menu

ပဲနှမ်းဈေးကွက်တည်ငြိမ်နေပြီး လိုအပ်သလောက်သာ ဝယ်ယူမှုရှိနေ


🫘🫛🥜🫛🫘🥜🫘🫛🥜🫛🫘

▶️ ပဲနှမ်းဈေးကွက်မှာ ဈေးကွက် အပြောင်းအလဲ မရှိဘဲ ဈေးငြိမ်ငြိမ်ဖြင့် လိုအပ်သလောက်သာ ဝယ်ယူသည့်ဈေးကွက်ဖြစ်နေကြောင်း ပဲကုန်သည်များထံက သိရသည်။ ပို့ကုန်ပဲများ ဈေးအနည်းငယ် ကျဆင်းနေသလို ပြည်တွင်းသုံးကုလားပဲများလည်း ဈေးတည်ငြိမ်နေသည်။

▶️ ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး ဈေးငြိမ်ငြိမ်လေးနှင့် လိုသလောက်သာဝယ်ယူနေသည့် ဈေးကွက်ဖြစ်နေတာကြောင့်လည်း ဈေးအတက်အကျ အပြောင်းအလဲသိပ်မရှိပဲ အရောင်းအဝယ်ဖြစ်နေသည့် ဈေးကွက်ဖြစ်ကြောင်း ပို့ကုန်ပဲများ အိန္ဒိယ၏အဝယ်နှင့် သင်္ဘောတင်အခြေအနေများကြောင့် အရောင်းအဝယ်အေးနေခြင်းဖြစ်ကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

▶️ "ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံးကတော့ ခပ်ငြိမ်ငြိမ်နဲ့ လိုရောင်းလိုဝယ်ဈေးကွက်အနေအထားပဲ ရှိနေပါတယ်။ ကုလားပဲဈေးကွက်ကလည်း ဈေးအနယ်ငယ်ကျဆင်းနေပါတယ်။ ပို့ကုန်ပဲတွေလည်း ဈေးကျဆင်းနေပါတယ်။ တရုတ်လိုင်းပဲတွေလည်း သွက်သွက်လက်လက် မရှိသေးဘူး။ ဈေးကွက်မှာ ဈေးငြိမ်နေပြီး လိုအပ်သလောက်အဝယ်လေးနဲ့ အရောင်းအဝယ်ဖြစ်နေတာပါ" ဟု ၎င်းက ပြောသည်။

▶️ မေ(၂)ရက်တွင် အိန္ဒိယကုန်သည်များ၏ ဝယ်လိုအားနည်းနေခြင်းဖြစ်ရာ ပို့ကုန်မတ်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၉၂,၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင် ငွေကျပ် ၃၈၆,၀၀၀ ပေါက်ဈေးဖြစ်လာသည်။ ပဲတီစိမ်းအညာတစ်အိတ်လျှင် ငွေကျပ် ၁၅၅,၀၀၀ ပေါက်ဈေးဖြစ်နေသည်။ 

▶️ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဈေးတည်ငြိမ်နေရာ မေ(၂) ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၄၃,၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၀,၀၀၀၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၂၃,၅၀၀၊ 929 ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၃၅,၀၀၀ အသီးသီးပေါက်ဈေးရှိနေသည်။

▶️ ပြည်တွင်းသုံးပဲမာလိုင်းများမှာလည်း လိုအပ်ချက်ရှိသလောက်သာအဝယ်ရှိနေရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၆၅,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၄၅,၀၀၀၊ မြေထောက်ပဲ တစ်အိတ် လျှင် ငွေကျပ် ၃၄၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၀,၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၀,၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီလုံးဆံ(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၇,၃၀၀ ပေါက်ဈေး ရှိနေသည်။

▶️ မေ(၂)ရက်တွင် နှမ်းမျိုးစုံ အနည်းငယ်မြင့်တက်လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၄၂၀,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၀၅,၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၄၀၅,၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်း သိရသည်။

▶️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)