menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
နွေကြက်သွန်နီ ဈေးကွက်အခြေအနေ
🧅🧅🧅🧅🧅🧅🧅🧅🧅🧅
🔸စိုက်ပျိုးမှုအားနည်းခဲ့သည့်အတွက် ကြက်သွန်နီ အထွက်နှုန်းလျော့ကျကာ နောက်ပိုင်းဈေးနှုန်း မြင့်တက်လာနိုင်ကြောင်း ကြက်သွန်ကုန်သည်များထံမှ သိရသည်။ သုံးနှစ်ကျော် ဆက်တိုက်အရှုံးပေါ်ခဲ့သောကြောင့် ကြက်သွန်စိုက်တောင်သူများ အနေဖြင့် လျော့ချစိုက်ပျိုးခဲ့ခြင်းဖြစ်ပြီးမုန်တိုင်း ဝင်ရောက် ခဲ့သည့် အတွက်ကြောင့်လည်း မြစ်သား နှင့် ကျောက်ဆည် မှ ကြက်သွန်ခင်းများ ပျက်စီးခဲ့သည့်အတွက် အထွက်နှုန်းများ လျော့ကျခဲ့ကြောင်းသိရသည်။ စိုက်အား နှင့် ထွက်အားမှာ ပုံမှန်နှစ်များနှင့် ယှဉ်ပါက ၅၀ရာခိုင်နှုန်းခန့် လျော့ကျခဲ့သည့် အတွက် ၈လပိုင်းခန့်တွင် ကြက်သွန်ရှားကာ ဈေးနှုန်းများမြင့်တက် လာနိုင်ဖွယ်ရှိကြောင်း သုံးသပ်ကြသည်။
🔸“အရင်ကဆို တန်ခူး၊ ကဆုန်မှာ နွေကြက်သွန်ကပေါ်ပြီး နယုန်လောက်မှာဆို သိုလှောင်တဲ့ သိုလှောင်သမားတွေဆီရောက်ကုန်ပြီး အခုနှစ်က အထွက်လည်းနောက်ကျတယ် စိုက်အားလည်း နည်းတယ်၊ မုန့်တိုင်းဝင်သွားတော့ မြစ်သား နဲ့ ကျောက်ဆည်က စိုက်ခင်းတွေမြေကြီးထဲမှာတင် ပျက်စီးဆုံးရှုံးမူတွေရှိခဲ့တော့ ထွက်အားက တစ်ဝက်လောက်ထိကျသွားတယ်။ အခုက တရုတ်၊မြဝတီ၊ ဘင်္ဂလာဒေ့ရှ် က ပုံမှန်သွားနေတော့ နောက်ပိုင်း (၆)လပိုင်း (၈)လပိုင်းလောက်ဆိုရင် ကြက်သွန်ရှားမယ် ဈေးတက်မယ်” ဟု မန္တလေးမြို့ မန်းလှကြက်သွန်ပွဲရုံမှ ဦးဝင်းမြင့်က ပြောသည်။
🔸လက်ရှိ ကြက်သွန်နီမှာ မဖြစ်မနေအသုံးပြုရသည့်အခြေခံစားသောက်ကုန်ဖြစ်သောကြောင့် ဈေးကွက် တွင် အရောင်းအဝယ်ပုံမှန်အခြေအနေရှိကြောင်းသိရသည်။ လက်ရှိ တစ်ပိဿာလျှင် တောင်သူဈေး (တောဈေး) ၆၀၀ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဆီဈေး ၊မြေဩဇာဈေးနှုန်းများ ကြီးနေသည့်အတွက် တပိဿာလျှင် ၅၀၀ အထက် ရရှိမှသာ တောင်သူတွေအတွက်တွက်ချေကိုက်မည် ဖြစ်ကြောင်း တောင်သူများထံမှ သိထားသည်။ မန္တလေးတွင် လက်လီဈေးပျမ်းမျှကြက်သွန်တစ်ပိဿာ လျှင် ၈၅၀ မှ ၉၀၀ အထိ ပေါက်ဈေးထိရှိကာ ရန်ကုန်လက်လီဈေးအနေဖြင့် ကြက်သွန်နီ မြစ်သားတစ်ပိဿာလျှင် အလုံးအသေးအကြီးပေါ်မူတည်ကာ ၁,၀၀၀မှ ၁,၄၀၀ ထိရှိပြီး ဆိပ်ဖြူ တစ်ပိဿာလျှင် ၈၀၀ ကျပ် ရှိကြောင်း ရန်ကုန်လက်လီရောင်းဆိုင်များထံမှ သိရသည်။
🔸“ဟိုအရင်နှစ်တွေက တစ်ပိသာ ၅၀၀ ရရင် မဆိုးဘူးလို့ပြောလို့ရတယ်။ အခုက မြေဩဇာဈေးတွေ၊ ဆီဈေးတွေက ဈေးကြီးနေတော့ စိုက်စရိတ်က ပိုကြီးလာတယ်” ဟု မြင်းခြံမှ ကြက်သွန်စိုက်ပျိုး ရောင်းချသည့်ကုန်သည် ကိုသက်ဖြိုး ကပြောသည်။ နောက်ပိုင်း ဈေးနှုန်း မြင့်တက်လာနိုင်သော်လည်း မုန့်တိုင်းကြောင့် ပျက်စီးခဲ့၍ အထွက်နောက်ကျခဲ့သည့် မြစ်သား၊ကျောက်ဆည် ကြက်သွန်များပြန်လည် ပေါ်လာမှသာ ကြက်သွန်းဈေးမှာ ပုံမှန်အတိုင်းဖြစ်လာနိုင်မည် ဟု သုံးသပ်ကြသည်။ လတ်တလောတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများနှင့်သွင်အားစုများ ဈေးကြီးနေသောကြောင့် သယ်ယူပို့ဆောင်ရေးအပါအဝင် အခြားအခက်ခဲများစွာရှိကြောင်းလည်း သိရသည်။
🔸“ဟိုအရင်နှစ်တွေက မန္တလေးကနေ တရုတ်ဘက်ကိုပို့မယ်ဆိုရင် ရွှေလီကနေတဆင့် ပို့ကြရတယ် ။ တရုတ်ကနေကြားခံပြီး ဗီယမ်နမ်ကို သွားတယ်။ အခုတော့ မြဝတီဘက်ကနေသွားရတော့ ကြားထဲ နိုင်ငံသုံးခုလောက်ပတ်နေရတော့လမ်းစရိတ်တွေ ကုန်ကျစရိတ်တွေ ပိုများကုန်တယ်။ ပြီးရင် ရက်ကြာတော့ ပစ္စည်းတွေကပျက်စီးကုန်တယ်။ အခွန်လျော့ချပြီး မြန်မြန်ဆန်ဆန်တင်ပို့ နိုင်အောင်လုပ်ပေးရင်တော့ ကုန်သွယ်ရေးကကောင်းမှာ” ဟု မန်းလှ ကြက်သွန်ပွဲရုံမှ ဦးဝင်းမြင့် ကပြောထားသည်။ ယခုနှစ် စိုက်ပျိုးမှုနည်းပြီး မြေဩဇာကောင်းကောင်းမသုံးနိုင်ခဲ့သည့်အတွက်လည်း အထွက်နှုန်းနည်းမည်ဖြစ်ပြီးအရည်အသွေးလည်း ကျဆင်းနိုင်ကြောင်းသိရသည်။
🔸သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : AMIA Market News