menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပဲမျိုးစုံ နှင့် ဆီထွက်သီးနှံ ဈေးကွက်အခြေအနေ
🌿🌱🥜🌱🌿🥜🌿🌱🥜🌱🌿
✔️ယခုရက်ပိုင်းတွင် ပြည်ပမှတင်သွင်းနေသည့် စားအုန်းဆီစျေး တစ်ပိဿာကျပ် ၄,၀၀၀ ကျော်ထိ မြင့်တက်လာပြီး ပြည်တွင်း ပဲဆီစျေးနှုန်းမှာ ကျပ် ၆,၀၀၀ ဝန်းကျင်ရှိသဖြင့် မြေပဲဆီကို ပြောင်းလဲစားသုံးလာမှုကြောင့် ပြည်တွင်းဆီစက်များ လည်ပတ်အားကောင်းလာကာ မြေပဲဆံမျိုးစုံ စျေးကွက်အတွင်း အဝယ်သွက်ကာ အရောင်းအဝယ်ကောင်းလာကြောင်း သိရသည်။
✔️“မြေပဲဆံ အရောင်းအဝယ်ကတော့ လက်ရှိပေါက်စျေးအတိုင်းအရောင်းအဝယ်ဖြစ်ပေမယ့် တရုတ်လိုင်းအတွက် ပမာဏများများအဝယ်မရှိသေးဘူး ။ ဆီစက်တွေက ပဲဆီရောင်းအားကောင်း လာတော့ မြေပဲစျေးက ပေါက်စျေးအတိုင်း အဝယ်သွက်လာပါတယ်။ ပဲဆီအရောင်းသွက်လာသလို ပဲဖတ်စျေးကလည်း စျေးကောင်းလာတော့ ဆီစက်တွေ ပြန်လည်ပတ်အားကောင်းလာပါတယ်"ဟု ရွှေစင်သိန်း ပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။
✔️ထိုသို့ ဆီစက်များလည်ပတ်အားကောင်းလာသဖြင့် မြေပဲလုံးဆံ တစ်ပိဿာ ကျပ် ၂,၉၅၀ ၊ အနီလုံးဆံ တစ်ပိဿာကျပ် ၂,၇၀၀ ပေါက်စျေးဖြင့် အရောင်းအဝယ်သွက်နေသည်။ ပြည်တွင်း မြေပဲဆီမှာ တစ်ပိဿာ ကျပ် ၅,၅၀၀-၆,၀၀၀ ၊ နေကြာဆီ တစ်ပိဿာ ကျပ် ၆,၀၀၀-၆,၅၀၀ ၊ စားအုန်ဆီ တစ်ပိဿာ ကျပ် ၄,၁၄၀ စျေးရှိကြောင်း မန္တလေးကုန်စည်ဒိုင်မှ သိရသည်။
✔️တချိန်တည်းမှာပင် အောင်လံ နှင့် မကွေးဘက်မှ နှမ်းနက်များ အသစ်ဝင်ရောက်လာပြီး ကုန်သည်များ ဝယ်ယူစုဆောင်းချိန်ဖြစ်သောကြောင့် အဝင်ရှိသလောက် အဝယ်သွက်နေသည်။ ယခုနှစ် အသစ်ဝင်ရောက်လာသည့် နှမ်းနက်အများစုမှာ အက်စစ် မလွတ်ခြင်းများရှိသဖြင့် အရည်အသွေး ကျဆင်းမှုများရှိနေကြောင်း ၊ အရည်အသွေးကောင်းထိပ်စ နှမ်းနက်တစ်အိတ် ကျပ် ၂၁၀,၀၀၀ ထိပေါက်စျေးရှိသော်လည်း အက်စစ်မလွှတ်လျှင် ကျပ် ၁၂၀,၀၀၀-၁၃၀,၀၀၀ ခန့်သာ ပေါက်စျေး ရှိကြောင်း သိရသည်။
✔️"အက်စစ်မလွတ်ရင် တစ်အိတ်ကျပ် ၈၀,၀၀၀ လောက် လျော့နည်းကွာခြားမှု ရှိနေပါတယ်။ ဒီအချိန်ကတော့ ကုန်သည်တွေ နှမ်းဝယ်စုချိန်ဖြစ်လို့ အရည်အသွေးအလိုက် ဝယ်လိုအား ကောင်းပါတယ်” ဟု ဦးကျော်သွင်က ပြောသည်။
✔️ပဲတီစိမ်းမှာမူ တရုတ်နိုင်ငံသို့တင်ပို့ရန် အဝယ်မရှိသေးသော်လည်း လက်ကျန်နည်းလာကာ အိန္ဒိယ ပို့ကုန်အတွက် ရန်ကုန်မှအဝယ်လိုက်နေသဖြင့် ယခင်သီတင်းပတ်ထက် သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၅,၀၀၀ မှ ကျပ် ၇,၀၀၀ ထိစျေးမြင့်တက်လာပြီး စက်တင်ဘာ ၂၃ ရက်တွင် တစ်အိတ်ကျပ် ၁၂၂,၀၀၀ ထိ စျေးမြင့်တက်လာကြောင်း ပဲ၊နှမ်း ကုန်သည် ဦးဌေးအောင်ကပြောသည်။
✔️ပဲစင်းငုံ နှင့် မတ်ပဲကုန်စည်မှာ ဒေါ်လာစျေးကျဆင်းမှုမရှိခြင်းကြောင့် စျေးနှုန်း အတက်အကျ မတည်ငြိမ်ပဲ ပြောင်းလဲမှုမြန်ဆန်နေသည်။ စက်တင်ဘာ တတိယ သီတင်းပတ် ၂၃ ရက်နေ့တွင် သုံးတင်းဝင်တစ်အိတ် ကျပ် ၁၃၆,၀၀၀ ကျော်ထိ ဆက်လက်မြင့်တက်နေသည်။ မတ်ပဲစျေးမှာ ယခင် သီတင်းပတ်ထက် ကျပ် ၁၀,၀၀၀ ခန့်သိသိသာသာစျေးတက်လာပြီး သုံးတင်းဝင်တစ်အိတ် ကျပ် ၁၅၈,၀၀၀ ထိ စျေးရှိလာကြောင်း သိရသည်။
✔️ပဲစျေးကွက်အတွင်း ပြည်ပစားတော်ပဲ (ကနေဒါ) တစ်အိတ်ကျပ် ၁၇၈,၀၀၀ ကျော် အမြင့်စျေးဖြင့် အနည်းငယ်ဝင်ရောက်လာသဖြင့် ပြည်တွင်းသုံးကုလားပဲအုပ်စုများ စျေးတန့်နေသည်။ ဆက်လက်၍ အဝင်များလာပါက စျေးနှုန်းပြန်လည်ကျဆင်းလာနိုင်ကြောင်းနှင့် ပြည်တွင်းကုလားပဲမှာ စက်တင်ဘာ (၂၃) ရက်တွင် ဗွီးတူးကုလားပဲတစ်အိတ် ကျပ်၁၃၁,၀၀၀ ၊ နိုင်းတူးနိုင်းကုလားပဲ တစ်အိတ် ကျပ် ၁၂၂,၀၀၀ ၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ် ကျပ် ၁၁၈,၀၀၀ ဖြင့် အသီးသီး ပေါက်စျေးရှိကြောင်း မန္တလေးကုန်စည်ဒိုင်မှ ထုတ်ပြန်ထားသည်။
✔️ပြည်တွင်း၌ ကိုဗစ်-၁၉ ကူးစက်မှုလျော့ကျလာခြင်းနှင့်အတူ စက်တင်ဘာလကုန်ပိုင်းတွင် နယ်ကုန်များ အဝင်ကောင်းလာသဖြင့် ပဲ၊ နှမ်းကုန်စည်ဒိုင်တွင် အရောင်းအဝယ် ပြန်လည်စည်ကားလာကြောင်း သိရသည်။
✔️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Credit to : ရွှေမန်း (မြန်မာတောင်သူကြီးများဂျာနယ်)