menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြောင်းသီးနှံ ဈေးကွက်သတင်း
🌽🌽🌽🌽🌽🌽🌽🌽🌽🌽
✅ဗဟိုဘဏ်က ပို့ကုန်ရငွေ ဒေါ်လာအပေါ် တစ်ရက်အတွင်း ၁,၈၅၀ ကျပ်ဖြင့် ပြောင်းလဲရောင်းချရမည်ဟု သတ်မှတ်လိုက်သဖြင့် နယ်ပွဲရုံများတွင် ပြောင်းဈေးအနည်းငယ်ကျဆင်းသွားနိုင်သည်ဟု သိရသည်။ ပို့ကုန်ရငွေအပါ်ပြောင်းလဲသတ်မှတ်လိုက်သည့် ဗဟိုဘဏ်၏မူဝါဒကြောင့် ပို့ကုန်ပြောင်းလုပ်ငန်းရှင်တွေ အပေါ်သက်ရောက်မှုနည်းသော်လည်း နယ်ပွဲရုံများတွင်မူ ပြောင်းဝယ်ဈေးအနည်းငယ်ကျဆင်းသွားနိုင် ကြောင်း နှင့် လက်ရှိမှာ FOB ပြောင်းပေါက်ဈေး တစ်တန် ၃၄၅ ဒေါ်လာဖြင့် ဈေးမြင့်တက်လာကြောင်း သိရပြီး လက်ရှိအခြေအနေအရ နောက်ပိုင်းမှာပြောင်းဈေး အနည်းငယ်ကျဆင်းလာနိုင်ကြောင်း မြန်မာနိုင်ငံပြောင်း စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်း အထွေထွေအတွင်းရေးမှူး ဦးတိုးတက်နိုင်က ပြောကြားသည်။
✅“ပို့ကုန်ရငွေ ဒေါ်လာအပေါ် တစ်ရက်အတွင်း ကျပ်ငွေ ၁,၈၅၀ ကျပ်အဖြစ် ပြောင်းလဲရောင်းချရမည် ဆိုတော့ ပြောင်းဈေးအနည်းငယ်ကျဆင်းသွားမယ်။ ဒီလိုပို့ကုန်ရငွေအပေါ်သတ်မှတ်တယ်ဆိုပေမယ့် ငွေလဲကောင်တာပေါက်ဈေးထက် ပိုမိုသတ်မှတ်ပေးထားတာပါ။ လက်ရှိမှာ အပြင်ပေါက်ဈေးနဲ့ ချိန်ရောင်းတာမျိုးဆိုတော့ ပို့ကုန်သမားတွေအတွက် အများကြီး ထိခိုက်စရာမရှိပါဘူး။ ဧပြီ (၄) ရက်နေ့မှာတော့ FOB ပြောင်းတစ်တန် အမေရိကန် ဒေါ်လာ ၃၄၅ ပေါက်ဈေးရှိပါတယ်။ လောလောဆယ် သင်္ကြန်ပြီးသည်ထိတော့ ပြောင်းဝယ်ဈေး ကျဆင်းနိုင်ပါတယ် ” ဟု၎င်းကပြောသည်။
✅ပြောင်းအပါအဝင် ပဲ၊ ပြောင်း၊ နှမ်း ပို့ကုန်သမားများအနေဖြင့် ပို့ကုန်များကို ကြိုတင်ဝယ်ယူစုဆောင်း တင်ပို့ရသည့် ပို့ကုန်အမျိုးအစားဖြစ်ခြင်းကြောင့်ကုန်ကြမ်းဝယ်ယူစဉ်ကတည်းက ပြင်ပ ဒေါ်လာပေါက်ဈေးကို ချိန်ညှိဝယ်ယူတင်ပို့ကြရသဖြင့် လက်ရှိ ဗဟိုဘဏ်၏သတ်မှတ်ဈေးမှာ ပို့ကုန်သမားများအတွက် အခက်အခဲဖြစ်နေကြောင်း ကုန်သည်အများစုက ဆိုသည်။
✅“ပြောင်းတင်ပို့သူများအနေဖြင့် ကုန်ကြမ်းကို အမေရိကန်ဒေါ်လာ တန်ဖိုး တစ်ဒေါ်လာ ကျပ် ၂,၀၅၀ နှုန်းခန့်ဖြင့် တွက်ချက်ဝယ်ယူတင်ပို့ခဲ့တာပါ။ ပြောင်းတင်ပို့ရောင်းချမှုက ပြဿနာမဟုတ်ပေမယ့် ပြန်ဝင်လာတဲ့ ပို့ကုန်ရငွေအပေါ် တစ်ဒေါ်လာ ၁,၈၅၀ ကျပ်သတ်မှတ်လိုက်တာက ဆုံးရှုံးမှုဖြစ်စေတာပါ။ နောက်အကြိမ်တွေမှာ တင်ပို့ဖို့ခက်ခဲသွားစေပါတယ်။ ဒီပုံစံအတိုင်းဆိုရင်တော့ ပြောင်းမှ မဟုတ်ဘူး ပို့ကုန်သမား အားလုံးအပေါ်ထိခိုက်မှုရှိပါတယ်” ဟု မန္တလေးပြောင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
✅လက်ရှိမှာ မြန်မာနိုင်ငံ၏ ပြောင်းစိုက်ပျိုးရိတ်သိမ်းပြီးစီးမှုအနေဖြင့် (၅၀-၆၀) ရာခိုင်နှုန်းကျော်ရှိနေပြီး သင်္ကြန်အကျော် ဧပြီလကုန်ပိုင်းတွင် ၈၀ ရာခိုင်နှုန်းအထိရိတ်သိမ်းပြီးနိုင်ကာ နောက်ကျစိုက် ပြောင်းစိုက်ခင်းများမှာ မေလကုန်တွင် အားလုံးရိတ်သိမ်းပြီးနိုင်ကြောင်းသိရပြီး ပြောင်းလက်ကျန်မှာ တောင်သူ/ကုန်သည်များထံတွင် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ အထိ အရောင်းအဝယ်ရှိနေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်းအသင်း အတွင်းရေးမှူး ဦးသန့်စင်ထွန်းထံမှ သိရသည်။
✅ဧပြီလ (၆) ရက်နေ့တွင် မန္တလေးကုန်စည်ဒိုင်ပြောင်းပေါက်ဈေးမှာ ၄၅ ပိဿာသုံးတင်းဝင်တစ်အိတ်လျှင် ဗမာပြောင်း ၄၉,၀၀၀ ကျပ် နှင့် ရှမ်းပြောင်း ၅၀,၀၀၀ ကျပ်ရှိရာ ယခင်သီတင်းပတ်ထက် ဈေးမြင့်တက် လျက်ရှိသည်။ လက်ရှိအချိန်တွင် ပြောင်းကို ပြည်တွင်းအစာစက်ရုံများမှဝယ်ယူခြင်း၊ မြဝတီနယ်စပ် ဂိတ်မှတင်ပို့ခြင်း၊ ပင်လယ်ရေကြောင်းမှ တင်ပို့ရောင်းချခြင်းများကြောင့် ပြောင်းဝယ်လိုအားကောင်း နေပြီး ဒေသအလိုက် ယခင်နှစ်ကထက်ပြောင်းဈေးကောင်း ရရှိနေကြောင်းသိရသည်။
✅သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (The Farmer Media)