menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပဲကြီး နှင့် စားတော်ပဲ ဈေးမြင့်တက်ပြီးအဝယ်သွက်နေသည့် ယခုတစ်ပတ်ပဲမျိုးစုံဈေးကွက် .....
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
✅ မန္တလေးပဲ၊နှမ်းဈေးကွက်တွင် ပြည်တွင်းသုံးပဲမာလိုင်းများတွင် ပဲကြီးနှင့်စားတော်ပဲဈေးမြင့်တက် အဝယ်သွက်နေသော်လည်း ပို့ကုန်ပဲများမှာဒေါ်လာငွေဈေးတည်ငြိမ်နေတာကြောင်း ဈေးကျဆင်းနေကြောင်းကုန်သည်များထံကသိရသည်။
✅ ပို့ကုန် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းများမှာ ဇူလိုင်လဆန်းကတည်းက အနည်းငယ်အတက်အကျရှိသော်လည်း ပြည်တွင်းဒေါ်လာငွေဈေးတည်ငြိမ်နေတာကြောင့် ဈေးတက်လာခြင်းမရှိကြောင်း၊ ပြည်တွင်းသုံးကုလားပဲများနဲ့ ပဲမာလိုင်းများမှာလည်း ပြည်တွင်းစားသုံးမှု အတွက်သာပုံမှန်ရောင်းဝယ်နေကြောင်း ထူးထူးခြားခြား ဈေးကောင်းနေတာကတော့ ပဲကြီးနှင့် စားတော်ပဲများမှာ အမြင့်ဈေးဖြစ်လာကြောင်း လှောင်လက်သမားများအတွက်တော့ အကျိုးအမြတ်ရရှိကြောင်း၊ လက်ရှိမှာ နှမ်းမျိုးစုံမှ တရုတ်ပို့ကုန် အတွက် ဈေးကွက်အတွင်း အဝင်ရှိသလောက်အဝယ်ရှိနေကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။
✅ ပို့ကုန်ပဲအရောင်းအဝယ်ကတော့ ပြည်တွင်းငွေလဲနှုန်းငြိမ်နေတာနဲ့အတူ အရောင်းအဝယ်အေးနေပါတယ်။ ပြည်တွင်းသုံးကုလားပဲတွေလည်း တက်နည်းနည်းကျနည်းနည်းနဲ့ပုံမှန်သာအရောင်းအဝယ်ရှိနေပါတယ်။ ပဲမာလိုင်းတွေက အရင်လတွေကတည်းကဈေးကျဆင်းနေတာကနေပဲကြီးနဲ့ စားတော်ပဲကတော့ ဈေးကောင်း အဝယ်သွက်နေပါတယ်။ ပဲလက်ကျန်ကလည်း လှောင်လက်သမားတွေဆီမှာပဲရှိတော့တယ်။ နှမ်းမျိုးစုံကတော့ ပြည်တွင်းဆီစက်သမားတွေထက် တရုတ်လိုင်း ပို့ကုန်သမားတွေ အဝယ်ကောင်းနေပါတယ်" ဟု ၎င်းကပြောသည်။
✅ ဇူလိုင်(၁၈)ရက်တွင် ပို့ကုန်ပဲများဖြစ်သည့် ပဲစင်းငုံ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၆၆,၀၀၀၊ မတ်ပဲ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၈၃,၀၀၀၊ ပဲတီစိမ်း(အညာ) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၈၀,၀၀၀ - ၄၀၀,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ အနည်းငယ် အတက်အကျရှိသော်လည်း အရောင်းအဝယ်ပုံမှန်ရှိနေရာ V2 ကုလားပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေ ကျပ် ၂၆၃,၀၀၀၊ V7သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၆၇,၀၀၀၊ ထိုင်ဝမ်ကုလားပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၄၅,၀၀၀၊ 929 ကုလားပဲ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၅၇,၀၀၀ ပေါက်ဈေး ရှိနေသည်။
✅ ပြည်တွင်းသုံးပဲမာလိုင်းများတွင် ဇူလိုင်လဆန်းပိုင်းကတည်းက တဖြေးဖြေးဈေးမြင့်တက်လာရာ ဇူလိုင် (၁၈)ရက်တွင် ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၃၅,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၅၈၀,၀၀၀၊ ပဲနီပြာ(ကျွန်း)တစ်အိတ်လျှင် ငွေကျပ် ၄၄၀,၀၀၀၊ ပဲထောပတ်(သစ်)တစ်အိတ်လျှင် ငွေကျပ် ၃၁၅,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၀၀,၀၀၀၊ စားတော်ပဲ(ကနေဒါ)တစ်အိတ်လျှင် ငွေကျပ် ၅၀၀,၀၀၀ ထိ ဈေးမြင့်တက်လာသည်။
✅ ယခုဇူလိုင်ဆန်းပိုင်းကတည်းက အရောင်းအဝယ်ကောင်းနေသည့် နှမ်းဈေးကွက်မှာ လက်ရှိ ဈေးကွက်တွင် နှမ်းနက်သုံးတင်းဝင် တစ်အိတ်ကျပ် ၃၀,၀၀၀ ခန့် ဈေးမြင့်တက်လာသည်။ တရုတ်လိုင်းတင်ပို့ရန်နှမ်းနက်မှာ ပို့ကုန်အတွက်ဝယ်ယူနေခြင်းကြောင့် နှမ်းဈေးမျိုးစုံနှင့် မြေပဲဆံများ အရောင်းအဝယ်ကောင်းနေခြင်းဖြစ်ရာ ဇူလိုင်(၁၈)ရက်တွင် နှမ်းနက် သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၈၆၀,၀၀၀၊ နှမ်းဖြူ(ဂျပန်)သုံး တင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၈၅,၀၀၀၊ နှမ်းဖြူ(ဗမာ) သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၃၀၅,၀၀၀၊ နှမ်းညို သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၂၉၀,၀၀၀ ပေါက်ဈေးရှိနေပြီး လက်ရှိအချိန်တွင် မန္တလေးကွက်တွင်သာ အဓိကအရောင်းအဝယ်ဖြစ်နေသည့် မြေပဲအနီလုံးဆံတစ်ပိဿာလျှင် ငွေကျပ် ၉,၄၀၀၊ မြေပဲဆီတစ်ပိဿာလျှင် ငွေကျပ် ၁၇,၅၀၀၊ ပဲဖတ်တစ်ပိဿာလျှင် ငွေကျပ် ၄,၅၀၀ - ၄,၅၅၀ အသီးသီးပေါက်ဈေးရှိနေကြောင်း သိရသည်။
✅ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)