menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပဲမျိုးစုံ ဈေးကွက်အခြေအနေ
🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿
✔️ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် နယ်စပ်ဂိတ်များမှတဆင့် တင်ပို့နေသည့် ပို့ကုန်ပဲမျိုးစုံ အရောင်းအဝယ်ရပ်သွားသော်လည်း ပြည်တွင်း စားသုံးမှုမြင့်တက်လာနေခြင်းကြောင့် ကုလားပဲအုပ်စုဝင်ပဲများ စျေးမြင့်တက်လာကြောင်း ပဲကုန်သည်များထံမှ သိရသည်။
✔️ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ တရုတ်နယ်စပ်ဂိတ်များ အဝင်အထွက် မရှိတော့သဖြင့် တရုတ်ပို့ကုန် ပဲအမျိုးအစားများမှာ အရောင်းအဝယ်အေးသွားခဲ့သည်။ အိန္ဒိယနိုင်ငံသို့ တင်ပို့နေသည့် မတ်ပဲ၊ ပဲစင်းငုံတို့သည်လည်း သင်္ဘောအဝင် အထွက်နည်းသွားခြင်းကြောင့် ပဲစျေးကွက်မှာ ဇူလိုင်လအတွင်း အရောင်းအဝယ် အေးနေခဲ့သည်။ ပြည်တွင်း၌ တကျော့ပြန် ကိုဗစ်ရောဂါကူးစက်မှုများကြောင့် ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် နေအိမ်တွင် နေထိုင်ရေး (Stay at Home) ကြေငြာထားသဖြင့် ကုန်စည်ဒိုင်များတွင် အရောင်းအဝယ်လုံးဝမရှိတော့ဘဲရပ်ဆိုင်းသွားသည်မှာ ယနေ့တိုင်ဖြစ်သည်။
✔️သို့သော်လည်း ပြည်တွင်း စားသုံးမှု မြင့်မားလာခြင်း ၊ ပြည်ပ စားတော်ပဲ အဝင်မရှိတော့ခြင်းကြောင့် ကုလားပဲ အုပ်စုဝင်ပဲများမှာ သုံးတင်းဝင်တစ်အိတ် ပုံမှန်ဈေး ကျပ် ၈၀,၀၀၀-၉၀,၀၀၀ ဝန်းကျင်မှ လက်ရှိအချိန် (သြဂုတ်လ ၈ ရက်)တွင် ကုလားပဲတစ်အိတ် ကျပ် ၁၁၅,၀၀၀ ထိပေါက်စျေးရှိလာကြောင်း ရွှေစင်သိန်း ပွဲရုံပိုင်ရှင်ဦးကျော်သွင် က ပြောသည်။
✔️“နယ်စပ်တွေပိတ်သွားလို့ တရုတ်နိုင်ငံကနေ အဝင်ရောအထွက်ရော လုံးဝမရှိတော့ဘူး။ ပုံမှန် စျေးကွက်ကိုဝင်နေတဲ့ ကနေဒါစားတော်ပဲကလည်း အဝင် လုံးဝမရှိတော့ ပြည်တွင်းသုံး ကုလားပဲ အုပ်စုစျေးမြင့်တက်လာတယ်။ လက်ရှိကာလမှာ တောင်သူ လက်ဝယ်မှာပဲမျိုးစုံပစ္စည်းမရှိတော့ချိန် ဖြစ်တော့ ကုန်သည်တွေ လက်ထဲမှာပဲ အရောင်းအဝယ်က ရပ်နေတာမျိုးပါ။ တောင်သူထိခိုက်မှု မရှိပါဘူး။ အဓိကတော့ သြဂုတ်လ ဆန်းပိုင်းမှာ ပြည်တွင်းသုံး ကုလားပဲတွေ တစ်အိတ် ၁၁၅,၀၀၀ ထိ ပေါက်စျေးရှိလာတယ်။ အခြားပို့ကုန်ပဲတွေကတော့ အရောင်းအဝယ် ရပ်နေတယ်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေကြောင့် မန္တလေး ကုန်စည်ဒိုင်ကလဲ ပိတ်ထားရတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်သွယ်ရောင်းဝယ်မှု အနည်းငယ်လောက်ပဲ ရှိတော့တယ်” ဟု ၎င်းကပြောသည်။
✔️တကျော့ပြန်ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့် မန္တလေးကုန်စည်ဒိုင်ပိတ်ထားပြီး နေ့စဉ် ပဲမျိုးစုံပေါက်စျေး သတင်းအချက်အလက်များ မသိရှိရတော့ဘဲ ကုန်သည်ချင်း အနည်းငယ်သာ အရောင်းအဝယ်ရှိတော့ကြောင်း၊ ပို့ကုန်အနေဖြင့် အများစုရောင်းဝယ်မှု လုံးဝရပ်တန့်သွားကြောင်း နှင့် ပြည်တွင်းသုံးစွဲသည့် ကုလားပဲသာ ပဲခွဲစက်များက ဝယ်ယူကြိတ်ခွဲရောင်းချသည့် လက်လီစျေးကွက် သာရှိတော့ကြောင်း မန္တလေးပဲကုန်သည် ဦးဌေးအောင်က ပြောသည်။
✔️“ကုန်စည်ဒိုင်ကတော့ ပိတ်ထားတော့ အရောင်းအဝယ် အများပေါက်စျေးကတော့ မသိနိုင်တော့ဘူး။ အချင်းချင်း ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်သွားတယ်။ ပြည်တွင်းလက်လီ ဝယ်လိုအား ကောင်းလာတာက ကုလားပဲတွေနဲ့ ပြည်တွင်းစား ပဲမျိုးစုံလောက်ပဲ အရောင်းအဝယ်ကောင်းနေတာပါ။ စက်သမားတွေက ဝယ်ပြီး ပြန်ကြိတ်ခွဲရောင်းတာလေတွေပဲရှိနေတယ်။ ပို့ကုန်ပဲတွေကတော့ အရောင်းအဝယ်ရပ်နေတယ်။ ဒီတစ်ခေါက်ပြန်ဖြစ်လာတဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကလည်း စိုးရိမ်စရာဖြစ်နေတော့ ပဲမျိုးစုံ အရောင်းအဝယ်ကတော့ အေးနေတာပါ”ဟု ၎င်းက ပြောသည်။
✔️လက်ရှိအချိန်တွင် တရုတ်နယ်စပ်ဂိတ်များ ပိတ်ထားခြင်းကြောင့် ပဲမျိုးစုံအပါအဝင် ပို့ကုန် လယ်ယာ ထွက်ကုန်များ စျေးကွက်မှာအရောင်းအဝယ် ရပ်တန့်သွားသည်မှာ တစ်လကျော်ကြာမြင့်နေပြီး နောက်ထပ် ခြောက်လနီးပါးကြာမြင့်နိုင်ကြောင်း တရုတ်နယ်စပ်ကုန်သည်ကြီးများက သုံးသပ်ထားသည်။
Sources : ရွှေမန်း (မြန်မာတောင်သူကြီးများဂျာနယ်)