menu

“၂၀၂၄ပဲသစ်ရာသီတွင် မတ်ပဲဈေး ဆက်လက်မြင့်တက်မည်”



🫘🫘🫘🫘🫘🫘🫘🫘🫘🫘

↗️ အိန္ဒိယမှ ၂၀၂၄ ခုနှစ် ပဲသစ်ရာသီတွင် ပေါ်လာသည့် မတ်ပဲ၊ ပဲစင်းငုံကို နှစ်လအတွင်း တန်ချိန် အများအပြားဝယ်ယူမည့် အခြေအနေများရှိတာကြောင့် မတ်ပဲပေါက်ဈေးမှာ ဆက်လက်မြင့် တက်လာကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။ ထို့အပြင် အခွန်ကင်းလွတ်ခွင့်ဖြင့်တင်ပို့ခွင့်ကို မတ်လအထိတိုးမြင့်လိုက်တာကြောင့်လည်း မတ်ပဲဈေးက အတက်ဘက်တွင် ရှိနေခြင်းဖြစ်သည်။

↗️ ယခင်နှစ်ဒီဇင်ဘာလအတွင်းက မတ်ပဲတစ်တန်လျှင် ငွေကျပ် သိန်း ၃၀ကျော်အထိ ပေါက်ဈေး မြင့်တက်ခဲ့သော်လည်း ဇန်နဝါရီလဆန်းပိုင်းတွင် အနည်းငယ်ဈေးပြန်ကျခဲ့ပြီး လက်ရှိအချိန်တွင် တစ်တန်လျှင် ငွေကျပ် သိန်း ၃၀အထက်မှာ ဆက်လက်တည်ရှိနေသည်။

↗️ အိန္ဒိယ၏ မတ်ပဲတန်ချိန် အများအပြားဝယ်ယူရန်ရှိနေခြင်းကြောင့် မတ်ပဲအသစ်ဈေးက ပိဿာ(၂၀) တစ်တင်းလျှင် အနိမ့်ဆုံးဈေး ငွေကျပ် ၉ သောင်းအောက်ကျဆင်းစရာမရှိဟု ပွဲရုံပိုင်ရှင်တစ်ဦးက သုံးသပ်သည်။ မန္တလေးဈေးကွက်တွင် ဇန်နဝါရီပထမသီတင်းပတ်က မတ်ပဲသုံးတင်းဝင်တစ်အိတ်လျှင် ငွေ ကျပ် ၂၈၅,၀၀၀ ပေါက်ဈေးရှိနေပြီး ပဲအရည်အသွေးအလိုက် ဈေးနှုန်းအနည်းငယ်အပြောင်းအလဲရှိသည်။

↗️ မတ်ပဲကို အဓိကစိုက်ပျိုးသည့် ဧရာ၀တီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့တွင် မတ်ပဲ တစ်တင်းလျှင် ၈၉,၀၀၀ မှ ၉၀,၀၀၀ ကြား ပေါက်ဈေးရှိပြီး ပဲပေါ်ပေါ်ချင်းတောင်သူများအတွက် ဈေးကောင်းရသည့် နှစ်တစ်နှစ်ဖြစ်လာသည်။

↗️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)