menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပဲစင်းငုံ နှင့် ပဲတီစိမ်းဈေးကောင်းနေပြီး အခြားပဲများအရောင်းအဝယ်ပုံမှန်ရှိ
🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿🍃🌿
မန္တလေးဈေးကွ
က်အတွင်း ပြည်ပပို့ကုန် ပဲအမျိုးအစားဖြစ်သည့်ပဲစင်းငုံနှင့် ပဲတီစိမ်းတို့မှာ ဈေးကောင်း နေပြီး အခြားပဲများမှာအရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း မန္တလေး ပွဲစား၊ ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းက သိရသည်။
🍃ပဲစင်းငုံ 🍃
အိန္ဒိယနိုင်ငံက ပဲစင်းငုံတင်သွင်းမည့်ရက်ကို ယခုနှစ်ကုန်အထိ သက်တမ်းထပ်မံတိုးမြှင့်လိုက်သဖြင့် ယခင်က ဈေးနှုန်းအကျဘက်သို့ ဦးတည်နေသည့်အခြေအနေမှာ ရပ်တန့်သွားသည်။ ပဲစင်းငုံ သုံးတင်း ဝင်တစ်အိတ်လျှင် ကျပ် ၈၈,၀၀၀ အထိကျဆင်းသွားခဲ့ရာမှာ ယခုအခါ ကျပ် ၉၂,၀၀၀ သို့ ပြန်လည်မြင့်တက်လာသော်လည်း ရန်ကုန်ဝယ်လက်များက ဝယ်ယူမှုမရှိသေး သဖြင့် အဆိုပါဈေးနှုန်းဖြင့် တန့်နေ သည်။ “လှောင်လက်သမားတွေက မရောင်းကြတော့ဘူး။ အဲဒါကြောင့် ဈေးနှုန်းက ဒီအတိုင်းတန့်သွား တာ။ အခုအခြေအနေအရ သုံးသပ်ရမယ်ဆိုရင် ဈေးနှုန်းကမကျနိုင်တော့ဘူး။ ဒီထက်ဆက် တက်ဖို့ပဲရှိမယ်ဟု မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးဆွေက ပြောသည်။
🍃မတ်ပဲ🍃
ပြည်တွင်းဝယ်လက်သာရှိသော်လည်း ဈေးကွက်အတွင်းမတ်ပဲနည်းနေသည့်အပြင်လက်ကားဝယ်ယူမှု ထက် လက်လီဝယ်ယူမှုများပြားနေသဖြင့် မတ်ပဲထိပ်စ သုံးတင်းဝင်တစ်အိတ်လျှင်ကျပ် ၁၂၄,၀၀၀ ဝန်းကျင်ဖြင့် ငြိမ်နေသည်။ ပြည်တွင်းစားသုံးကုန်လုပ်ငန်းများအတွက် ပဲခွဲစက်များကဆက်တိုက်ဝယ်ယူ နေခြင်းကြောင့် ဈေးနှုန်းကျဆင်းနိုင်ခြေနည်းပါးသည်။
🍃ကုလားပဲ🍃
ပြည်တွင်းဝယ်ယူမှုသာ ရှိသော်လည်း သိုလှောင်သူနှင့်ကုန်သည်အကြား သင့်တင့်သောဈေးနှုန်းတစ်ရပ် ဖြစ်နေသဖြင့်ဈေးနှုန်းအတက်၊ အကျ သိသိသာသာပြောင်းလဲမှုမရှိပေ။ အောက်တိုဘာ ၃၀ ရက်တွင် ကုလားပဲ(ထိုင်ဝမ်) သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၈၅,၀၀၀ ၊ ကုလားပဲ(နိုင်းတူးနိုင်း) တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ မှ ၉၁,၀၀၀ ကြား၊ ကုလားပဲ(ဗွီတူး) တစ်အိတ်လျှင် ကျပ် ၉၆,၀၀၀ မှ ကျပ် ၉၇,၀၀၀ ကြား ပေါက်ဈေးရှိသည်။
🍃ပဲတီစိမ်း🍃
တရုတ်နိုင်ငံက ပုံမှန်သာ ဝယ်ယူနေသဖြင့် ဈေးနှုန်း အတက်၊ အကျ ပြောင်းလဲမှုမရှိဘဲ ငြိမ်နေသည်။ အောက်တိုဘာ ၃၀ ရက်တွင် ပဲတီစိမ်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀ မှ ကျပ်၁၂၂,၀၀၀ ကြား ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေသည်။ 🍃နှမ်း🍃 အရောင်းအဝယ် ပုံမှန်ရှိနေခြင်းကြောင့် နှမ်းဈေးနှုန်းမှာလည်း သိသိသာသာပြောင်းလဲမှုမရှိဘဲသုံးတင်း ဝင် တစ်အိတ်လျှင်ကျပ်နှစ်သိန်းအထက်တွင် ဈေးနှုန်းငြိမ်လျက်ရှိသည်။အောက်တိုဘာ ၃၀ ရက်တွင် နှမ်းနက်(စမုန်) တစ်အိတ်လျှင် ကျပ် ၂၂၀,၀၀၀၊ နှမ်းဖြူတစ်အိတ်လျှင် ကျပ် ၁၁၅,၀၀၀ ရှိသည်။ တရုတ်က ဝယ်တော့ဝယ်တယ်၊ ဒါပေမဲ့ ဈေးနှုန်းတိုးမြှင့်ဝယ်ယူတာမျိုး မရှိဘူး၊သိုလှောင်သူတွေ ကလည်း ကိုဗစ်ကာလမှာ အရောင်းအဝယ်ပုံမှန်ဖြစ်ရေးကိုပဲ အဓိကဦးတည်နေတော့ ဈေးနှုန်းအတက်၊ အကျ ပြောင်းလဲမှုသိပ်မရှိတာ ဖြစ်ပါတယ်ဟု ဦးမျိုးဆွေက ပြောသည်။
🍃ပဲဇီးကွက်🍃
ထောပတ်ပဲဈေးနှုန်းမှာ ကျပ်တစ်သိန်းအထက်တွင် ရှိနေသဖြင့် ပြည်တွင်း ပဲကြော်၊ပဲလှော်လုပ်ငန်း များတွင် ထောပတ်ပဲအစားထိုးသည့်အနေဖြင့် ဝယ်ယူလာခြင်းကြောင့်အရောင်းအဝယ်သွက်နေပြီး ဈေးနှုန်းလည်းတက်လာသည်။ စက်တင်ဘာလထဲတွင် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၅၀,၀၀၀ ကျော်သာရှိခဲ့ရာကအောက်တိုဘာလတွင် ကျပ် ၈၃,၀၀၀ အထိ သိသိသာသာမြင့်တက်လာသည်။
မျိုးသန့်
မြန်မာတောင်သူကြီးများဂျာနယ် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ( ၂-၈)ရက်။