menu

နည်းပညာ ဗဟုသုတ နှင့်အတူ အမှတ်တရလက်ဆောင်တွေရယူကြတဲ့ပွဲ



“နည်းပညာ ဗဟုသုတ နှင့်အတူ အမှတ်တရလက်ဆောင်တွေရယူကြတဲ့ပွဲ”

“စိုက်ပျိုးရေးဆေးဆိုစိတ်ချရ ဦးကြီးတို့အတွက် ဝိစာရ” ဆိုသကဲ့သို့ ပစ္စည်းစစ်မှန်၍ အရည်အသွေး ပြည့်ဝသောထုတ်ကုန်များကို တောင်သူများထံသို့ အရောက်ဖြန့်ဖြူးပေးနေသော “ဝိစာရ” ကုမ္ပဏီနှင့် “ရွှေဝါဝင်း”စိုက်ဆေးတို့ ပူးပေါင်းကျင်းပသော စိုက်ပျိုးရေးနည်းပညာ ဗဟုသုတပညာပေးဟောပြောပွဲ နှင့် တောင်သူဦးကြီးများအတွက် “ရွှေဝါဝင်း” စိုက်ဆေးအရောင်းဆိုင်၏ ကျေးဇူးတုံ့ပြန် အမှတ်တရ လက်ဆောင်များ ကံစမ်းမဲချီးမြှင့်ပေးအပ်ပွဲကို ( ၃၁ / ၁၀ / ၂၀၂၃) နေ့က ကသာခရိုင် ငါးအိုးမြို့ “ရွှေအိုး ငွေအိုး မင်္ဂလာခမ်းမ” တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

 အဆိုပါအခမ်းအနားတွင် ဝိစာရကုမ္ပဏီ၏ ဈေးကွက်အရောင်းမန်နေဂျာ ဦးမျိုးညွန့်၊ မန္တလေး(၃)တိုင်း တိုင်းမန်နေဂျာ ဦးနိုင်မိုး၊ ဝိစာရကုမ္ပဏီ၏တာဝန်ကျဝန်ထမ်းများ၊ “ရွှေဝါဝင်း”စိုက်ဆေးမှ ဦးချစ်စန်း + ဒေါ်နှင်းလဲ့လဲ့ဝင်း နှင့် ဝိစာရ၏မိတ်ဖက်တောင်သူ (၉၀၀)ကျော် တက်ရောက်ကြပါသည်။ 

 အခမ်းအနားစတင်သည်နှင့် ဈေးကွက်အရောင်းမန်နေဂျာ ဦးမျိုးညွန့်မှ ဒေသအတွင်းရာသီချိန် စိုက်ပျိုးသီးနှံများဖြစ်သော စပါး၊ ပဲမျိုးစုံ၊ မြေပဲ၊ ငရုတ် နှင့် ကြံ သီးနှံပင်များအတွက် စိုက်ပျိုးနည်းစနစ်များ၊ ပိုးမွှား ရောဂါ ကျရောက်တတ်မှုနှင့် ကာကွယ်နှိမ်နင်းနည်းစနစ်များ၊ ပေါင်းမြက်များပေါက်ရောက်မှု နှင့် ပေါင်းမြက်ကာကွယ်နည်းစနစ်များ ကို ဗဟုသုတအဖြစ် ဟောပြောပေးခဲ့ပါသည်။ 

 ဆက်လက်၍ တိုင်းမန်နေဂျာ ဦးနိုင်မိုး နှင့် ရွှေဝါဝင်းစိုက်ဆေးမှ ဦးချစ်ဆန်း တို့မှ ဒေသအတွင်း စိုက်ပျိုးသီးနှံများအတွက် အသုံးပြုရမည့် ဝိစာရ၏ ထုတ်ကုန်များဖြစ်သည့် “ရွှေတိုးကွန်ပေါင်း(၁၇ : ၈ : ၈ + ၁၅ ဆာလ်ဖာ၊ အောင်နှံဝေ၊ မော်နီတာဂျစ်ပ်ဆမ်ကျောက်မှုန့်”မြေဩဇာများ၊ “အေမီကွင်း၊ ဒီမင်း၊ ပေါင်းကင်း” စသည့်ပေါင်းသတ်ဆေးများ၊ “မိုးပျံ၊ ရယ်ဒီ၊ ကလဲဗား” ပိုးသတ်ဆေးများ၊ “ဘင်ဇိုကာ” မှိုသတ်ဆေး၊ “ဝီဂရိုး” ရွက်ဖျန်းအားဆေးများ အကြောင်း မိတ်ဆက်တင်ပြခဲ့ပြီး အခြား ဝိစာရ ထုတ်ကုန်များ၏ ဆေးအာနိသင်များနှင့် အသုံးပြုနည်းစနစ်တို့ကိုလည်း ပညာပေးဆွေးနွေးခဲ့ကြပါသည်။ 

 အခမ်းအနားသို့တက်ရောက်လာသောတောင်သူဦးကြီးများမှလည်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး မေးမြန်းသည်များကို ဝိစာရကုမ္ပဏီမှတာဝန်ရှိသူများမှ ပြန်လည် ဖြေကြားပေးခဲ့ကြပါသည်။ ထို့နောက်“ဝိစာရ” ကုမ္ပဏီနှင့် “ရွှေဝါဝင်း”စိုက်ဆေးတို့ ပူးပေါင်း၍ တောင်သူဦးကြီးများအတွက် “ရွှေဝါဝင်း” စိုက်ဆေးအရောင်းဆိုင်၏ ကျေးဇူးတုံ့ပြန် အမှတ်တရ လက်ဆောင်များ ကံစမ်းမဲ ချီးမြှင့်ပေးအပ်ပွဲကိုဆက်လက်ကျင်းပခဲ့ပြီး ကြွရောက်လာသောတောင်သူဦးကြီးများအတွက် “တီဗွီ၊ လက်ကိုင်ဖုန်း၊ မော်တော်ဆိုင်ကယ်၊ သီးနှံစိုက်ပျိုးရေးသုံးဆေးများ၊ ဆေးဖျန်းပုံး နှင့် အသုံးအဆောင်ပစ္စည်းများ” စသည့် ဆုမဲပေါင်းများစွာကို ကံစမ်းမဲဖောက်၍ ချီးမြှင့်ပေးခဲ့ကြောင်း သတင်းဆောင်းပါးအဖြစ် တင်ပြအပ်ပါသည်။

 မြန်မာနိုင်ငံဒေသအသီးသီးမှ တောင်သူဦးကြီးများအားလုံး “ရာသီဥတုမှန် အပင်သန်၍ သီးနှံများအထွက်ကောင်းပြီး ဈေးကောင်းရရှိကြပါစေ”

 စစ်မှန် ပြည့်ဝ ဝိစာရ

 သတင်းရေးသားပေးပို့သူ ..... Myo Thida Aung