menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"နှစ်သစ်ကူးအကြိုကာလတွင် ဖရဲ၊ သခွားမွှေး ဈေးကွက်ကောင်းလာနိုင်"
🍉🍈🍉🍈🍉🍈🍉🍈🍉🍈🍉
▶️ တရုတ်နိုင်ငံမှ ဝယ်လိုအားနည်းသွားခြင်းကြောင့် နယ်စပ်တွင် မြန်မာ ဖရဲ၊ သခွားမွှေး စသည့်သစ်သီးဈေးနှုန်းများကျဆင်းသော်လည်း နှစ်သစ်ကူးချိန်တွင် ဈေးနှုန်းများ ပြန်လည်မြင့်တက်လာ နိုင်ကြောင်း ကုန်သည်များထံကသိရသည်။
▶️ တရုတ်နိုင်ငံသည် နယ်စပ်ကုန်သွယ်ရေးဖြင့် မြန်မာနိုင်ငံမှ ဖရဲ၊ သခွား သစ်သီးများကို ပွင့်လင်းရာသီတွင် နေ့စဉ် တန်ချိန်ထောင်ချီတင်သွင်းနေသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ယခုနှစ်တွင် မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်နေခြင်းကြောင့် မိုင်းလားနယ်စပ်မှတစ်ဆင့် မြန်မာ့သစ်သီးများကို တင်ပို့နေရခြင်းဖြစ်သည်။
▶️ ခရီးလမ်းကြောင်းရှည်ကြာပြီး ကုန်ကျစရိတ်များသော်လည်း စိုက်ပျိုးသူတောင်သူများ၏ ရင်းနှီး မြှုပ်နှံမှုများ ဆုံးရှုံးမခံနိုင်ခြင်းကြောင့် လမ်းကြောင်းသစ်များရှာဖွေတင်ပို့နေသော်လည်း ရာသီဥတု အတားအဆီးက သစ်သီးအရည်အသွေးပိုင်းကို ထိခိုက်နေကြောင်း အသီးကုန်သည်များက ပြောသည်။
▶️ ယခင်က ပွင့်လင်းရာသီချိန်တွင် နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ ဖရဲ၊ သခွား တင်ပို့ ရောင်းချမှုက ၁၂ ဘီးကား အစီးရေ ၅၀၀-၆၀၀ ဝန်းကျင်အထိရှိတယ်လို့ ကုန်သည်အချို့က ပြောသည်။ လက်ရှိ မိုင်းလားနယ်စပ်သို့ ဖရဲကားအစီး ၅၀၊ သခွားမွှေး ကား ၁၀ စီး ကျော်သာတင်ပို့ နိုင်သေးကြောင်း ကုန်သည်တွေထံက သိရသည်။
▶️ မြန်မာပြည်အလယ်ပိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်တို့ အပါအဝင် ဒေသအချို့မှ ဖရဲ၊ သခွားမွှေးကိုစိုက်ပျိုးပြီး ပြည်တွင်းစားသုံးမှုအနည်းငယ်နှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးဖြင့် ပြည်ပတင်ပို့မှု အနည်းငယ်ရှိခဲ့သော်လည်း အများစုကို နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ ရောင်းချနေခြင်းဖြစ်ကြောင်းသိရသည်။
▶️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)