menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
နှမ်းထွက်နှုန်းလျော့၍ ပြည်တွင်းနှမ်းဈေးမြင့်တက်
🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿
🔹လက်ရှိပြည်တွင်း၌ နှမ်းထွက်နှုန်းလျော့ကျနေသည့်အတွက် စျေးနှုန်းများမြင့်တက်နေကြောင်း နှမ်း ကုန်သည်များထံမှသိရသည်။ နှမ်းရာသီတွင် အထွက်နှုန်း ထက်၀က်ကျော်လျော့ကျခဲ့ပြီး တရုတ်မှ လက်ရှိတွင် အဝယ်လိုက်နေသောကြောင့် နှမ်းစျေးနှုန်းများ မြင့်တက်နေခြင်းဖြစ်ကြောင်းသိရသည်။
🔹“အဓိက နှမ်းအထွက်နှုန်းလျော့ခဲ့လို့ ပစ္စည်းအနည်းငယ်ပျက်ပြီးစျေးတက်တာ။ တရုတ်က ဝယ်နေလို့ ပြည်တွင်းမှာ ဘယ်သူမှမဝယ်နိုင်ဘူး။ ပြည်တွင်းမှာပစ္စည်းရှားပြီး တရုတ်ကစွဲတော့ စျေးတက်သွားတာ။ နှမ်းဖြူကော၊ နှမ်းနက်ကော တက်တယ်” ဟု မြန်မာနိုင်ငံ ပဲ၊နှမ်းအသင်းမှ အဖွဲ့ဝင် ဦးဉာဏ်ဝေ က ပြောသည်။ ယခင်ကိုဗစ်ကြောင့် နှမ်းနက် ၄၅ပိဿာ၀င်တစ်အိတ်ကို ကျပ် ၁၃၀,၀၀၀ ထိ ရှိရာမှ တရုတ်နိုင်ငံမှ တောက်လျောက်ပြန်လည်၀ယ်ယူလာသောကြောင့် တစ်ဖြည်းဖြည်း မြင့်တက်လာကာ ၄၅ ပိဿာ၀င် တစ်အိတ်ကို ၁၅၅,၀၀၀ ပေါက်စျေးထိ မြင့်တင်လာကြောင်းသိရသည်။
🔹ယင်းအပြင်ယခင် နှမ်းဖြူ ၄၅ပိဿာ၀င် တစ်အိတ်ကို ကျပ် ၁၂၀,၀၀၀ မှ လက်ရှိ ၄၅ပိဿာ၀င် တစ်အိတ်ကိုကျပ် ၁၄၇,၀၀၀ ထိ မြင့်တက်လာကြောင်း သိရသည်။ ယခုနှစ် မိုးနှမ်းစိုက်ခြင်းကို ဇွန်လ လယ်မှသာ စိုက်ပျိုးခဲ့သောကြောင့်နှမ်းစိုက်ချိန်နောက်ကျခဲ့ကာ အောက်တိုဘာလဆန်းပိုင်း မှသာ သီးနှံပြန်လည် ပေါ်မည်ဖြစ်ကြောင်း တောင်သူများထံမှသိရသည်။ “ဒီနှစ်မိုးနှမ်းစိုက်ပျိုးချိန်နောက်ကျ ခဲ့တော့ တစ်လခွဲလောက် သီးနှံအထွက်နောက်ကျမယ်။ ပုံမှန်က သြဂုတ်လဆန်းဆို နှမ်းပေါ်ပြီး အခုနောက်ကျတော့ အောက်တိုဘာလဆန်းလောက်မှထွက်မယ်။ အထွက်နှုန်းကတော့ သုံးပုံပုံ တပုံလောက် ကျနိုင်တယ်” ဟု နှမ်းစိုက်တောင်သူတစ်ဦးက သုံးသပ်ပြောသည်။
🔹နောက်ပိုင်း အသစ်ပေါ်ချိန်တွင် ရာသီဥတုဖောက်ပြန်ပါက နှမ်းအထွက်နှုန်းအပြင် နှမ်းအရည်အသွေး ပိုင်းလည်း ကျဆင်းနိုင်ကြောင်းသုံးသပ်ကြသည်။ ထို့ကြောင့် အရည်အသွေးပေါ်မှုတည်ပြီး စျေးများ ကွာခြားမှုလည်းရှိလာနိုင်သည်။ ထိုအပြင် တချို့ နှမ်းစိုက်သည့်ဒေသများမှာ မိုးနောက်ကျသည့် အတွက် နှမ်းအစား ပဲတီးစိမ်းနှင့်ပဲစင်းငုံး များအား အစားထိုး ပြန်စိုက်နေကြ၍ယခုနှစ်တွင် ထွက်နှုန်းမှာလျော့ကျနိုင်ခြင်းဖြစ်ကြောင်းလည်းသိရသည်။
🔹ပြည်တွင်းတွင်ပုံမှန်နှမ်းထွက်ရှိမှုနှုန်းမှာ တစ်နှစ်လျှင် တန်ချိန် ၆သိန်းမှ၈သိန်းအထိ ထွက်လေ့ရှိပြီး ပြီးခဲ့သည့်နှစ်ကရာသီဥတုဖောက်ပြန်မှုကြောင့် တန်ချိန် ၄သိန်းသာ ထွက်ရှိခဲ့ကြောင်းသိရသည်။ လက်ရှိတွင် နှမ်းအားပြည်ပမှ အခွန်အခပေးကာ တင်သွင်းပြီး ကုန်ချောထုတ်လုပ် ပြည်ပတင်ပို့နေခြင်း များလည်းရှိ၍ တောင်သူများ၏အကျိုးစီးပွားနှင့် ဈေးကွက်ထိခိုက်မှုများလည်းရှိနေကြောင်းသိရသည်။ ပြည်ပစျေးကွက်အနေဖြင့် လက်ရှိမြန်မာ့နှမ်းကို တရုတ်နိုင်ငံတခုတည်းသာ အဝယ်ရှိပြီး ကျန်နိုင်ငံများ သို့တင်ပို့ရန် အခက်ခဲများစွာရှိနေသည့်အတွက် အရောင်းအဝယ်မရှိကြောင်း သိရသည်။
🔹မြန်မာ့နှမ်းကို တရုတ်နိုင်ငံ ၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူနှင့် ထိုင်၀မ်တို့ကိုလည်း တင်ပို့လေ့ရှိကြောင်း သိရသည်။ ၂၀၂၀- ၂၁ ဘဏ္ဍာနှစ်အတွက် ယခင်ကပြည်ပသို့ နှမ်းတန်ချိန် ၁ သိန်း ၃ သောင်းကျော် တင်ပို့ရန် လျာထားခဲ့ကြောင်းလည်းသိရသည်။ မြန်မာနိုင်ငံတွင် နှမ်းကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့တွင် အများအပြားစိုက်ပျိုးလျက်ရှိပြီး မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်မှထွက်ရှိသည့် နှမ်းနက်သည် အရည်အသွေးအလွန်ကောင်းမွန်သဖြင့် ဂျပန်နိုင်ငံမှအလွန်နှစ်သက်ကြောင်းလည်း လေ့လာတွေ့ရှိရသည်။
Sources : AMIA