menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြည်ပတင်ပို့မှုမရှိခြင်းနှင့် စပါးအသစ်ပေါ်ချိန် တိုက်ဆိုင်နေသဖြင့် ဆန်စျေးနှုန်းကျဆင်းမည်ဟု ကုန်သည်များ ခန့်မှန်းထား
🌾🌾🌾🌾🌾🌾🌾🌾🌾🌾
✔️ကိုဗစ်ရောဂါပိုးကြောင့် ကုန်သွယ်ရေးလမ်းကြောင်းအခဲဖြစ်ပေါ်နေသဖြင့် ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခြင်းမရှိသည့်အပြင် ပြည်တွင်းတွင်စပါးအသစ်ပေါ်ချိန်နှင့်တိုက်ဆိုင်နေသဖြင့် ဆန်စျေးနှုန်းကျဆင်းမည်ဟု မန္တလေးမြို့မှ ဆန်ကုန်သည်များက ခန့်မှန်းထားကြသည်။
✔️အထက်ပိုင်းဒေသများတွင် စိုက်ပျိုးသော နွေစပါးထွက်ရှိနေပြီး ဇွန်လကုန်တွင် မိုးကြိုစပါးထပ်မံ ထွက်ရှိလာမည်ဖြစ်ခြင်းကြောင့် ပြည်တွင်းတွင် စပါးများစုပြုံနေမည်ဖြစ်ကြောင်း၊ ထို့သို့စုပြုံနေသော်လည်း ပြည်ပနိုင်ငံများသို့တင်ပို့နိုင်မှု မရှိခြင်းနှင့် ပြည်တွင်းအသုံးပြုမှုမှာလည်း နည်းပါးနေခြင်းတို့ကြောင့် စျေးနှုန်းကျဆင်းမည်ဟု ခန့်မှန်းရခြင်းဖြစ်သည်။
✔️"ရေရရှိမှုနည်းတဲ့အတွက် ဒီနှစ်က စပါးမနှစ်ကလောက် မထွက်လောက်ဘူး။ ဒါပေမယ့် ပြည်ပကလည်း ဝယ်ယူမှု မရှိသေးသလို၊ ပြည်တွင်းမှစားသောက်ဆိုင်အချို့က ကိုဗစ်ကြောင့် ပိတ်ထားဆဲဖြစ်တဲ့အတွက် အသုံးပြုမှုနည်း လာတယ်၊ ဒါကြောင့် စျေးနှုန်းကမတက်နိုင်တော့ဘူး၊ ကျတဲ့ဘက်ကိုပဲဦးတည်မယ်" ဟု ကုန်သည် ဦးမြင့်အောင်က ပြောသည်။
✔️ပြည်ပပို့ဆန်အမျိုးအစားများဖြစ်သည့် မရင်းဆန်၊ ရက်တစ်ရာဆန်အမျိုးအစားများကို ယခင်နှစ်များက အချိန် ၃၀ ဝင်တစ်အိတ်လျှင် ယခင်နှစ်က ငွေကျပ် ၂၅,၀၀၀ ကျပ်အထိရှိခဲ့သော်လည်း ယခုနှစ်တွင် ငွေကျပ် ၂၂,၀၀၀ ကျပ်သို့ ကျဆင်းလျက်ရှိကြောင်း မန္တလေးမြို့ရှိ ဆန်ဝယ်ရောင်းလုပ်ကိုင်သူများထံကသိရသည်။
✔️ပြည်ပပို့ဆန်အမျိုးအစားများ စျေးနှုန်းကျဆင်းနေသကဲ့သို့ ပြည်တွင်းစားဆန်အမျိုးအစားများမှာလည်း ယခုနှစ် တွင် အထွက်နှုန်းယခင်ကနှစ်ကထက် ကျဆင်းသော်လည်း စားသောက်ဆိုင်လုပ်ငန်းများ၊ စားသောက်ကုန် ထုတ်လုပ်သည့်လုပ်ငန်းများ ကိုဗစ်ကြောင့် လုပ်ငန်းလည်ပတ်နိုင်မှုနည်းပါးခြင်းကြောင့် ဝယ်ယူမှုကျဆင်းကာ စျေးနှုန်းများမှာလည်း ကျဆင်းလာကြောင်း ဆန်ကုန်သည် ဦးအောင်မြင့်ထွန်းကပြောသည်။
✔️"ပြည်တွင်းစားသုံးဆန်တွေဖြစ်တဲ့ ဧရာမင်း၊ ရွှေဘိုဘေးကြား တွေက ဒီနှစ်အရောင်းအဝယ်အေးတဲ့အတွက် စျေးနှုန်းကလည်း အနည်းငယ်ကျနေတယ်၊ ပြည်ပပို့ဆန်အမျိုးအစားတွေလောက်တော့မကျဘူး၊ ဒါပေမယ့် မနှစ် ကထက်စာရင် ဒီနှစ်က စျေးကွက်တော်တော်လေးကျတယ်၊ အဲဒီအတွက် ပြည်တွင်းက စားသုံးသူတွေအတွက်တော့ စျေးသက်သက်သာသာနဲ့စားရတာပေါ့" ဟု ၎င်းကပြောသည်။
✔️မေလဒုတိယသီတင်းပတ်တွင် ပြည်တွင်းဆန်စျေးနှုန်းများမှာ ရွှေဘိုဘေးကြားအသစ် (ရိုးရိုး) တစ်အိတ်လျှင် ၄၂,၀၀၀ မှ၄၃,၀၀၀ကျပ်ကြား၊ ရွှေဘိုဘေးကြားအသစ်(အိုးဝင်) တစ်အိတ် ကျပ် ၄၅,၀၀၀၊ ဧရာမင်း(အသစ်) တစ်အိတ် ၃၈,၀၀၀ကျပ်၊ ဧရာမင်း (အဟောင်း) တစ်အိတ် ကျပ် ၄၀,၀၀၀ မှ ၄၂,၀၀၀ကြား၊ ဖန်တီးမနော် တစ်အိတ် ၂၉,၀၀၀မှ ၃၀,၀၀၀ကျပ်ကြားရှိကြောင်း သိရသည်။
Sources: The Farmer Media.