menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပဲမျိုးစုံ ရန်ကုန်ဈေးကွက် အခြေအနေ
🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿
🔹ပဲစင်းငုံ(သင်္ဘောတင်)🔹
အိန္ဒိယနိုင်ငံသို့ မြန်မာ့ ပဲစင်းငုံအပြင် မာလာဝီ၊ တန်ဇန်းနီးယား၊ ဆူဒန် နှင့် အီသီယိုးပီးယား နိုင်ငံတို့ထံမှလည်း ပဲစင်းငုံများ ပုံမှန်ဝင်ရောက်လျက် ရှိခြင်းကြောင့်လည်းကောင်း၊ အိန္ဒိယရှိ ပြည်နယ်အချို့တွင် ဒေသအာဏာပိုင်များသည် ပြည်သူ့ရိက္ခာဆိုင်များမှ တစ်ဆင့် ပဲများအား ဖြန့်ဖြူး ရောင်းချမှုများ ရှိလာခြင်း နှင့် အိန္ဒိယသို့ ပြည်ပပဲစင်းငုံများ ပုံမှန် ဝင်ရောက်လျက်ရှိခြင်းကြောင့် အိန္ဒိယ ကုန်သည်များမှ ချိန်ဆဝယ်ယူခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အိန္ဒိပြည်တွင်းဈေးနှုန်းများအား ဆက်လက် ဈေးနိမ့်စေခဲ့သည်။ ထို့ကြောင့် အိန္ဒိယသို့ တိုက်ရိုက်ကုန်တင်မည့် သင်္ဘောမှာ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိနေခဲ့သော်လည်း အိန္ဒိယဝယ်လက်များမှ အဝယ်မသွက်ခဲ့ခြင်းကြောင့် မြန်မာ့ ပဲစင်းငုံများမှာလည်း ဆက်လက် ဈေးနိမ့်ခဲ့ရခြင်းများ ဖြစ်ပေါ်နေပြီး ပဲစင်းငုံ(သင်္ဘောတင်) တစ်တန်လျှင် ယခင်သီတင်းပတ်က ၁,၀၉၂,၅၀၀ ကျပ် ရှိရာမှ ယခုသီတင်းပတ်တွင် ၁,၀၈၀,၀၀၀)ကျပ် သို့ ကျဆင်းခဲ့သည်။
🔹မတ်ပဲ(သင်္ဘောတင်) ဈေးနှုန်းများမှာလည်း အလားတူ အခြေအနေများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ယခင် သီတင်းပတ် တစ်တန်ဈေး ၁,၀၉၄,၀၀၀ကျပ်မှ ယခု သီတင်းပတ် ၁,၀၈၀,၀၀၀ သို့ လျှော့ကျခဲ့သည်။ အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော လများအတွင်း မြင့်တက်လာသော ပဲဈေးနှုန်းများအား ထိမ်းချုပ်ရန် နှင့် ယခုရာသီအတွင်း သိုလှောင်ပဲ လက်ကျန်ပမာဏလျော့နည်းနေခြင်းအား ဖြည့်ဆည်းရန် မြန်မာနိုင်ငံမှ နှစ်စဉ် မတ်ပဲတန်ချိန်နှစ်သိန်းခွဲအား ငါးနှစ်အတွက် ဝယ်ယူရန် နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။
🔹ပဲတီစိမ်းမှာ ပခုက္ကူ၊ ခရမ်း၊ ပဲခူး၊ ဝါးခယ်မဒေသများမှ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်းလာခြင်း၊ အိန္ဒိယဝယ်လက်အပြင် ဥရောပသမဂ္ဂမှပုံမှန်ဝယ်ယူမှုရှိခြင်း၊ ထိုင်းနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံများသို့လည်း နယ်စပ်ဂိတ်များမှ တင်ပို့ရန် ပုံမှန် ဝယ်ယူမှုရှိခြင်းတို့ကြောင့် ယခင်အပတ်ထက် ဈေးမြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ယခင်သီတင်းပတ် သုံးတင်း(ပိဿာ ၆၀) လျှင် ၁၁၈,၅၀၀ကျပ် ရှိရာမှ ယခု သီတင်းပတ်တွင် ၁၂၁,၀၅၀ ကျပ် သို့ ရောက်ရှိလာသည်။
🔹ထောပတ်ပဲ နှင့် ကုလားပဲများမှာမူ လက်လီသမားများသာ ဝယ်ယူမှုရှိခြင်းကြောင့် ယခင်အပတ် ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့သည်။ ထောပတ်ပဲမှာ ပျမ်းမျှအားဖြင့် သုံးတင်း(ပိဿာ ၆၀) လျှင် ၇၅,၇၅၀ ကျပ် ၊ ကုလားပဲ ပျမ်းမျှအားဖြင့် တစ်ပိဿာလျှင် ၁,၅၂၈ကျပ် ဖြစ်သည်။
🔹ပဲလွမ်းဖြူ နှင့် ဘိုကိတ်ပဲမှာ ဈေးကွက်သို့ ပဲအဝင်နည်းခြင်း နှင့် ပြည်ပဝယ်လက်များမှ ဝယ်ယူမှု ရှိနေ ခြင်းကြောင့် ယခင်အပတ်ထက် ဈေးမြင့်ခဲ့ပြီး ပဲလွမ်းဖြူ သုံးတင်း(ပိဿာ ၆၀) လျှင် ယခင်သီတင်းပတ် ပျမ်းမျှဈေးနှုန်း ၁၂၆,၄၅၀ ကျပ် ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် ၁၃၉,၉၅၀ ကျပ်သို့ ဈေးမြင့်ခဲ့သည်။ ဘိုကိတ်ပဲ ဈေးနှုန်းများမှာမူ သုံးတင်း(ပိဿာ ၆၀) လျှင် ယခင်သီတင်းပတ် ပျမ်းမျှဈေးနှုန်း ၉၀,၀၀၀ ကျပ် မှ ယခုသီတင်းပတ်ပျမ်းမျှဈေးနှုန် ၉၅,၁၀၀ကျပ်သို့ ဈေးမြင့်တက်ခဲ့သည်။
Sources : MIS (Market Information Service)