menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ဆန်ဝယ်လိုအားမြင့်တက်ပြီး ဆန်တစ်အိတ် ၅,၀၀၀ခန့် ဈေးတက်လာ .....
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
↗️ ယခုရက်ပိုင်း ပြည်တွင်းဆန်ဝယ်လိုအားမြင့်တက်ပြီး ဆန်တစ်အိတ် ကျပ် ၅,၀၀၀ လောက် ဈေးထပ်တက်လာတယ်လို့ ရန်ကုန်ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်မှ သိရပါတယ်။
↗️ “ပြီးခဲ့တဲ့လထက်စာရင် တစ်အိတ်ကို ငါးထောင်လောက်တက်သွားတယ်။ ဒီရက်ပိုင်းက ပို့ကုန်ရငွေ ၅၀ ရာခိုင်နှုန်း ပြောင်းလိုက်တာရော၊ ကျပ် ၂၀၀၀၀ တန် ကောလာဟလနဲ့ရောဆိုတော့ နည်းနည်း တက်လာတယ်။ အရမ်းကြီးတော့မတက်ဘူး။ အခုရက်ပိုင်း ပြန်ကြည့်ရင်တော့ လက်လီဈေးကွက်မှာ ဆန်တစ်အိတ်ကို ၃,၀၀၀ လောက်တော့ တက်နိုင်တာပေါ့” လို့ ဘုရင့်နောင်စပါးကုန်စည်ဒိုင်က တာဝန်ရှိသူကပြောပါတယ်။
↗️ ပြည်တွင်းဝယ်လိုအားများပြီး အထွက်နှုန်းက လိုသလောက်မရလို့ ဆန်ဈေးမြင့်တက်နေတာဖြစ်ပြီး လက်ရှိ ပြည်တွင်းဈေးကွက်အတွင်း အဝယ်လိုက်နေတဲ့ဆန်တွေက ကျပ် ၆၀,၀၀၀ အောက် ဈေးရှိတဲ့ ဆန်တွေဖြစ်တယ်လို့ သိရပါတယ်။
↗️ “ပေါ်ဆန်းမွှေးနဲ့ ဆန်ချောတွေ ကိုးသောင်း၊ တစ်သိန်းတန် ဝယ်စားတဲ့လူတန်းစားက သပ်သပ်ရှိတယ်။ လက်လုပ်လက်စားနဲ့ မြို့ဆင်ခြေဖုံးလူအများစုကတော့ အကြမ်းဆန်တွေပဲ ဝယ်စားကြတာ။ အခု ဝင်လာတဲ့ ခြောက်သောင်းအောက်ဆန်တွေ ငါးသောင်းခွဲနဲ့ ခြောက်သောင်းကြား အဲ့လိုဆန်တွေပဲ ဖြစ်တယ်။ ဝင်ငွေလျော့လာတော့ ဈေးသက်သာတာတွေပဲ ပြောင်းစားလာကြတာ” ဟု ဘုရင့်နောင် စပါးကုန်စည်ဒိုင်ကတာဝန်ရှိသူက ဆက်ပြောပါတယ်။
↗️ ဆန်လက်ကားဈေးကွက်မှာ ဧရာဝတီတိုင်းကထွက်ရှိတဲ့ ဆန်ချောအမြင့်လိုင်းဈေးဟာ ကျပ် ၈၀,၀၀၀ မှ ၁၀၀,၀၀၀ ကြား၊ အကြမ်းရှယ်တစ်အိတ်ကို ၆၅,၀၀၀ မှ ၇၀,၀၀၀ ကြား၊ ဆန်သား ၈၀/၈၅ ပါ ထိပ်စတစ်အိတ်ကို ၅၅,၀၀၀ မှ ၆၀,၀၀၀ ကြား ဈေးရှိနေပြီး ပြည်တွင်းဈေးကွက်အရောင်းများကာ ပြည်ပသို့အနည်းငယ်သာ တင်ပို့ရတယ်လို့သိရပါတယ်။ လက်ရှိ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်သို့ တစ်ရက်ကို ဆန်နဲ့ဆန်ကွဲ ကားအစီးရေ ၃၀၀၀၀ မှ ၅၀၀၀၀ ကြား ဝင်ရောက်မှုရှိတယ်လို့ သိရပါတယ်။
↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
ဤသတင်းဆောင်းပါးကို Myanma Platform မှ ကူးယူဖော်ပြပါသည်။