menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပဲမျိုးစုံ၊ နှမ်း နှင့် ပြောင်းဈေးကွက် အခြေအနေ
🌿🍃🌽🍃🌿🌿🍃🌽🍃🌿
✔️အသစ်ဝင်ရောက်လာသည့် နှမ်းနက်များ အရည်အသွေးကောင်းသဖြင့် တရုတ်ဝယ်လက်များက အဝင်ရှိသလောက် စျေးကောင်းပေးဝယ်နေပြီး ပဲစင်းငုံ၊မတ်ပဲ ၊ ပဲတီစိမ်းစျေးများ စျေးကွက် အပြောင်းအလဲနည်းကာ ဈေးတည်ငြိမ်နေကြောင်း မန္တလေး ပဲ၊ နှမ်းကုန်သည်များထံကသိရသည်။
🌿ပဲစင်းငုံ🌿
ပဲစင်းစျေးကွက်မှာ လှောင်ထားသည့် ပဲလက်ကျန်များ ဈေးကွက်ကောင်းခဲ့သည့်အပြင် ၂၀၂ဝ ပြည့်နှစ်ထွက် ပဲအသစ်များလည်း လက်ကျန်နည်းသွားပြီ ဖြစ်သဖြင့် ဇွန်လ ၂၁ ရက်တွင် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၀၃,၀၀၀ ဖြင့်အပြောင်းအလဲမရှိ ဈေးတည်ငြိမ်နေကြောင်း မန္တလေးကုန်စည်ဒိုင် အတွင်းရေးမှူး ဦးစက်မောင်ဆွေက ပြောသည်။ “ပဲစင်းငုံစျေးကွက်မှာ ပဲအသစ်စျေးက သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၀၃,၀၀၀-၁၀၄,၀၀၀ လောက်နဲ့ ငြိမ်နေပြီး ပဲဟောင်းများလည်းသူ့စျေးတန်းနဲ့သူ အရောင်းအဝယ်ဖြစ်နေပါတယ်။ လက်ကျန်ပဲအတော် နည်းသွားပြီး လှောင်ကုန်ထုတ် ရောင်းတာလောက်ပဲရှိတော့တယ်။ လှောင်ကုန်ပဲတွေကလည်း ထုတ်ရောင်းလို့ ကုန်သလောက်ရှိနေပါပြီ” ဟု ၎င်းကပြောသည်။
🍃မတ်ပဲ🍃
မတ်ပဲစျေးကွက်မှာ ယခုသီတင်းပတ်အတွင်း စျေးကွက်ပြောင်းလဲမှုမရှိ တည်ငြိမ်နေပြီး လက်ကျန်ပဲများ ကို တက်စျေးမျှော်နေသည့်တောင်သူများလည်း စျေးကွက်အဝယ်ကို စောင့်ရောင်းနေသဖြင့် အရောင်း အဝယ် နည်းသွားကြောင်း ပဲကုန်သည်များကပြောသည်။ ဇွန်လ ၂၁ နေ့တွင် ပိဿာ ၆ဝ သုံးတင်းတစ်အိတ်လျှင် ကျပ် ၁၀၈,၀၀၀-၁၁၀,၀၀၀ ပေါက်စျေးရှိနေကြောင်းသိရသည်။
🌿ပဲတီစိမ်း🌿
ပဲတီစိမ်းရွှေဝါစျေးကွက်မှာ သုံးတင်းဝင်တစ်အိတ် ကျပ် ၁,၀၀၀ မှ ၂,၀၀၀ ကြား စျေးကျဆင်းသွားပြီး ဇွန်လ ၁၆ ရက်က ကျပ် ၁၂၅,၀၀၀ ပေါက်စျေးရှိခဲ့သော်လည်း ဇွန်လ ၂၁ ရက်တွင် တစ်အိတ်လျှင် ကျပ် ၁၂၃,၀၀၀ သာ ပေါက်စျေးရှိတော့သည်။ အသစ်ဝင်အညာပဲတီစိမ်းစျေးကွက်မှာ အရည်အသွေးအလိုက် တစ်အိတ် ကျပ် ၁၀၄,၀၀၀- ၁၀၅,၀၀၀ ဖြင့်စျေးကွက်တည်ငြိမ်နေပြီး ပို့ကုန်သမားတွေ ဝယ်လက်ဆုံနေ တာကြောင့် အရောင်းအဝယ်လည်း သွက်နေကြောင်း ဦးစက်မောင်ဆွေ ကပြောသည်။ "အညာပဲတီစိမ်းတွေ အဝင်ကောင်းနေသလို စျေးကောင်းရနေပါတယ်။ ပဲတီစိမ်းကတော့ ရန်ကုန် ဝယ်လက်တွေ အဝယ်လိုက်နေပါတယ်။ ပဲတီစိမ်းရွှေဝါကတော့ လှောင်သမားတွေ ထုတ်ရောင်းနေတာ ဆိုတော့ အများကြီး အရောင်းအဝယ်မရှိပါဘူး။ အညာပဲတီစိမ်းကတော့ လက်ရှိမှာ အညာဒေသ ပဲသစ်ထွက်ချိန် ပို့ကုန်အတွက်ဝယ်လက်တွေဆုံနေပြီစျေးကောင်းနေတယ်"ဟု ၎င်းကပြောသည်။
🍃နှမ်းနက်🍃
ယခုနှစ်အသစ်ပေါ်လာသည့် နှမ်းနက်မှာ မိုးလွတ်တာကြောင့် နှမ်းအရည်အသွေးနှင့်အထွက်နှုန်း ကောင်းမွန်ကြောင်း မိုးလွတ်သဖြင့် အစ်ဆစ်ပါဝင်မှုမရှိသလို တရုတ်ဝယ်လက်များ ပိုကြိုက်တာကြောင့် စျေးကွက်အဝင်ရှိသလောက် စျေးကောင်းပေးဝယ်နေသဖြင့် ဇွန်လ ၂၁ ရက်တွင် ၄၅ ပိဿာ သုံးတင်းဝင်တစ်အိတ်လျှင် ယခင်သီတင်းပတ်ထက် ကျပ် ၈,ဝဝဝ ခန့် ထပ်မံစျေးမြင့်တက်လာရာ ကျပ် ၁၅၈,၀၀၀ -၁၆၀,၀၀၀ ပေါက်စျေးရှိကြောင်း နှမ်း ကုန်သည် ဦးဌေးအောင် ကပြောသည်။ "နှမ်းအသစ်ပေါ်လာတဲ့ နှမ်းအရည်အသွေးကကောင်းတော့ တရုတ်ဝယ်လက်ကြိုက်တယ်။
လက်ရှိမှာ အညာနှမ်းနက်ထွက်ချိန် ရာသီဥတုက နှမ်းအတွက်ကောင်းတော့ အထွက်နှုန်းကောင်းကြတယ်။ဒီနှစ် နှမ်းနက် အသစ်ပေါ်ချိန် တစ်အိတ်ကျပ် ၁၆၀,၀၀၀ လောက်ထိ စျေးကောင်းပေးဝယ်ပါတယ်။ ရွှေဘို၊ မုံရွာ၊ဝက်လက်ဒေသတွေက အဝင်များနေပါတယ်။ လက်ရှိတရုတ်နိုင်ငံကိုလည်း ချက်ချင်း မပို့နိုင် သေးပေမယ့် စျေးကွက်အဝင်ရှိသလောက် အဝယ်ရှိနေပါတယ်။ တဖြေးဖြေးဝင်လာတာနဲ့ အဝယ် ကိုက်ညီနေပါတယ်” ဟု ၎င်းကပြောသည်။ နှမ်းနက်ပေါက်စျေးမှာ ဇွန်လဆန်းပိုင်းတွင် တစ်အိတ်ကျပ် ၁၄၃,၀၀၀ ခန့်မှ ၁၆ ရက်နေ့တွင် တစ်အိတ် ကျပ် ၁၅၀,၀၀၀ ဇွန်လ ၂၁ ရက်နေ့တွင် ကျပ် ၁၆၀,၀၀၀ ပေါက်စျေးရှိလာပြီး တစ်လအတွင်း ကျပ် ၂၀,၀၀၀ နီးပါးစျေးမြင့်တက်လာသည်။
🌽ပြောင်း🌽
မြန်မာနိုင်ငံ၏ ပြီးခဲ့သည့်ပြောင်းစိုက်ရာသီတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုများကြောင့် ပြည်တွင်း သယ်ယူပို့ဆောင်မှု အခက်အခဲများအပြင် နယ်စပ်ကုန်သွယ်ရေးသယ်ယူပို့ဆောင်မှု အခက်အခဲများ ကြောင့် ပြောင်းစျေးကွက် ကောင်းသင့်သလောက် မကောင်းခဲ့ပဲ စိုက်ပျိုးမှု လေးပုံတစ်ပုံခန့် လျော့ကျ စိုက်ပျိုးခဲ့ကြသဖြင့် လက်ရှိတွင် ပြည်တွင်း ပြောင်းလက်ကျန်နည်းနေပြီး ပြည်တွင်းအစာ စက်ရုံများ ဝယ်လိုအားနှင့် ထိုင်းနိုင်ငံသို့ တင်ပို့နေမှုကြောင့် ပြောင်းစျေး တစ်ပိဿာ ကျပ် ၆၀၀ ကျော် ဖြစ်လာသည်။ လက်ရှိဈေးကွက်အခြေအနေအရ လာမည့် ပြောင်းစိုက်ရာသီတွင် ပြောင်းစိုက်ပျိုးမှု ပြန်လည်ကောင်းမွန်လာနိုင်ကြောင်းလည်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း အတွင်းရေးမှူး ဦးသန့်ဇင်အောင်က ပြောသည်။
"မနှစ်ကပြောင်းစိုက်ရာသီမှာ ကိုဗစ်-၁၉ ရောဂါဖြစ်နေတော့ ပြောင်းစိုက်ပျိုးမှု လေးပုံတစ်ပုံလောက် လျော့ကျခဲ့ပါတယ်။ ဒီအကျိုးဆက် ပြောင်းရာသီကုန်ကာနီးမှာ ပြည်တွင်း အစာစက်တွေက အဝယ်နဲ့ ထိုင်းနိုင်ငံတင်ပို့မှု မှာ ပြောင်းလျော့ကျ တင်ပို့နေတာပါ။ လက်ရှိ ထိုင်းငွေစျေးတက်လာသလို ထိုင်းအဝယ်ကလည်း စျေးတက်လာတော့ လက်ရှိမြဝတီအရောက် တစ်ပိဿာ ကျပ် ၇၀၀ ဝန်းကျင်နဲ့ ပြည်တွင်းမှာတော့ ကျပ် ၆၀၀ ကျော်ပေါက်စျေးရှိပါတယ်" ဟု ၎င်းကပြောသည်။ ဇွန်လ ၁၆ ရက်နေ့တွင် ၅၄ ပိဿာ တစ်အိတ်ပြောင်းစျေးမှာ ကျပ် ၃၃,၀၀၀ ပေါက်စျေးရှိရာမှ ဇွန်လ ၂၁ ရက်တွင် ၃၄,၅၀၀-၃၅,၀၀၀ ပေါက်စျေးရှိပြီး သီတင်းတစ်ပတ်အတွင်း ပြောင်းတစ်အိတ် ကျပ် ၂,၀၀၀ ခန့် စျေးမြင့်တက်လာခဲ့သည်။
Credit : ရွှေမန်း (The Farmer Media)