menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
“ပဲစင်းငုံသီးနှံကို လာမည့်စိုက်ပျိုးရာသီတွင် တိုးချဲ့စိုက်ပျိုးသင့်”
🫘🫘🫘🫘🫘🫘🫘🫘🫘🫘
✔️ အိန္ဒိယနိုင်ငံ၏ ၂၀၂၅ခုနှစ် မတ်လအထိဖြေလျော့ထားသည့် ပဲတင်သွင်းမှု မူဝါဒကြောင့် မြန်မာနိုင်ငံတွင်စိုက်ပျိုးသည့် ပဲစင်းငုံမှာ လာမည့်ပဲသစ်ရာသီအထိအကြုံဝင်တာကြောင့် တောင်သူများတိုးချဲ့ စိုက်ပျိုးသင့်သော ပို့ကုန်သီးနှံတစ်မျိုးဖြစ်လာကြောင်း ပို့ကုန်သမားများက သုံးသပ်ထားသည်။ ပြည်တွင်းမှပို့ကုန်ပဲများနှင့် ပြောင်းစိုက်ပျိုးမှုမှာ နှစ်စဉ်သီးနှံပေါက်ဈေးနှင့် ဝယ်လိုအားဈေးကွက်ပေါ်မူတည်ပြီးစိုက်ပျိုးကြသလို ရေမြေရာသီဥတုပေါ်မူတည်ပြီး သီးနှံများပြောင်းလဲစိုက်ပျိုးလေ့ရှိသည်။
✔️ ယခင်နှစ်များက ပြောင်းသီးနှံဈေးကွက်ဈေးကောင်းရရှိကြသလို ပို့ကုန်ကောက်ပဲသီးနှံများလည်း ဈေးကောင်းရရှိခဲ့ပြီး ယခုနှစ်တွင်မူ ပြောင်းဈေးကွက်မှာ ကမ္ဘာ့ပြောင်းဈေး အနည်းငယ်ကျဆင်းနေခြင်းဖြစ်သည်။ ပို့ကုန်ပဲများမှာ အိန္ဒိယနိုင်ငံ၏ ပဲဝယ်လိုအားနှင့်ပဲတင်သွင်းမှုမူဝါဒအပြောင်းအလဲကြောင့် ပြည်တွင်းမတ်ပဲနှင့် ပဲစင်းငုံမှာ ပြည်တွင်းစံချိန်ပေါက်ဈေးများထိ ရောက်ရှိလာခြင်းဖြစ်သည်။
✔️ သို့ဖြစ်၍ လာမည့်ပဲသစ်ပေါ်ချိန်ထိ အိန္ဒိယနိုင်ငံ၏ပဲဝယ်အားနှင့် ပဲဝယ်ချိန်ကိုချိန်ဆ စိုက်ပျိုးပါက ပဲစင်းငုံမှာ တောင်သူများအတွက် အကျိုးအမြတ်သေချာသည့် စိုက်ပျိုးသီးတစ်မျိုးဖြစ်လာသည်။ပဲစင်းငုံမှာ စိုက်ပျိုးကာလ(၆)လခန့်ကြာမြင့်တာကြောင့် တောင်သူများအနေဖြင့် သီးထပ်စိုက်ပျိုးခြင်းများအပြင် စိုက်ပျိုးနိုင်သည့် မြေလွတ်များတွင် တိုးချဲ့ စိုက်ပျိုးရန် အကောင်းဆုံးသီးနှံတစ်မျိုးဖြစ်လာသည်။ ပဲစင်းငုံသီးနှံကိုတို့ချဲ့စိုက်ပျိုးခြင်း အထွက်နှုန်းကောင်းမွန်အောင် စနစ်တကျစိုက်ပျိုးခြင်းဖြင့် တောင်သူဝင်ငွေ တိုးသီးနှံဖြစ်သလို ပို့ကုန်ဝင်ငွေ တိုးလာမည့် သီးနှံအမယ်တစ်မျိုးလည်းဖြစ်ကြောင်းသိရသည်။
✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)