menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပဲနှမ်းဈေးကွက်အတွင်း မြေပဲဆန်တစ်မျိုးသာ အရောင်းအဝယ်ကောင်းနေ
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
✔️ ပဲ၊ နှမ်းဈေးကွက်အတွင်း မြေပဲဆန်တစ်မျိုးသာ ပေါက်ဈေးအတိုင်း အရောင်းအဝယ်ကောင်းနေကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။ ပြည်တွင်းကုန်ဈေးနှုန်းကျဆင်းရေးကြီးကြပ်မှုအဖွဲ့၏ ပြည်တွင်း လုပ်ငန်းများစစ်ဆေးမှုများနှင့်အတူ ပြည်တွင်းပဲ၊ နှမ်းဈေးကွက်တွင် ပို့ကုန်ပဲများအပါအဝင် ဈေး ကွက်တစ်ခုလုံး အနည်းငယ်ဈေးနှုန်းများ ကျဆင်းလာခြင်းဖြစ်သည်။
✔️ စက်တင်ဘာလကုန်ပိုင်းရက်များတွင် ပြည်တွင်းပဲ၊ နှမ်းဈေးကွက်မှာ အသစ်ဝင်ရောက်လာသောနှမ်းနှင့် ပဲတီစိမ်းဝင်ရောက်လာမှု ရှိသော်လည်း ပေါက်ဈေးအနည်းငယ်ကျဆင်းနေကြောင်း ပဲနှမ်းဈေးကွက် တစ်ခုလုံး အရောင်းအဝယ်အေးပေမယ့် မြေပဲဆန်တစ်မျိုးသာ ပေါက်ဈေးအတိုင်း အရောင်းအဝယ် ကောင်းနေသည်။ နိုင်ငံခြားငွေဝန်ဆောင်မှုလုပ်ငန်းများ အရေးယူမှုများနှင့်အတူ ပို့ကုန်ပဲနှမ်းဈေးကွက် မှာ အရောင်းအဝယ်အေးနေခြင်းဖြစ်ကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။
✔️ “ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး အရောင်းအဝယ်က တော်တော်အေးသွားပါတယ်။ ပြည်တွင်းသုံးစွဲမှုများတဲ့ ကုလားပဲတောင်ဈေးကျသွားတယ်။ အသစ်ဝင်လာတဲ့ ပဲတီစိမ်းဆိုလည်းဈေးတက်မလာဘူး။ မြေပဲဆန်လေးတစ်ခုပဲ ပေါက်ဈေးလေးနဲ့အရောင်းအဝယ်ဖြစ်နေပါတယ်။ ပြည်တွင်းဆီစက် တွေကိုလည်း ဝင်ရောက်စစ်ဆေးမှုတွေလုပ်နေတာရှိတော့ ဈေးကငြိမ်နေပါတယ်။ ဒီအချိန်မှာတော့ နှမ်းနဲ့ ပဲတီစိမ်းလေးတွေလည်း အသစ်ဝင်ရောက်နေပါတယ်။ နိုင်ငံခြားငွေဝန်ဆောင်မှုလုပ်ငန်းအချို့ အရေးယူခံရမှုတွေကြောင့် ပို့ကုန်ပဲဈေးကွက်ကတော့ တော်တော်အေးနေပါတယ်။ ပြည်တွင်းသုံး ပဲမာလိုင်းကလည်း အနည်းငယ်ဈေးကျဆင်းနေပါတယ်” ဟု ၎င်းကပြောသည်။
✔️ စက်တင်ဘာ (၂၁)ရက်တွင် သုံးတင်းဝင် မတ်ပဲပိဿာ ၆၀ တစ်အိတ်လျှင်ငွေကျပ် ၂၄၅,၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံပိဿာ ၆၀ တစ်အိတ်လျှင်ငွေကျပ် ၃၈၅,၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းအညာ ၅၆.၂၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၁၇၂,၅၀၀ ပေါက်ဈေးဖြစ်လာသည်။
✔️ ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ ဈေးမြင့်တက်နေရာမှ အနည်းငယ်ပြန်လည်ကျဆင်းသွားရာ စက်တင်ဘာ (၂၁)ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၆၇,၀၀၀၊ V7 တစ်အိတ်လျှင် ငွေကျပ်၂၈၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၈,၀၀၀၊ ၉၂၉ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၈,၀၀၀ ပေါက်ဈေးဖြစ်လာသည်။
✔️ ပြည်တွင်းသုံး ပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၃၂၀,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၄၂၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၆၅,၀၀၀၊ ကျွန်းစားတော်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၈၀,၀၀၀၊ ကနေဒါစားတော်ပဲတစ်အိတ် ငွေကျပ် ၂၀၈,၀၀၀၊ မြေပဲအနီလုံးဆန်(ဝိုင်း) တစ်ပိဿာငွေကျပ် ၇,၉၀၀ ပေါက်ဈေးရှိသည်။
✔️ နှမ်းမျိုးစုံဈေးကွက်မှာ ယခင်သီတင်းပတ်ထက် သိသိသာသာဈေးကျဆင်းသွားရာ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ်လျှင် ငွေကျပ်၃၈၀,၀၀၀၊ နှမ်းညို(သစ်) တစ်အိတ်လျှင်ငွေကျပ်၂၉၀,၀၀၀၊ နှမ်းနက်စမုံ တစ်အိတ်လျှင် ငွေ ကျပ် ၃၄၅,၀၀၀ ပေါက်ဈေးရှိကြောင်းသိရသည်။
✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)