menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပဲတီစိမ်း အရောင်းအဝယ်သွက်လာသော်လည်း ပို့ကုန်ပဲများ ဆက်လက်ဈေးအေးနေ
🫘🥜🫘🥜🫘🥜🫘🥜🫘🥜🫘
➡️ တရုတ်လိုင်းကုန်သည်များ အဝယ်ပြန်ရှိလာတာကြောင့် ပဲတီစိမ်းအရောင်းအဝယ်သွက်လာကြောင်း ပဲနှမ်းကုန်သည်များထံမှသိရသည်။ ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံမှာ အနည်းငယ်ဈေးပြန်မြင့်တက်လာ သော်လည်း အရောင်းအဝယ်ခပ်အေးအေးသာရှိနေကြောင်း တရုတ်လိုင်းသင်္ဘောတင်အတွက် အနည်း ငယ်အဝယ်ရှိလာတာကြောင့် နှမ်းမျိုးစုံဈေးကွက်မှာ အရောင်းအနည်းငယ်သာရှိနေကြောင်း ပြည်တွင်း ဆီစက်ပိုင်များမှ လိုသလောက်သာအဝယ်ရှိနေခြင်းကြောင့် မြေပဲဆီဆံ အနည်းငယ်ဈေးအေး နေသော်လည်း ပို့ကုန်အနီလုံးဆံ (ဝိုင်း)မှာ တစ်ပိဿာငွေကျပ် ၉,၁၀၀ ပေါက်ဈေးရှိလာကြောင်း ရွှေစင်သိန်းပွဲရုံမှ ဦးကျော်သွင်က ပြောသည်။
➡️ “ဆီစက်ပိုင်များ လိုသလောက်သာဝယ်ယူမှုရှိနေတာဖြစ်လို့ မြေပဲဆံဈေးတန်းက ပုံမှန်သာရှိနေပါတယ်။ အနီလုံးဆံလည်း တရုတ်ဝယ်လက်ရပ်နားလို့ ဈေးကျဆင်းနေပါတယ်။ နှမ်းမျိုးစုံလည်း အနည်းငယ်သာ အဝယ်ရှိနေလို့ အရောင်းအဝယ်ဖြစ်နေတာပါ။ ပဲတီစိမ်းကတော့ တရုတ်ဝယ်လက် ပြန်ဆုံနေလို့ ဈေး မတက်သော်လည်း အရောင်းအဝယ်ခပ်သွက်သွက်ရှိနေပါတယ်။ ပဲစင်းငုံ၊ မတ်ပဲ ပို့ကုန်ပဲတွေအကုန် လုံးကတော့ အရောင်းအဝယ် ခပ်အေးအေးသာ ရှိနေပါတယ်” ဟု ၎င်းကပြောသည်။
➡️ ဇူလိုင်(၂၀)ရက် မတ်ပဲ သုံးတင်းဝင်(ပိဿာ ၆၀) တစ်အိတ်လျှင် ငွေကျပ် ၂၁၉,၀၀၀ ပေါက်ဈေး၊ ပဲစင်းငုံ ပိဿာ ၆၀ တစ်အိတ်လျှင် ငွေကျပ် ၂၉၀,၀၀၀ သာ ပေါက်ဈေးရှိတော့သည်။ တရုတ်ကုန်သည်များ အဝယ်ရပ်သွားသောကြောင့် ပဲတီစိမ်းအညာ ၅၆.၂၅ ပိဿာတစ်အိတ်လျှင် ငွေကျပ် ၁၇၅,၀၀၀ ပေါက်ဈေးသာ ရှိတော့သည်။ ပဲနှမ်းဈေးကွက်တစ်ခုလုံး သီတင်းနှစ်ပတ်ခန့် ဆက်တိုက် ဈေးအေးနေသော်လည်း ပို့ကုန်ရငွေ ၅၀-၅၀ မူဝါဒပြောင်းလဲမှုကြောင့် ပဲနှမ်းဈေးကွက်ပြန်လည် လှုပ်ရှားလာကြောင်း သိရသည်။
➡️ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဇူလိုင်(၂၀)ရက်တွင် ဆက်လက်ဈေးကျဆင်းနေရာ ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၅၂,၀၀၀၊ V7တစ်အိတ်လျှင် ငွေကျပ် ၂၅၂,၀၀၀၊ ထိုင်ဝမ်ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၄၃,၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၅၀,၀၀၀ ပေါက်ဈေး ဖြစ်နေသည်။ ပြည်တွင်းသုံးပဲမာလိုင်းများမှာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၉၀,၀၀၀၊ ပဲထောပတ်တစ်အိတ်လျှင် ငွေကျပ် ၃၄၀,၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၄၀,၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၄၀၀,၀၀၀၊ မြေပဲအနီလုံးဆံ(ဝိုင်း)တစ်ပိဿာလျှင် ငွေကျပ် ၉,၁၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။
➡️ နှမ်းမျိုးစုံဈေးကွက်မှာ သိသိသာသာဈေးကျဆင်းသွားရာ နှမ်းဖြူ (ဂျပန်) ၄၅ ပိဿာတစ်အိတ် လျှင်ငွေကျပ် ၃၇၀,၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၂၇၅,၀၀၀၊ နှမ်းနက်စမုံတစ်အိတ်လျှင် ငွေကျပ် ၃၃၀,၀၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။
➡️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ရွှေမန်း (မကွေးဂျာနယ်)