menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဆန်စက်များမလည်ပတ်နိုင်၍ ဆန်ဈေးနှုန်းမြင့်တက်နေ
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
✔ကိုဗစ်ရောဂါ အခြေအနေများကြောင့် ဆန်စက်များမလည်ပတ်နိုင်သည့်အတွက် ပြည်တွင်း ဆန်ဈေးများ မြင့်တက်နေကြောင်း သိရသည်။ ယင်းအပြင်ဒေါ်လာဈေး မြင့်တက်နေသည့်အတွက် မြေဩဇာ တင်သွင်းမူနည်းကာ ပြည်တွင်းတွင်မြေဩဇာရရှိမူ လျော့နည်းနေကာ ဈေးတက်နေသည့် အနေအထား တွင်ရှိနေပြီး နိုင်ငံခြားငွေလှဲလှယ်ရန်ခက်ခဲနေခြင်း၊ သယ်ယူပို့ဆောင်ရေးအခက်အခဲ ဖြစ်နေခြင်းကြောင့် ဈေးနှုန်းမြင့်တက်နေရခြင်းဖြစ်ကြောင်းသိရသည်။
✔ကိုဗစ်ရောဂါကူးစက်မူ မြင့်တက်နေသောကြောင့် တချို့တောင်သူများအနေဖြင့် ဆန်များ လာရောက် ရောင်းချမူမရှိတော့သည့်အတွက် ရန်ကုန်မြို့တွင် ပစ္စည်းပြတ်ကာ ဈေးနှုန်းမြင့်တက်နေကြောင်း ဝါးတန်းကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးထံမှသိရသည်။ “ကိုဗစ်ဖြစ်နေလို့ ဆန်စက်တွေရပ်ထားတယ်။ မလည်ပတ်နိုင်ဘူး။ ဒါကြောင့် ပစ္စည်းပြတ်ပြီးဈေးတက်တယ်၊ ပြီးတော့ ဒေါ်လာဈေးမြင့်တက်နေတာ စတာတွေကြောင့် အခုလိုဈေးမြင့်တက်လာတာ။ ဆန်အိတ်အမျိုးစားပေါ်လိုက်ပြီး တစ်အိတ်ကို ၂,၀၀၀ ကျော်ထိ မြင့်တက်နေတယ်” ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။
✔ရွေဘိုဆန်တစ်အိတ်လျှင် ကျပ် ၅၁,၀၀၀ မှ ၅၃,၀၀၀ သို့ လည်ကောင်း ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၂၃,၀၀၀ မှ ၂၄,၅၀၀ ဝန်းကျင်ထိ ဈေးမြင့်တက်နေကြောင်း ကုန်သည်များထံမှသိရသည်။ ဆန်ကွဲ ဈေးမှာလည်း တစ်အိတ်လျှင် တစ်ထောင်နှုန်းခန့်ထိ မြင့်တက်လျက်ရှိကြောင်းလည်းသိရသည်။ "ရက်၉၀ ဆန်ကစတဲ့ စားဆန်တွေက မြစ်ဝကျွန်းပေါ်တခုထဲ ဝင်တဲ့အတွက် အဲ့ဘက်မဝင်တော့ ဈေးတက်သွားတဲ့ သဘောပါ။ နောက်ပိုင်းမှာလဲ ဈေးကတော့အကျဈေးမှာမရှိလောက်ဘူး၊ တက်ဖို့ပဲ များတယ်” ဟု ဝါးတန်းကုန်စည်ဒိုင်မှ ဆန်ကုန်သည် တစ်ဦးကပြောသည်။
✔ဓာတ်မြေဩဇာများ ဈေးတက်နေသည့်အတွက်လည်း တောင်သူများ စိုက်ပျိုးမူလျော့ကျနိုင်မည်ဖြစ်ပြီး အထွက်နှုန်းများလည်လျော့ကျနိုင်ကြောင်း သိရသည်။ သို့ဖြစ်ပါ၍ ဆန်ဈေးနှုန်းမှာ အတက်ဈေးသာ ရှိနေနိုင်မည်ဖြစ်ပြီး ဈေးကျဆင်းနိုင်မည့် အနေအထားတွင် မရှိကြောင်းလည်းသုံးသပ်ကြသည်။ လက်ရှိနိုင်ငံရေးအခြေအနေများနှင့် ကိုဗစ်အခြေအနေများကြောင့် ပြည်ပဝယ်ယူမူလျော့ကျနေပြီး တရုတ်နယ်စပ်ဘက်မှတင်ပို့မူ ရပ်နားထားကာ ပင်လယ်ရေကြောင်းဖြင့်သာတင်ပို့နေကြောင်း သိရသည်။
✔ယင်းကဲ့သို့ လျော့ကျခြင်းမှာဖေဖော်ဝါရီလနောက်ပိုင်းကတည်းမှ စတင်ကာလျော့ကျလာခဲ့ခြင်းဖြစ်ပြီး ဥရောပနိုင်ငံတွေက ဝယ်ယူမူမရှိသလောက်လျော့ကျခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်း မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအရ ဥရောပနိုင်ငံများမှ မြန်မာ့ဆန်နဲ့ဆန်ကွဲဝယ်ယူမှုများ ရပ်တန့်သွားနိုင် ကြောင်းလည်း ကုန်သည်များမှ ခန့်မှန်းသုံးသပ်ပြောဆိုခြင်းများလည်းရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ နှစ်စဉ်ဆန်နှင့် ဆန်ကွဲတန်ချိန် ၂သန်းကျော် ပုံမှန်တင်ပို့လေ့ရှိပြီး မြန်မာ့ဆန်များကို တရုတ်နိုင်ငံမှ အများဆုံးဝယ်ယူလျက်ရှိရာ ဖီလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ် အပါအဝင် အာဆီယံနိုင်ငံတွေ၊ ပိုလန်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်နိုင်ငံများကိုလည်း တင်ပို့လျက်ရှိကြောင်း သိရသည်။
✔ဆန်ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit to : အက္ခရာ(AMIA)