menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြည်ပသို့ မြန်မာ့ထောပတ်သီး ပြန်လည်တင်ပို့နိုင်မှု အခြေအနေ .....
🥑🥑🥑🥑🥑🥑🥑🥑🥑🥑
✅နှစ်လကျော်ကြာရပ်တန့်ခဲ့သည့် ထောပတ်သီးပြည်ပတင်ပို့မူ ပြန်လည်တင်ပို့နိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ထောပတ်သီးတင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ ကိုဗစ်အလွန်ကာလ တွင် ကမ္ဘာ့ထောပတ်သီးစျေးကွက် အကျဘက်ကို ဦးတည်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပို့ကုန်/သွင်းကုန် စည်းမျဥ်း၊ စည်းကမ်းဥပဒေများ အစရှိသော အခက်အခဲများကြောင့် တရားဝင်တင်ပို့နိုင်ရန် ကြန့်ကြာခဲ့ခြင်း ဖြစ်သည်။
✅“၁၀လပိုင်းကတည်းကဆိုတော့ နှစ်လလောက်ကြာသွားတယ်။ ဘယ်လိုအခက်ခဲတွေလဲဆိုတော့ လိုအပ်ချက်တွေအရမ်းများတယ် ၆၅ /၃၅ ကိစ္စတွေရယ်၊ တစ်ရာရာခိုင်နှုန်း paymentတွေရယ်၊ တွက်ခြေ မကိုက်ဘူး။ အခုက မလေးက တောင်သူတွေဆီက တိုက်ရိုက်ဝယ်တယ်။ တောင်သူတွေကို အားပေးတဲ့ ကုမ္မဏီတွေဖြစ်တဲ့အတွက် စျေးပိုပေးလာလို့ တင်ပို့ခြင်းဖြစ်တယ်” ဟု မြန်မာနိုင်ငံ ထောပတ်သီးတင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျော်စိုးမင်းက ပြောသည်။
✅လက်ရှိပြည်ပသို့ တင်ပို့နိုင်ပြီး စျေးကောင်းပေးသော်လည်း ပြည်တွင်း၌ ငွေစျေးနှုန်း ၂၁၀၀ကျပ် နှုန်းဖြင့် တွက်ချက်သည့်အတွက် အမှန်တကယ်တောင်သူတွေအဖို့ တွက်ခြေမကိုက်ကြောင်း သိရသည်။ လက်ရှိ ထောပတ်သီးတောင်သူများဖြင့် ဖွဲ့စည်းထားသည့် Shan Avocado ကုမ္မဏီ မှ 1kg လျှင် ၃.၇ အမေရိကန်ဒေါ်လာဖြင့် တဆင့် မလေးရှား နှင့် ထိုင်းသို့ တင်ပို့နေကြောင်းသိရသည်။ ပြည်တွင်း၌ ပြည်ပ သို့တင်ပို့မည် Hass အမျိုးစားမှ ပြီးခဲ့သည့် ထောပတ်သီးရာသီက တစ်ကီလိုလျှင် ခြံထိုင်စျေး ၄,၀၀၀ အထိစျေးနှုန်းပေါက်ခဲ့ပြီး ယခုနှစ်တွင် တစ်ကီလိုလျှင် ၃,၀၀၀ ကျပ်သာစျေးရရှိပြီး လက်လီစျေး ၄,၀၀၀ နှင့် ၆,၀၀၀ ကြားခန့် ရှိကြောင်းသိရသည်။ အထွက်နှုန်းအနေဖြင့် တစ်နှစ်ပြီးတစ်နှစ် ပိုမိုထွက်ရှိလာမည် ဖြစ်ကြောင်းသိရသည်။
✅“ထောပတ်သီးကို စစိုက်ထဲက Exportလမ်းကြောင်း အတွက် စိုက်ကြတာ။ ထိုင်းကို ၈၀ရာခိုင်နှုန်း Border Trade နဲ့ သွားနေတယ်။ မရောင်းရဘူးလားဆိုတော့ ရောင်းရတယ်။ ဒါပေမဲ့ ပွဲစားတွေက နှိမ်ကြတယ်။ Border Trade ဖြစ်တဲ့အတွက် တစ်နေရာရာမှာ မှားနိုင်တဲ့အတွက် စျေးပိုရမှ လုပ်ကြတယ်။ အဲ့ဒီအတွက် တောင်သူတွေက အဆင်မပြေဘူး ၊တကယ်တမ်း တရားဝင်ရမှ ကောင်းတဲ့ စျေးကွက်တစ်ခုဖြစ်လာမှာ” ဟု ထောပတ်သီး စိုက်တောင်သူတစ်ဦးကပြောသည်။
✅လက်ရှိ မြန်မာ့ထောပတ်သီးကို စိတ်ဝင်စားသော ကုမ္ပဏီပေါင်း ၁၀၀ကျော်ဖြင့် ချိတ်ဆက်နိုင်ခဲ့ပြီး ပြင်သစ်၊ နယ်သာလန်၊ စပိန်၊ အီတလီ စသော EU နိုင်ငံများ၊ ဒူဘိုင်း နှင့် အိမ်နီးချင်းအာရှနိုင်ငံများ မှ ကုမ္ပဏီ၄၀ကျော်ဖြင့်လည်း အပြန်အလှန်ဆက်လက်ဆွေးနွေးကာ ထောပတ်သီး နမူနာ တစ်တန်ခန့် ပေးပို့နိုင်ခဲ့ကြောင်း သိရသည်။ ပြည်ပသို့ တင်ပို့ရန်စိုက်ပျိုးသည့်အသီးအား ပြည်ပအပြင်ပြည်တွင်းမှ စားသုံးသူများ ကြိုက်နှစ်သက်ကြသည့်အတွက်ပြည်တွင်း၌ အရောင်းဝယ်ရှိကြောင်းသိရသည်။ ပြည်တွင်း၌ အထွက်နှုန်းကောင်းသော်လည်း အရည်အသွေးကောင်းမွန်သည့်အသီး နည်းပါးသောကြောင့် အမေရိကန်နိုင်ငံ ကယ်လိဖိုနီယားမှ မျိုးစပ်ဖြစ်သည့် Hass အမျိုးအစားကိုတင်သွင်း၍ စိုက်ပျိုး ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
✅ထောပတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်) တို့မှာ အများဆုံးစိုက်ပျိုးကြပြီးရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တောင်ကြီး၊ ဟိုပုံး၊ ညောင်ရွှေ၊ ဆီဆိုင်၊ ကလော၊ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ပင်လောင်း၊ ဖယ်ခုံ၊ လွိုင်လင်တို့တွင် လည်ကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်)တို့မှာလည်ကောင်း စိုက်ပျိုးကြကြောင်းသိရသည်။
✅သီးနှံဈေးကွက် နှင့် ကူးသန်းရောင်းဝယ်မှုသတင်းများကို သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
Sources : ဖိုးချဲ (AMIA)