menu

ပဲမျိုးစုံ နှင့် နှမ်း ဈေးကွက် အခြေအနေ


🌿🍃🌱🍃🌿🌿🍃🌱🍃🌿

မြန်မာပြည်အထက်ပိုင်း မန္တလေးပဲမျိုးစုံဈေးကွက်မှာ ပဲအများစုကတော့ ဈေးတက်သလိုဖြစ်နေပါတယ်။ ပြည်ပ တင်ပို့ဖို့ အများစု အဝယ်နည်းနေပေမယ့် ပြည်တွင်းငွေဈေးနှုန်းက တက်နေတော့ ဈေးတက်သလို ဖြစ်နေတာဖြစ်ကြောင်း မန္တလေးပွဲစား ကုန်သည် စက်ပိုင်များမဟာကထိန်တော်အသင်းက သိရသည်။

🌿ပဲစင်းငုံ🌿

သုံးတင်းဝင်တစ်အိတ် မေလ ပထမပတ်အကုန် ၈၄,၅၀၀ကျပ် သာရှိပေမယ့် မေ ၁၄ရက်မှာတော့ ၈၇,၀၀၀ ကျပ် ထိ မြင့်တက်လာပါတယ်။ ရေလမ်းကြောင်းကနေတဆင့် အနည်းငယ်ပဲ တင်ပို့နိုင်ပေမယ့် ဒေါ်လာနဲ့ လဲလှယ်တဲ့ ကျပ်ငွေပမာဏ များပြားလာတဲ့အတွက် ပြည်တွင်းမှာဈေးနှုန်းအနည်းငယ် မြင့်တက်လာခြင်းဖြစ်ပါတယ်။ "သင်္ဘောတင်တဲ့ အရေအတွက်က နည်းပေမယ့် ဒေါ်လာဈေးနှုန်းက ခုဆိုရင် တစ်ဒေါ်လာကိုမြန်မာငွေ ၁,၆၀၀ကျပ် အထက်မှာ ရှိတယ်။ အဲဒါကြောင့် အခုလို ဈေးနှုန်းတွေ မြင့်တက်လာတာဖြစ်ပါတယ်။ ဒီလိုမြင့်တက်နေပေမယ့် ပြည်တွင်းမှာ ဘဏ်တွေက ငွေကြေးထုတ်ယူမှု ပိုင်း ခက်ခဲနေတာနဲ့ ပြင်ပကနေ ငွေထုတ်ရင်လည်း ရာခိုင်နှုန်းတွေထပ်ပိုပေးရတဲ့အတွက် စိုက်ပျိုးသူ ရော၊ ကုန်သည်ရောအကျိုးအမြတ် မရကြပါဘူ"ဟု ပဲကုန်သည် ဦးတင်မောင်က ပြောပါတယ်။

🍃ပဲတီစိမ်း🍃

 မေလ ၇ ရက်က သုံးတင်းဝင်တစ်အိတ် ၁၀၁,၀၀၀ကျပ် မှ မေ ၁၄ ရက်မှာ ၁၁၀,၀၀၀ ကျပ်အထိ ကျပ် ၉,၀၀၀ ကျော်မြင့်တက်လာပါတယ်။ တရုတ်နိုင်ငံက ပုံမှန်ဝယ်ယူမှု ပမာဏအောက်ရောက်ရှိနေပေမယ့် ပြည်တွင်းကုန်သည်များက သယ်ယူပို့ဆောင်ရေးစရိတ်များမြင့်တက်နေခြင်း၊ ငွေကြေးလဲလှယ်မှုပိုင်း ဆိုင်ရာ အခက်အခဲများရှိခြင်းနှင့် ပြည်ပငွေဈေးနှုန်းများ မြင့်တက်နေခြင်းတို့ကြောင့် ဈေးနှုန်းမြှင့်တင် ရောင်းချနေရတယ်လို့ သိရပါတယ်။ "ဈေးနှုန်းဆက်တက်ဖို့ အလားအလာတော့ နည်းပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက လိုအပ်ချက်ရှိနေတဲ့အတွက် ဈေးကွက်ကတော့ ကောင်းမွန်လာနိုင်မယ်" ဟု ကုန်သည် ဦးမောင်လှက သုံးသပ်ထားပါတယ်။

🍃ကုလားပဲ🍃

ပြည်တွင်းပဲခွဲစက်လုပ်ငန်းများက ပုံမှန်ဝယ်ယူမှုရှိနေပါတယ်။ လက်ရှိ ပြည်တွင်း စီးပွားရေးတွင် ကြုံတွေ့နေရသည့် သယ်ယူ ပို့ဆောင်ရေးစရိတ်များမြင့်တက်နေခြင်း၊ ငွေကြေးလဲလှယ်မှုပိုင်းဆိုင်ရာ အခက်အခဲများနှင့် ဒေါ်လာဈေးမြင့်တက်နေခြင်းကြောင့် ကုန်သည်များက ဈေးနှုန်းတိုးမြင့် ရောင်းချ လာကြသည်။ သုံးတင်းဝင်တစ်အိတ်လျှင် မေ ၇ ရက်တွင် ဗွီတူး ၈၆,၀၀၀ကျပ်မှ မေ ၁၄ရက်တွင် ၈၈,၀၀၀ကျပ်၊ နိုင်းတူးနိုင်း ၈၀,၀၀၀ ကျပ်မှ ၈၄,၀၀၀ ကျပ် ရှိနေပါတယ်။

🌿နှမ်း🌿

တရုတ်နိုင်ငံသို့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ယခင်လများထက် တင်ပို့မှုလျော့နည်းသွား တဲ့အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပါတယ်။ ဒါကြောင့် မေလ ၇ ရက်က သုံးတင်းဝင် တစ်အိတ်ဈေးနှုန်း နှမ်းနက်(စမုန်) ၁၄၀,၀၀၀ကျပ်ကနေ မေ ၁၄ ရက်မှာ ၁၃၉,၀၀၀ ကျပ်သို့ရောက်ရှိကာ ဈေးနှုန်းအနည်းငယ်ကျဆင်းလာပါတယ်။ ယခုအခြေအနေအရဈေးနှုန်းမြင့်တက်နိုင်ချေနည်းပါးတယ်လို့ သုံးသပ်ကြပါတယ်။