menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပဲရည်ညွှန်ဈေးသတ်မှတ်မည့်သတင်းများကြောင့် ပို့ကုန်ပဲများဈေးကျဆင်းလာ
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
⏩ အိန္ဒိယနိုင်ငံ၏ ပဲရည်ညွှန်ဈေးသတ်မှတ်မည့်သတင်းများကြောင့် ပို့ကုန်ပဲများဈေးကျဆင်းနေကြောင်း ပဲကုန်သည်များထံက သိရသည်။ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံးမှာ ဈေးကျဆင်းမှုရှိလာတာကြောင့် စောင့်ကြည့် အရောင်းအဝယ်လုပ်နေကြတာကြောင့် အရောင်းအဝယ်ခပ်အေးအေးသာရှိနေသော်လည်း ပြည်တွင်းမြေပဲဆံမှာ ပြည်တွင်းစက်ပိုင်များ အဝယ်ကောင်းသဖြင့် ဈေးကောင်းရနေခြင်းဖြစ်သည်။
⏩ ပို့ကုန်ပဲတွေ သီတင်းပတ်နှစ်ပတ်ဆက်တိုက် ဈေးကျဆင်းနေကြောင်း စံချိန်တင်အမြင့်ဆုံးဈေးတွေ ပေါက်ဈေးရှိလာရာမှ အိန္ဒိယနိုင်ငံ၏ ပြည်တွင်းပဲဈေးနှုန်းကို သက်မှတ်ဈေးအတိုင်း ရောင်းချရန်ဆိုသည့် သတင်းများကြောင့် ရန်ကုန်ဝယ်လက်များ၏ စောင့်ကြည့်ဝယ်ယူမှုများကြောင့် ပြည်တွင်း ပဲဈေးတွေကျဆင်းကြောင်း ပြည်တွင်းသုံးပဲမာလိုင်းများမှာနယ်စုံဝင်လာတာကြောင့် အမြင့်ဈေးမှ အနည်းငယ်ကျဆင်းလာကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။
⏩ “ပဲစင်းငုံ၊ မတ်ပဲတွေ ဈေးကျဆင်းလာပါတယ်။ ပို့ကုန်ပဲစင်းငုံတစ်အိတ် အမြင့်ဆုံးဈေး ငွေကျပ် ၄၂၀,၀၀၀ ထိ ပေါက်ဈေးရောက်ပြီးမှ ဒီနေ့ပေါက်ဈေး တစ်အိတ် ငွေကျပ် ၃၆၅,၀၀၀ ထိ ဈေးကျဆင်းသွားပါတယ်။ ပြည်တွင်း ပဲမာလိုင်းတွေကလည်း အသစ်ဝင်ရောက်မှုများလာပါတယ်။ တစ်အိတ် ငွေကျပ် ၄သိန်းကျော် ပဲတွေကတော့ ဈေးအေးလာမယ့်အခြေအနေရှိလာပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ပဲဈေးကို ရည်ညွှန်း ဈေးသတ်မှတ်မယ့်သတင်းတွေကြောင့် ယခုလိုဈေးကျဆင်းလာတာပါ။ ဈေးကွက်တစ်ခုလုံး ခြုံပြီးသုံးသပ်ရရင် လက်ရှိပေါက်ဈေးတွေနဲ့ အရောင်းအဝယ်ခပ်အေးအေးသာရှိနေပါတယ်။ မြေပဲ ဆံတစ်မျိုးသာ ပြည်တွင်းစက်ပိုင်များအဝယ်ကောင်းနေလို့ ဈေးအကောင်းကြီးမဟုတ်သော်လည်း အရောင်းအဝယ်သွက်နေပါတယ်” ဟု ၎င်းကပြောသည်။
⏩ ဖေဖော်ဝါရီ(၂၂)ရက်တွင် မတ်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၈၀,၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၃၆၆,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပဲတီစိမ်းအညာတစ်အိတ်လျှင် ငွေကျပ် ၁၈၅,၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ အနည်းငယ်ဈေးကျဆင်းနေပြီး ဖေဖော်ဝါရီ (၂၂)ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၆၇,၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၇၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၆၀,၀၀၀၊ 929 ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၉,၀၀၀ ပေါက်စျေးရှိနေသည်။
⏩ ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၅၅,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၄၂၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၇၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၁,၀၀၀၊ မြေပဲအနီလုံးဆံ (မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၈,၅၀၀ - ၈,၇၀၀ ပေါက်စျေးရှိနေသည်။
⏩ ဖေဖော်ဝါရီ (၂၂) ရက်တွင် နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၁၅,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၁၅,၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၃၂၀,၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေကျပ် ၄၂၀,၀၀၀ အသီးသီးပေါက်ဈေးရှိနေသည်။
⏩ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)