menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
သပြေပျိုးပင်စိုက်ပျိုးခြင်းထက် မျိုးစေ့ဖြင့် စိုက်ပျိုးခြင်းက အပင်ရှင်သန်မှု ပိုမိုကောင်းမွန်
🌿🍂🌿🍂🌿🍂🌿🍂🌿🍂🌿
✔️မြန်မာနိုင်ငံအတွင်း သပြေပင်စိုက်ပျိုးသောတောင်သူများအနေဖြင့် ပျိုးပင်များကို ဝယ်ယူစိုက်ပျိုးခြင်းထက် မျိုးစေ့ကိုဝယ်ယူကာ စိုက်ပျိုးခြင်းမှာ အပင်ရှင်သန်မှုကောင်းမွန်ကြောင်း သပြေစိုက်ပျိုးသူများကပြောသည်။
✔️တောင်သူများအနေဖြင့် သပြေစိုက်ပျိုးရာတွင် ပျိုးထောင်ပြီးသော အပင်များကို ဝယ်ယူစိုက်ပျိုးရာတွင် အပင်ရှင်သန်မှုနှုန်းမှာ ၇၀ရာခိုင်နှုန်း သာရှိကြောင်း၊ မျိုးစေ့ကို ပျိုးထောင်စိုက်ပျိုးလျှင် အပင်ရှင်သန်နှုန်းမှာ ၉၀ ရာခိုင်နှုန်းရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ သပြေပင်စိုက်ပျိုးသူ ဦးသိန်းမြင့်က ပြောသည်။
✔️"တောင်သူတွေ လယ်ယာမြေပေါ်မှာ စပါးနဲ့ အခြားရာသီပေါ်သီးနှံတွေအစား ဈေးကွက်ခိုင်မာတဲ့ သပြေပင် တွေကို ပိုမိုစိုက်ပျိုးလာကြတယ်၊ အဲလိုစိုက်ရာမှာ လွယ်လွယ်ကူကူ ပျိုးပင်ကိုပဲ ဝယ်ယူစိုက်ပျိုးကြတယ်၊ ပျိုးပင် ထက် မျိုးစေ့ကို ပျိုးထောင်စိုက်ပျိုး တာက အပင်ကြီးထွားနှုန်း၊ ရှင်သန်နှုန်းအာမခံချက် ပိုမိုရရှိနိုင်တယ်" ဟု ဦးသိန်းမြင့်ကပြောသည်။
✔️မျိုးစေ့ပျိုးထောင်စိုက်ပျိုးမည်ဆိုလျှင် တစ်ဧကလျှင် သုံးတင်းခန့် အသုံးပြုရပြီး တစ်တင်းလျှင် ကျပ် ၆၀,၀၀၀ ခန့်ရှိကြောင်း၊ မျိုးစေ့ကို စတင်စိုက်ပျိုးပြီး ရက် ၂၀ ကြာလျှင် ပျိုးပင်ထွက်ရှိလာပြီး အဆိုပါပျိုးပင်ကို စနစ်တကျပြန်လည်စိုက်ပျိုးလိုက်လျှင် တစ်နှစ်နှင့်တစ်နှစ်ခွဲ ဝန်းကျင်ခန့်အရွယ်ရောက်ရှိလျှင် ရောင်း တန်းဝင်သည့်အနေအထား သို့ရောက်ရှိကြောင်း သပြေပင်စိုက်တောင်သူများထံကသိရသည်။
✔️“ပျိုးပင်စိုက်တာက အပင်တိုင်း ဝယ်သူအကြိုက်လှပတဲ့ အကိုင်းအခက်ပုံစံမျိုးက နည်းတယ်၊ မျိုးစေ့ကို ပျိုး ထောင်စိုက်တာက ပွဲစား ၁၀ ဦးလာရင် ၁၀ ဦးလုံးကြိုက်တဲ့ ပုံစံမျိုးဖြစ်တယ်၊ ဒါကြောင့်ရောင်းတန်းဝင်တယ်၊ ပျိုးပင်စိုက်ထားတဲ့ သပြေခင်းက အချိန်ကာလအနေနဲ့လည်း တစ်နှစ်ခွဲကျော်မှပဲ ရောင်းလို့ရတဲ့ အနေအထားရတယ်” ဟု မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သပြေပင်စိုက်ပျိုးသူ ဦးသူရထက်ကပြောသည်။
✔️သပြေပင် မျိုးစေ့အား တန်းခူးလတွင် စတင်ပျိုးထောင်ပြီး ဝါဆို၊ဝါခေါင်လများတွင် စတင်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် လယ်မြေများအား ထယ်ရေးကို သေချာပြင်ဆင်ရန်လိုအပ်သကဲ့သို ရေဝတ်မှုမရှိစေရန်အတွက်လည်း သေချာပြင်ဆင်လုပ်ဆောင်သင့်ကြောင်း သပြေပင်စိုက်ပျိုးသူများထံကသိရသည်။
မျိုးသန့် (မြန်မာတောင်သူကြီးများဂျာနယ်)