close
Close menu
About Us
Open submenu
Our Product
Open submenu
Agri-Knowledge
Open submenu
Contact Us
မြန်မာ
English
Close submenu
About Us
Our Story
Vision & Mission
Career
CSR
Close submenu
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Close submenu
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
ပဲမျိုးစုံနှင့်နှမ်းဈေးကွက် အခြေအနေ
🌿🌱🌿🌱🌿🌱🌿🌱🌿🌱🌿
↗️မန္တလေးပဲမျိုးစုံဈေးကွက်အတွင်း ပဲဈေးနှုန်းများ ယခင်သီတင်းပတ်များထက် ဆက်လက် မြင့်တက်နေသည်။ သို့သော် ကုန်သည်နှင့်တောင်သူအကျိုးမရှိသေးသည့် အနေအထားဖစ်နေကြောင်းသိရသည်။
ပဲစင်းငုံ
------
အိန္ဒိယနိုင်ငံသို့ ရေလမ်းကြောင်းမှတဆင့် အနည်းငယ်တင်ပို့နိုင်သော်လည်း လက်ရှိ ဒေါ်လာဈေး အမြင့်တွင် ဆက်လက်ရှိနေခြင်းကြောင့် ပြည်တွင်း ဈေးနှုန်လည်း အနည်းငယ်မြင့်တက်နေသည်။မေ ၁၄ရက်က သုံးတင်းဝင်တစ်အိတ် ၈၇,၀၀၀ကျပ်မှ မေ ၂၄ရက်နေ့တွင် ၉၂,၀၀၀ကျပ်သို့ ဆက်လက်မြင့်တက်လာသည်။ "သင်္ဘောတင်တဲ့အရေအတွက်က နည်းပေမယ့် ဒေါ်လာဈေးနှုန်းက ခုဆိုရင်တစ်ဒေါ်လာကို မြန်မာငွေ ၁,၆၀၀ ကျပ် အထက်မှာပဲ ရှိတယ်။ အဲဒါကြောင့် အခုလို ဈေးနှုန်းတွေမြင့်တက်လာတာ ဖြစ်ပါတယ်။ ဒီလိုမြင့်တက်နေပေမယ့် ပြည်တွင်းမှာ ဘဏ်တွေက ငွေကြေးထုတ်ယူမှုပိုင်းခက်ခဲနေတာနဲ့ ပြင်ပကနေ ငွေထုတ်ရင်လည်း ရာခိုင်နှုန်းတွေ ထပ်ပိုပေးရတဲ့အတွက် စိုက်ပျိုးသူရော၊ ကုန်သည်ရောအကျိုး အမြတ်မရကြပါဘူး"ဟု ပဲကုန်သည် ဦးတင်မောင်ကပြောသည်။
ပဲတီစိမ်း
-------
လက်ရှိ ဈေးနှုန်းမှ ဆက်လက် တက်ဖို့ရာ အလားအလာနည်းပါးသော်လည်း တရုတ်နိုင်ငံမှ လိုအပ်ချက် ရှိနေသည့်အတွက် ဈေးကွက်ကောင်းအဖြစ်မူ ရှိနေကြောင်း ကုန်သည်တစ်ဦးကပြောသည်။ လတ်တလောအနေအထားတွင် တရုတ်နိုင်ငံက ပုံမှန်ထက် ဝယ်ယူမှုနည့်းပါးနေသော်လည်း ပြည်တွင်း စက်သုံးဆီဈေးနှုန်းကြောင့် ပို့ဆောင်းရေး စရိတ်များမြင့်တက်ခြင်း နှင့် ငွေကြေးလဲလှယ်မှုပိုင်းဆိုင်ရာ အခက််ခဲများကြောင့် မြန်မာကျပ်ငွေဈေး ဖောင်းဖွကာ ဈေးမြင့်တက်နေသည်။ သုံးတင်းဝင်တစ်အိတ် လျှင် မေ ၁၄ရက်တွင် ၁၁၀,၀၀၀ကျပ်မှ မေ ၂၄ ရက်နေ့တွင် ၁၁၈,၀၀၀ ကျပ်အထိ ဆက်လက်မြင့်တက်လာသည်။ မေလ ၇ ရက်ကမူ ၁၀၁,၀၀၀ ကျပ်ခန့်သာရှိသည်။
ကုလားပဲ
--------
ပြည်တွင်းပဲခွဲစက်လုပ်ငန်းများက ပုံမှန်ဝယ်ယူမှုရှိနေသည့်အပြင် တစ်နယ်နှင့်တစ်နယ် ငွေကြေး လွှဲပြောင်းမှုပိုင်းဆိုင်ရာတွင် ရာခိုင်နှုန်းများပေးနေရခြင်း၊ စက်သုံးဆီဈေးနှုန်းများမြင့်တက်နေသဖြင့် သယ်ယူပို့ဆောင်ရေးစရိတ်များမြင့်တက်လာသဖြင့် ကုန်သည်များက ဈေးနှုန်းတိုးမြင့်ရောင်းချလာ ကြသည်။ သုံးတင်းဝင်တစ်အိတ်လျှင် မေ ၁၄ရက်နေ့ မှ ၂၄ ရက်အတွင်း ဗွီတူးကုလားပဲ ဈေးနှုန်း အပြောင်းအလဲမရှိ ၈၆,၀၀၀ မှ ၈၈,၀၀၀ ကြားတည်ငြိမ်နေပြီး နိုင်းတူးနိုင်း ၈၃,၀၀၀ကျပ်မှ ၈၄,၀၀၀ ကျပ် ရှိကြောင်းသိရသည်။
နှမ်း
---
လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ယခင်လများထက် တရုတ်နိုင်ငံသို့ တင်ပို့မှုလျော့နည်း သွားသဖြင့် အရောင်းအဝယ်အေးနေသည်။ သုံးတင်းဝင်တစ် အိတ်လျှင် မေ ၂၄ရက်နေ့တွင် နှမ်းနက် (စမုန်) ကျပ် ၁၂၅,၀၀၀ မှ ၁၄၀,၀၀၀ ကျပ် ကြား ဈေးနှုန်းတည်ငြိမ်နေပြီး ဆက်လက်ဈေးမြင့်တက်ရန် မရှိနိုင်သေးကြောင်း နှမ်းကုန်သည်များက သုံးသပ်ထားသည်။
↗️လက်ရှိပို့ကုန်သီးနှံအမယ်များဖြစ်သော ပဲစင်းငုံ၊ပဲတီးစိမ်း၊ နှမ်း၊ ကုလားပဲ နှင့် မတ်ပဲများ ဈေးနှုန်းနှင့် ဝယ်လိုအားမှာ တရုတ်နိုင်ငံ နယ်စပ်ဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုများနှင့် နယ်စပ်ကုန်သွယ်ရေး တွင်ဘဏ်ငွေ လွှဲပြောင်းနိုင်မှု အခက်အခဲများ ကြောင်း သိသာစွာ အဝယ်မရှိနိုင်သေးကြောင်း သိရသည်။
Sources : ရွှေမန်း (The Farmer Media)
Close menu