menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပဲ၊ နှမ်း နှင့် လယ်ယာထွက်ကုန် ဈေးကွက်အခြေအနေ
🌿🥜🌽🥜🌽🌿🥜🌽🥜🌽🌿
↗ ပြည်တွင်း ပဲ၊နှမ်းစျေးကွက်တွင် ပြည်တော်ပြန်ပဲထောပတ်များ စျေးကောင်းရရှိနေပြီး အသစ် ဝင်ရောက်လာသည့် ပဲစင်းငုံများမှာ ပမာဏအနည်းငယ်သာရှိနေသေးသော်လည်း အနိမ့်စျေးဖြင့် ဝင်သလောက်အရောင်းအဝယ်ကောင်းနေကြောင်း သိရသည်။
နှမ်းနက်
------
ဒီဇင်ဘာလဆန်းပိုင်းမှစတင်ကာ စျေးနှုန်းကျဆင်းပြီး အဝယ်အေးနေသည့် နှမ်းနက်မှာ ဈေးအကျရပ်သွားပြီး အဝယ်ပြန်သွက်လာကာ ဒီဇင်ဘာ (၁၆) ရက်တွင် နှမ်းနက်ထိပ်စ ၄၅ ပိဿာ သုံးတင်းဝင်တစ်အိတ် ကျပ် ၂၀၅,၀၀၀ ပေါက်စျေးရှိပြီး အရည်အသွေးအလိုက် တစ်အိတ် ကျပ် ၁၅၅,၀၀၀ မှ ၂၀၅,၀၀၀ စျေးဖြင့် အဝယ်သွက်နေသည်။ နှမ်းဖြူသစ်ရိုးရိုးမှာ တစ်အိတ် ကျပ် ၁၄၀,၀၀၀ ၊ နှမ်းညို(သစ်) ကျပ် ၁၂၆,၀၀၀ ပေါက်စျေးရှိပြီး ရောင်းလိုအား များနေသည်။ ယခင်သီတင်းပတ်ထက် တစ်အိတ် ကျပ် ၁,၀၀၀ မှ ၉,၀၀၀ ခန့် စျေးကျဆင်းသွားသည်။
မြေပဲ
-----
ယခုသီတင်းပတ်အတွင်း မြေပဲတစ်ပိဿာ ကျပ် ၁၀၀ ခန့် စျေးကျဆင်းသွားသော်လည်း အဝယ်ကောင်း နေရာ ဒီဇင်ဘာ (၁၆) ရက်တွင် မြေပဲ(S1)လုံးဆံ တစ်ပိဿာ ကျပ် ၂,၉၀၀ (မျိုး) ၃,၁၀၀ ၊ အနီလုံးဆံ တစ်ပိဿာကျပ် ၂, ၉၅၀ ပေါက်ဈေးရှိနေသည်။
ပြောင်း
-----
ပြည်တွင်းငွေလဲနှုန်းပေါ်မူတည်ပြီး ပိုကုန်ပြောင်းစျေးကွက်မှာ အပြောင်းအလဲရှိနိုင်သော်လည်း လက်ရှိပြည်တွင်း၌ တစ်ဒေါ်လာ ကျပ် ၁,၇၈၀ - ၁,၈၃၀ ပေါက်စျေးရှိနေသဖြင့် ရန်ကုန်အဝယ်စျေး ပြောင်းတစ်ပိဿာ ကျပ် ၇၂၀ ခန့် အမြင့်ဆုံးဖြစ်နေသည်။ ထိုကြောင့် ပြောင်းစျေးမှာ ဒေသအလိုက် သယ်ယူစရိတ်လျော့ပါက တောင်ကြီးတွင် တစ်ပိဿာ ကျပ်၆၂၅ ၊ လွိင်ကော်တွင် တစ်ပိဿာကျပ် ၆၁၀၊ လားရှိုးတွင် တစ်ပိဿာ ကျပ် ၆၃၀-၆၆၀ ၊ မန္တလေးတွင် ၅၄ ပိဿာ တစ်အိတ်ကျပ် ၃၅,၅၀၀-၃၆,၀၀၀ ပေါက်စျေးရှိသည်။
↗ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို လက်ရှိအချိန် ပိုကုန် ပဲ၊နှမ်းများတင်ပိုရာတွင် နယ်စပ်မှတင်ပို့စရိတ်သည် ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းထက် ပိုမိုကုန်ကျနေခြင်းကြောင့် ကုန်သည်များအနေဖြင့် ပင်လယ်ရေကြောင်းမှ တင်ပို့မှုကို အားပြုရမည့်အခြေအနေဖြစ်လာပြီး ပဲ၊ နှမ်းစျေးကွက်တင်ပို့မှုတွင် အပြောင်းအလဲများ ဖြစ်လာနိုင်ကြောင်း ပဲ၊နှမ်းကုန်သည်များက သုံးသပ်ထားသည်။
Sources : ရွှေမန်း (The Farmer Media)