menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ရန်ကုန်ဝယ်လက်များ ဝယ်ယူမှုကြောင့် မတ်ပဲ ဈေးနှုန်းအနည်းငယ် မြင့်တက်
"ရန်ကုန်ဝယ်လက်များ ဝယ်ယူမှုကြောင့် မတ်ပဲ ဈေးနှုန်းအနည်းငယ် မြင့်တက်"
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
မန္တလေးဈေးကွက်အတွင်း အိန္ဒိယနိုင်ငံသို့တင်ပို့ရန် ပါမစ်ချထားပေးခြင်းမရှိသေးသဖြင့် ပဲစင်းငုံဈေးနှုန်းအတက်အကျပြောင်းလဲမှုမရှိဘဲ တန့်နေပြီး အခြားပဲမျိုးစုံဈေးနှုန်းများမှာလည်း သိသိသာသာပြောင်းလဲမှုမရှိကြောင်း မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းက သိရသည်။
ပဲစင်းငုံ
အိန္ဒိယနိုင်ငံသို့တင်ပို့ရန် ပါမစ်ချထားပေးမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ကြောင့် ချထားပေးမည့်ရက်ကို နောက်ရွှေ့ထားသဖြင့် ပြည်ပတင်ပို့မှု လုံးဝမရှိပေ။ သို့သော် ပြည်တွင်းသိုလှောင် သူများကပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းချကာ ရောင်းခြင်းမရှိသဖြင့် အရောင်းအဝယ်အေးပြီး ဈေးငြိမ်နေသည်။ လက်ရှိတွင် ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၇၅၀၀၀ မှ ၇၅၅၀၀ ကြားပေါက်ဈေးရှိသည်။ ပြည်ပတင်ပို့မှု မရှိသေးသလို ပြည်တွင်းအရောင်းအဝယ်လည်း အေးနေသဖြင့် ဈေးနှုန်းပြောင်းလဲနိုင်ခြေ အလွန်းနည်းပါးကြောင်း ကုန်သည်များက သုံးသပ်သည်။
မတ်ပဲ
သင်္ဘောတင်ရန်ရှိသဖြင့် ရန်ကုန်ဝယ်လက်များက ဝယ်ယူနေခြင်းကြောင့် ဈေးနှုန်းမြင့်တက်လာသည်။ မန္တလေးဈေးကွက်အတွင်း သြဂုတ် ၇ ရက်က မတ်ပဲသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၉၅ç၀၀၀ရှိရာမှ သြဂုတ် ၁၃ ရက်တွင် ကျပ် ၉၇၀၀၀ မှ ၉၈၀၀၀သို့ မြင့်တက်လာသည်။ သြဂုတ် ၁၄ ရက်တွင်မူ ရန်ကုန်ဝယ်လက်များက ဝယ်ယူမှုနည်းသွားခြင်းကြောင့် အဆိုပါဈေးနှုန်းထက် ဆက်လက်မြင့်မတက်တော့ဘဲ တန့်နေသည်။ ရန်ကုန်ဝယ်လက်များက ဝယ်သဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ယခုဈေးနှုန်း ထက်မြင့်တက်နိုင်ရန်မလွယ်ကူကြောင်း သိရသည်။
ပဲတီစိမ်း
တရုတ်နိုင်ငံက ဝယ်ယူနေသော်လည်း ဈေးနှုန်းလျှော့ချဝယ်ယူနေသဖြင့် အနည်းငယ်ဈေးကျသွားသည်။ သြဂုတ် ၇ ရက်က ပဲတီစိမ်းသုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၁၆၀၀၀ ရှိရာမှ သြဂုတ် ၁၄ ရက်တွင် ကျပ် ၁၁၃၀၀၀ သို့ ကျဆင်းလာသည်။ ဈေးနှုန်းအတက်အကျမှာ တရုတ်နိုင်ငံဝယ်ယူမှုပေါ်တွင် မူတည်နေသော်လည်း သိသိသာသာကျဆင်းနိုင်သည့်အခြေအနေတွင် မရှိကြောင်းကုန်သည်များက သုံးသပ်သည်။
နှမ်း
တရုတ်နိုင်ငံက ပုံမှန်ဝယ်ယူနေသဖြင့် စမုန်နှမ်းနက်ထိပ်စများမှာ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်၂၁၀၀၀၀ ဖြင့် ဈေးနှုန်းငြိမ်နေသည်။ ယခုအခြေအနေအရ ဈေးနှုန်းမြင့်တက်နိုင်ခြေထက် ကျနိုင်သည့် အခြေအနေက ပိုမိုများနေကြောင်း သိရသည်။ သြဂုတ် ၁၄ ရက်တွင် စမုန်နှမ်းနက်သုံးတင်းဝင်တစ်အိတ်လျှင်ကျပ် ၂၁၀၀၀၀ ၊ နှမ်းညိုတစ်အိတ်လျှင် ကျပ် ၁၁၀၀၀၀၊ နှမ်းဖြူ တစ်အိတ်လျှင် ကျပ် ၁၁၀၀၀၀မှ ၁၂၀၀၀၀ ကြား ပေါက်ဈေးရှိသည်။
ကုလားပဲ
ပြည်တွင်းဝယ်ယူမှုသာရှိခြင်းကြောင့် ဈေးနှုန်းပြောင်းလဲမှုမရှိပေ။ သြဂုတ် ၁၄ ရက်က ကုလားပဲ(ထိုင်ဝမ်) သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၆၈၅၀၀၊ ကုလားပဲ(ဗွီတူး)တစ်အိတ်လျှင် ကျပ် ၇၃၅၀၀ မှ ၇၄၅၀၀ ကြား၊ ကုလားပဲ (နိုင်းတူးနိုင်း) တစ်အိတ်လျှင် ကျပ် ၇၂၅၀၀ မှ ၇၃၀၀၀ ကြား ပေါက်ဈေးရှိသည်။
မျိုးသန့်
မြန်မာတောင်သူကြီးများဂျာနယ်
၂၀၂၀ပြည့်နှစ် ဩဂုတ်လ (၁၇-၂၃)ရက်။