menu

ပြည်ပမှစားအုန်းဆီတင်သွင်းမှု လျော့ကျလာသဖြင့် ပြည်တွင်းဆီထွက်သီးနှံများ စျေးတက်နေ ...


🌱🥜🌱🥜🌱🥜🌱🥜🌱🥜🌱

⏩ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျော့ကျလာခြင်းကြောင့် ပြည်တွင်းပဲမျိုးစုံနှင့် နှမ်းစျေးကွက်တွင် ဆီထွက်သီးနှံများ စျေးနှုန်းမြင့်တက်လာကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။

⏩ယခုတစ်ပတ်အတွင်း ဆီထွက်သီးနှံစျေးများမှာ သိသိသာသာမြင့်တက်လာရာ မြေပဲအနီလုံးဆံ တစ်ပိဿာ ကျပ် ၅,၄၀၀ နှင့် မြေပဲဆီဆံ တစ်ပိဿာ ကျပ် ၅,၀၀၀ ခန့်ထိ မြင့်တက်လာသည်။

⏩“ဆီထွက်သီးနှံတွေ စျေးတက်သွားတယ်။ နှမ်းညို၊ နှမ်းဝါ၊ နှမ်းနီ၊ နှမ်းနက်နဲ့ မြေပဲလုံးဆံ၊ မြေပဲဆီဆံစျေးတွေ တက်သွားတာပါ။ နှမ်းတွေတစ်တင်းကို ကျပ် ၄,၀၀၀ နဲ့ ၅,၀၀၀ လောက် တက်သွားတယ်။ မြေပဲလုံးဆံနဲ့ ဆီဆံတွေက တစ်ပိဿာကို ကျပ် ၅၀၀ လောက် တက်သွားတယ်" ဟု ပဲနှမ်းကုန်သည်တစ်ဦးက ပြောသည်။

⏩မြေပဲဆီဆံနှင့် လုံးဆံများ ယခုနှစ် ထွက်နှုန်းလည်းနည်းပါးပြီး အဝင်လည်းမရှိတော့သဖြင့် စျေးတက်ရ ခြင်းဖြစ်ပြီး နှမ်းမျိုးစုံမှာလည်း လက်ရှိတွင် အဝင်နည်းနေသည့်အတွက် နှမ်းဖြူသုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၂၅၀,၀၀၀ ထိစျေးမြင့်နေကြောင်း သိရသည်။

⏩မြေပဲဆံဈေးမှာ စတင်ပေါ်သည့် ဧပြီလအချိန်က တစ်ပိဿာ ကျပ် ၄,၀၀၀ ခန့် ရှိရာမှ သုံးလအတွင်း ကျပ် ၁,၅၀၀ နီးပါးစံချိန်တင်မြင့်တက်လာကာ တစ်ပိဿာလျှင် ၅,၄၀၀ အထိ ဖြစ်လာပြီး လက်ကျန် ပစ္စည်းလည်း နည်းပါးသွားပြီဖြစ်ကြောင်း ပဲ၊ နှမ်းကုန်များထံက သိရသည်။ 

⏩သီးနှံဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း