menu

“ပြည်ပသို့ ပဲမျိုးစုံတန်ချိန်ငါးသိန်းကျော်တင်ပို့ခဲ့ရာ ပဲတီစိမ်းအများဆုံးဖြစ်”


🌿🫘🌿🫘🌿🫘🌿🫘🌿🫘🌿

✔️ယခုဘဏ္ဍာနှစ် ဧပြီလမှဇွန်လအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၅၂၀,၀၀၀ ကျော် တင်ပို့ထားရာတွင် ပဲတီစိမ်းမှာ အများဆုံးဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။

✔️၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ (၁)ရက်မှ ဇူလိုင်လ (၈)ရက်အထိ ပင်လယ်ရေကြောင်းမှတစ်ဆင့် ပဲမျိုးစုံတန်ချိန် ၃၈၀,၀၀၀ကျော်နှင့်နယ်စပ်ကုန်သွယ်ရေးမှတဆင့် တန်ချိန် ၁၃၀,၀၀၀ ကျော် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေအမေရိကန်ဒေါ်လာ သန်း(၃၉၀)ကျော် ရရှိထားသည်။

✔️အဆိုပါ သုံးလကျော်ကာလတွင် ပဲတီစိမ်းတင်ပို့မှုမှာ တန်ချိန် ၂၆၀,၀၀၀ ကျော်ဖြစ်ပြီး မတ်ပဲတန်ချိန် ၁၀၀,၀၀၀ ကျော်နှင့် ပဲစင်းငုံ တန်ချိန် ၇,၅၀၀ကျော် ရှိခဲ့ကြောင်း စီးပွား/ကူးသန်းထုတ်ပြန်ချက်များအရ သိရသည်။

✔️လက်ရှိ ဈေးကွက်တွင် ပဲတီစိမ်း၊ မတ်ပဲ ၊ ပဲစင်းငုံကုန်စည်များမှာ ပြည်တွင်းလက်ကျန် နည်းပါးလာ နေသဖြင့် ပစ္စည်းလက်ဝယ်ရှိလှောင်လက်များက ဒေါ်လာစျေးအပြောင်းအလဲကိုစောင့်ကြည့်ကာ ကြိုက်ရောင်းကြိုက်ဝယ် ဆောင်ရွက်နေကြသကဲ့သို့ ပို့ကုန်သမားများအနေဖြင့်လည်း ဒေါ်လာစျေး ပုံသေသတ်မှတ်ချက်ကြောင့် စောင့်ကြည့်ဝယ်ယူခြင်းမျိုးဖြစ်နေသောကြောင့် ပဲဈေးနှုန်း အတက်အကျအား ခန့်မှန်းရန်ခက်ခဲသည့်အခြေအနေရှိနေသည်။

✔️မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန် တစ်သိန်းကို ငါးနှစ်ဆက်တိုက် နှစ်စဉ် ဝယ်ယူသွားမည်ဖြစ်ကြောင်း အိန္ဒိယအစိုးရက တရားဝင်ထုတ်ပြန်ထားခြင်းကြောင့်လည်းကောင်း၊ နိုင်ငံခြားငွေနှင့်ကုန်သွယ်ရေးဆိုင်ရာမူဝါဒအပြောင်းအလဲများကြောင့်လည်းကောင်း ပဲဈေးကွက်တွင် ပုံမှန်မဟုတ်သည့် ပေါက်စျေးများဖြစ်ပေါ်နေသည်။

✔️သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း