menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"ပဲနှမ်းဈေးကွက်တစ်ခုလုံး အမြင့်ဈေးတွင် တည်ငြိမ်နေ”
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
⏭ပြည်တွင်းဒေါ်လာဈေး၊ ရွှေဈေးများကျဆင်းသွားသော်လည်း ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံးမှာ အမြင့်ဈေးတွင် အရောင်းအဝယ်တည်ငြိမ်နေကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။
⏭ပြည်တွင်းဒေါ်လာဈေးပြောင်းလဲမှုများကြောင့် ဈေးမြင့်တက်ခဲ့သည့် ပဲနှမ်းဈေးကွက်မှာ စက်တင်ဘာလဆန်းပိုင်းတွင် ပြန်လည်ကျဆင်းမှုမရှိဘဲ အမြင့်ဈေးဖြင့်ဆက်လက်တည်ငြိမ်နေပြီး ပိုကုန်ပဲများဖြစ်သည့် မတ်ပဲ နှင့် ပဲစင်းငုံတို့မှာ တစ်အိတ်ကျပ် ၂၀၀,၀၀၀ ဝန်းကျင်နှင့် ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ တစ်အိတ် ကျပ် ၂၁၀,၀၀၀ ကျော်ရှိကာ နှမ်းမျိုးစုံဈေးမှာလည်း အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။
⏭“ပို့ကုန်ပဲများအပြင် ဈေးကွက်တစ်ခုလုံး အမြင့်ဈေးနဲ့တည်ငြိမ်နေပါတယ်။ ပြည်တွင်းသုံး ကုလားပဲ တစ်အိတ် ကျပ် ၂၁၀,၀၀၀၊ မတ်ပဲနဲ့ပဲစင်းငုံတို့ကလည်း ယခင်သီတင်းပတ်အတိုင်း အရောင်းအဝယ် ဖြစ်နေပါတယ်။ တရုတ်လိုင်းပို့တဲ့ ပဲတီစိမ်းက အမြင့်ဆုံး တစ်အိတ် ကျပ် ၁၆၅,၀၀၀ ပေါက်ဈေးရှိတယ်။ အသစ်ဝင်မြေပဲဆံတွေကတော့ အနီလုံးဆံ တစ်ပိဿာ ကျပ် ၇,၂၀၀၊ ဆီဆံတစ်ပိဿာ ကျပ် ၆,၆၀၀ ပေါက်ဈေးရှိနေပါတယ်။ နှမ်းမျိုးစုံက အမျိုးအစားအလိုက် ဈေးကောင်းကောင်းနဲ့ အရောင်းအဝယ်သွက်နေတယ်။ ပဲနှမ်းဈေးကွက်တစ်ခုလုံး ဈေးကျဆင်းမှုမရှိဘဲ အမြင့်ဈေးတွေနဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်နေပါတယ်” ဟု ၎င်းက ပြောသည်။
🫘မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ🫘
ပြည်တွင်းဒေါ်လာဈေး ကျဆင်းသွားသော်လည်း ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲမှာ တစ်အိတ်ကျပ် ၁၉၅,၀၀၀ - ၂၀၀,၀၀၀၊ ပဲစင်းငုံ တစ်အိတ်ကျပ် ၂၀၀,၀၀၀ ဝန်းကျင်ပေါက်ဈေးဖြင့် အရောင်းအဝယ် ပုံမှန်ဖြစ်နေသည်။ တရုတ်လိုင်းပို့သည့် ပဲတီစိမ်းမှာမူ အမြင့်ဆုံး တစ်အိတ်ကျပ် ၁၆၅,၀၀၀ ပေါက်ဈေးရှိသည်။ လက်ကျန်နည်းလာသည့် ပဲစင်းငုံဈေးမှာမူ ဆက်လက်မြင့်တက်နိုင်သေးကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။
🥜မြေပဲ🥜
မန္တလေးတိုင်းဒေသကြီးအောက်ပိုင်း မြေပဲထွက်ရှိရာဒေသအစုံမှ အသစ်များဝင်ရောက်လာသဖြင့် စက်တင်ဘာလဆန်းတွင် ဈေးကောင်းရရှိနေရာမှ ယခင်သီတင်းပတ်တွင် ဈေးအနည်းငယ် ကျဆင်းခဲ့သော်လည်း ယခု စက်တင်ဘာလဆန်းရက်များတွင် ဈေးမြင့်တက်လာရာ ပို့ကုန် မြေပဲ S1 လုံးဆန်များမှာ တစ်ပိဿာလျှင် ငွေကျပ် ၇,၂၀၀ ၊ အနီလုံးဆံ တစ်ပိဿာ ကျပ် ၆,၉၀၀ အထိ စံချိန်တင် ပေါက်ဈေးဖြစ်လာပြီး အနိမ့်ဆုံး ပြည်တွင်းဆီဆံအမျိုးအစားပင် တစ်ပိဿာလျှင် ငွေကျပ် ၆,၅၀၀ ပေါက်ဈေး ရှိနေသည်။
⏭ပို့ကုန်ပဲများနှင့်အတူ လက်ကျန်နည်းလာသည့် ပြည်တွင်းသုံး ကုလားပဲအုပ်စုနှင့် ပဲမာလိုင်းများ ဈေးမြင့်တက်လာသည်။ ပဲအမျိုးအစားအလိုက် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၅,၀၀၀ မှ ကျပ် ၁၀,၀၀၀ ခန့်အထိ စံချိန်တင်ဈေးများအဖြစ် ဈေးဆက်လက်မြင့်တက်လာရာ စက်တင်ဘာ (၈) ရက်တွင် ကုလားပဲ V2 တစ်အိတ် ကျပ် ၂၁၀,၀၀၀၊ ပဲယင်း တစ်အိတ်ကျပ် ၁၆၅,၀၀၀၊ ပဲကြီးတစ်အိတ်ကျပ် ၂၅၀,၀၀၀၊ ပဲထောပတ် တစ်အိတ် ကျပ် ၁၇၅,၀၀၀၊ စွန်တာပြာ တစ်အိတ် ကျပ် ၁၆၅,၀၀၀၊ မြေထောက်ပဲ တစ်အိတ်ကျပ် ၂၇၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ် ကျပ် ၄၃၀,၀၀၀ ထိ စံချိန်တင် ဈေးဖြစ်လာသည်။
Sources : ရွှေမန်း