menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပဲမျိုးစုံ ဈေးကွက် အခြေအနေ
🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿
↗️မန္တလေးပဲမျိုးစုံဈေးကွက်အတွင်း ပြည်ပပို့ကုန်ပဲများဖြစ်သည့် မတ်ပဲ ၊ ပဲတီစိမ်း၊ ပဲစင်းငုံ တို့ကို ဈေးနှုန်းသတ်မှတ်ချက်မရှိဘဲ ကြိုက်ရောင်း ကြိုက်ဝယ်စနစ်ဖြင့်သာရောင်းဝယ်နေရကြောင်း မန္တလေးပွဲစား ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းကသိရသည်။
↗️“ကုန်စည်ဒိုင်က ဖွင့်လှစ်နိုင်ခြင်းမရှိသေးသလို၊ အရောင်းအဝယ်ကလည်း ဘာမှပြောမရတဲ့အခြေအနေ ဖြစ်နေတယ်။ ဈေးကွက်ထဲမှာ ဝယ်ချင်တဲ့ကုန်သည်က ဖြတ်တဲ့ဈေးကို ရောင်းချင်တဲ့သူကဈေးကြိုက်ရင် ရောင်းတဲ့ပုံစံဖြစ်နေတယ်” ဟု ကုန်သည်တစ်ဦးကပြောသည်။လတ်တလောအကြပ်အတည်းများကြောင့် အိန္ဒိယနိုင်ငံသို့ တင်ပို့နေသည့် ပဲစင်းငုံနှင့်မတ်ပဲဈေးများကျဆင်းလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသို့တင်ပို့ နေသည့် ပဲတီစိမ်း၊ နှမ်းတို့မှာလည်းအလားတူပင် အကျဘက်သို့ဦးတည်လျက်ရှိကြောင်းသိရသည်။
↗️မတ်လ၁ ရက်က ပဲစင်းငုံ သုံးတင်းဝင်တစ်အိတ်လျှင် ၇၃,၀၀၀ မှ ၇၅,၀၀၀ကျပ် ကြား ရှိခဲ့ရာမှ မတ် ၉ ရက်တွင် ၇၀,၀၀၀ကျပ်သို့ ကျဆင်းသွားသည်။ အလားတူပင် မတ်ပဲမှာလည်း ၈၂,၀၀၀ ကျပ်မှ ၇၆,၀၀၀ ကျပ်သို့၊ နှမ်းနက်မှာ ၁၂၂,၀၀၀ ကျပ်မှ ၁၁၀,၀၀၀ ကျပ်သို့၊ နှမ်းဖြူမှာ ၁၁၅,၀၀၀ ကျပ်မှ ၁၁၂,၀၀၀ ကျပ်သို့ အသီးသီး ကျဆင်းလာကြောင်း သိရသည်။
↗️“အခုက လှောင်တဲ့သူကလည်းမရှိသလောက်နည်းလာတယ်။ ပြည်ပပို့ဖို့ကြတော့ ငွေကြေးကိစ္စရပ်တွေက ဘယ်လိုပုံစံမျိုး ဖြစ်မလဲဆိုတာ မသိရသေးဘူး။ အဲဒါကြောင့် ငွေကြေးစီးဆင်းရပ်တန့်သလောက်ဖြစ်နေတာနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် လက်ရှိအခြေအနေကတော့ ပဲဈေးကွက်ကောင်းနိုင်တဲ့ အခြေအနေမရှိပါဘူး” ဟု ကုန်သည်တစ်ဦး သူ့၏အမြင်ကိုပြောသည်။ လက်ရှိအချိန်သည် နယ်ပေါင်းစုံ တွင် ပဲထွက်ရှိကာ ဈေးကွက်ကောင်းတတ်သော ကာလဖြစ်သော်လည်း လက်ရှိအခြေအနေများကြောင့် တောင်သူများအခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။
↗️“နှစ်စဉ်ကတော့ မြေပဲ၊ ကုလားပဲတွေ သိမ်းပြီးပြီးချင်း ကျွန်တော်တို့ပေါ်သလောက်ကို ပွဲစားတွေ လာဝယ်တယ်။ ဒီနှစ်တော့ ကိုယ်တိုင်သွားရောင်းရတယ်။ ဈေးကလည်း သူတို့ဖြတ်ဈေးပါပဲ။ အခုက အခြေအနေတွေက ဘာမှန်းမသိတော့ အရင်းရပြီးရောဆိုပြီး ရောင်းနေရတဲ့ပုံစံမျိုးဖြစ်တယ်၊ ရွှေဘို ဘက်က ဆည်ရေကလည်းမရတော့ ဘာလုပ်ရမယ်မှန်းကိုမသိဖြစ်နေတယ်” ဟု ဝက်လက်ခရိုင်၊ ပြွန်ဦးကျေးရွာမှ တောင်သူတစ်ဦးကပြောသည်။
မျိုးသန့်
မြန်မာတောင်သူကြီးများဂျာနယ်