်အိတ် ကျပ် ၁၃၅,၀၀၀ မှ ၂၂၅,၀၀၀ စျေးဖြင့် အမျိုးအစားအလိုက်အဝယ်ရှိနေသည်။ နှမ်းဖြူသစ်ဂျပန်မှာ တစ်အိတ်လျှင် ကျပ် ၁၆၀,၀၀၀ ၊ နှမ်းဖြူသစ်ရိုးရိုးမှာ တစ်အိတ် ကျပ် ၁၅၀,၀၀၀ ၊ နှမ်းညို(သစ်) ကျပ် ၁၂၀,၀၀၀ ပေါက်စျေးရှိကာ အဝယ်သွက်လာသည်။ ယခင်လစျေးကွက်နှင့်နှိုင်းယှဉ်ပါက နှမ်းတစ်အိတ် ကျပ် ၃,၀၀၀ - ၁၀,၀၀၀ ခန့်စျေးကျဆင်း သွားသော်လည်း နှမ်းရောင်းဝယ်မှု စျေးကွက်ကောင်းနေကြောင်း ဦးကျော်သွင်က ပြောသည်။
မြေပဲ
-----
စျေးကွက်အတွင်း မြေလတ်ဒေသ ညောင်ဦး၊ ကျောက်ပန်းတောင်း ၊ မကွေး ဒေသများမှ မြေပဲများအဝင်ရှိနေကာ ပြည်တွင်းဆီစက်များနှင့် တရုတ်လိုင်းပို့ကုန်သမား ဝယ်ယူစုဆောင်းနေသဖြင့် အရောင်းအဝယ်ကောင်းနေသည်။ စျေးကွက်ပေါက်စျေးမှာ ဒေါ်လာစျေးကျဆင်းလာသော်လည်း မြေပဲဆံအဝယ်စျေးက စျေးကျဆင်းမှုမရှိပဲ တည်ငြိမ်နေကာ စျေးကောင်းရနေခြင်းဖြစ်ပြီး မကြာမီ မြေလတ်ဒေသမှမြေပဲပြန့်လုံးဆံများ အသစ်ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။ နိုဝင်ဘာ (၂) ရက်နေ့တွင် မြေပဲလုံးဆံတစ်ပိဿာ ကျပ်၂,၉၀၀၊ အနီလုံးဆံ တစ်ပိဿာကျပ် ၂,၈၅၀၊ ပြည်တွင်းမြေပဲဆီ တစ်ပိဿာ ကျပ် ၆,၅၀၀ ၊ နေကြာဆီ တစ်ပိဿာ ကျပ် ၆,၅၀၀ ပေါက်စျေးများဖြင့် တည်ငြိမ်နေပြီး စားအုန်ဆီ တစ်ပိဿာ ကျပ် ၄,၇၆၀ သို့ အသီးသီး ပေါက်စျေးရှိသည်။
ပြောင်း
------
ပြောင်းစျေးမှာ လက်ရှိဒေသအစုံက လှိုင်လှိုင်ပေါ်ချိန်နှင့် ပြည်ပတင်ပို့မှု FOB စျေး ပြောင်းတစ်တန် ဒေါ်လာ ၂၅၀ ပေါက်စျေးရှိသော်လည်း ပြောင်းကုန်သည်များ လာမည့် ဇန်နဝါရီ၊ ဖေဖော်ဝါရီ တွင် ထိုင်းနိုင်ငံသို့ တင်ပို့ရန် မြဝတီကုန်သည်များပြောင်းစုဆောင်းချိန်ဖြစ်သောကြောင့် ဝယ်ယူမှု ကောင်းနေသည်။ သို့သော်လည်း နယ်တောင်သူများထံမှ ဝယ်ယူမှုများတွင်စျေးမတက်နိုင် သေးကြောင်း နှင့် တစ်ပိဿာ ကျပ် ၅၅၀-၅၆၀ ပေါက်ဈေးရှိကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက ပြောသည်။ “ပြောင်းက လက်ရှိမှာ FOB စျေး တစ်တန် ဒေါ်လာ ၂၅၀ ပေါက်စျေးရှိနေပေမယ့် နယ်တောင်သူဆီက ဝယ်စျေးကတော့ အနည်းငယ်လျော့ကျပါမယ်။ နောက်သုံးလလောက်မှာ ထိုင်းတင်ပို့မယ်။ မြဝတီ ကုန်သည်တွေပြောင်းစုဆောင်းချိန်ဆိုတော့ အဝယ်ကတော့ သွက်နေပါမယ်” ဟု ၎င်းကပြောသည်။ နိုဝင်ဘာ (၂) ရက် ပြောင်းပေါက်စျေးမှာ ရန်ကုန်မြောင်းတကာအရောက် ပေါက်စျေး တစ်ပိဿာ ကျပ် ၆၂၀-၆၃၀ ၊ မန္တလေး ကုန်စည်ဒိုင်စျေး ၅၄ ပိဿာတစ်အိတ်ကျပ် ၃၀,၅၀၀ ၊ ရှမ်းပြည်နယ်စျေး နောင်ချို၊ တောင်ကြီး တစ်ပိဿာ ကျပ် ၅၅၀-၅၆၀ ပေါက်စျေးရှိကြောင်း ပြောင်းကုန်သည်များထံက သိရသည်။
⏭သီးနှံဈေးကွက်သတင်းများကို တောင်သူများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit to : ရွှေမန်း (မြန်မာတောင်သူကြီးများဂျာနယ်)