menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြောင်းစျေးများ ပြန်လည်မြင့်တက်နေ .....
🌽🌽🌽🌽🌽🌽🌽🌽🌽🌽
↗️ လက်ရှိအချိန်တွင် ပြောင်းစျေးများပြန်လည်မြင့်တက်လာပြီး ထပ်မံမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ပြောင်းလုပ်ငန်းရှင်များ နှင့် ပြောင်းတောင်သူများထံမှ သိရသည်။ ငွေလဲလှယ်နှုန်းအပြင် ပြည်ပလိုအပ်ချက်ကြောင့် တင်ပို့မှုများရှိနေသည့်အတွက် ပြောင်းစျေပြန်ကောင်းလာခြင်းဖြစ်ကြောင်း သိရသည်။
↗️ ပြည်တွင်း၌ပြောင်းတစ်ပိဿာလျှင် ယခင်က ၁,၀၀၀ ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိမှာတော့ တစ်ပိဿာလျှင် ၁,၂၀၀ ဝန်းကျင်ထိ ဈေးမြင့်တက်လာကြောင်းသိရသည်။ ဒေသအလိုက် စျေးနှုန်း အပြောင်းအလဲ အတက်အကျများရှိနေကြောင်း ပြောင်းလုပ်ငန်းရှင်များကဆိုသည်။ “လက်ရှိ ပြောင်းက ရန်ကုန်ပေါက်စျေးက ၁,၂၀၀ အထိ ရှိနေတယ်။ စျေးတွေက တစ်နေ့နဲ့တစ်နေ့ အပြောင်းလဲရှိနိုင်တယ်၊ အတည်တကျမရှိဘူး" ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဂုဏ်ထူးဆောင်နာယက ဉီးမင်းခိုင်ထံမှ သိရသည်။
↗️ Normal Trade အနေဖြင့် အိန္ဒိယ၊ ဖိလစ်ပိုင်နှင့်ဗီယမ်နမ် ဘက်သို့ တင်ပို့နေကြောင်းသိရသည်။ လက်ရှိ FOB စျေးနှုန်း ပြောင်းတစ်တန်လျှင်၂၀၂၂ခုနှစ် အောက်တိုဘာလက ၂၉၀ မှ ၃၀၀ ဒေါ်လာကြား ပေါက်စျေးအထိရှိပြီး လက်ရှိ ဒေါ်လာ ၃၂၀ အထိရှိကြောင်းသိရသည်။
↗️ “အခုက နယ်စပ်ဂိတ်တွေ တော်တော်များများပြန်ဖွင့်နေပြီဆိုတော့ ပြည်တွင်းလိုအပ်ချက်တွေ ထည့်တွက်ရင် ပြောင်းစျေးကျဖို့ဆိုတာလုံးဝမရှိနိုင်ဘူးလို့ ထင်မြင်တယ်၊ ဈေးက ၁,၅၀၀ အထိ စျေးဖြစ်ဖို့များတယ်" ဟု ပြောင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
↗️ အခြေအနေအမျိုးမျိုးကြောင့် တစ်ချို့ဒေသများတွင် စိုက်ပျိုး၍မရခြင်း၊ စိုက်ပျိုးထားသော်လည် မပြုစုမပျိုးထောင်နိုင်ခြင်းတို့ကြောင့် စုစုပေါင်း ထုတ်လုပ်မူပမာဏလျော့ကျခဲ့ပြီး ဆောင်းပြောင်း စိုက်ပျိုးရန်အတွက်လည်း ဒေါ်လာစျေးမြင့်တက်နေခြင်းကြောင့် မြေဩဇာအပါအဝင် သွင်းအားစုစျေးများမြင့်တက်နေ၍ အစားထိုးသီးနှံများ ပြောင်းလဲစိုက်ပျိုးမှုများရှိကာ ပြောင်းအထွက်နှုန်းကျဆင်းနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
↗️ ပြည်ပနိုင်ငံများမှာ ပြောင်းအထွက်နည်းနေပြီး လိုအပ်ချက်များရှိနေဦးမည်ဖြစ်၍ ပြောင်းစျေးကွက် အနေဖြင့် ပိုမိုကောင်းလာကာ တစ်ပိဿာလျှင် ၁,၅၀၀၊၂,၀၀၀ စျေးအထိ ဖြစ်လာနိုင်ကြောင်းလည်း တချို့ကသုံးသပ်ကြသည်။ သို့သော် တချို့ဒေသများတွင် တစ်ပိဿာလျှင် ၁,၀၅၀ ဝန်းကျင်လောက်သာရှိ၍ စျေးမရကြောင်းလည်းသိရသည်။
↗️ နှစ်စဉ်ပြည်တွင်း၌ တစ်နှစ်လျှင် ပြောင်းတန်ချိန် ၂.၃သန်း နှင့် ၂.၆သန်း ကြားတွင် ထွက်ရှိလျက်ရှိပြီး ယခုနှစ်တွင်အထွက်နှုန်းလျော့ကျနေခြင်းဖြစ်ကြောင်းသိရသည်။
↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ(AMIA)