menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
"ပြည်ပတင်ပို့နိုင်ရန် ပို့ကုန်အရည်အသွေးကောင်း မြန်မာ့စိန်တလုံးသရက်သီးများကို စျေးကောင်းပေးဝယ်မည်"
🥭🥭🥭🥭🥭🥭🥭🥭🥭🥭
✔️ ပြည်ပတင်ပို့နိုင်ရန် ပို့ကုန်အရည်အသွေးရှိသော မြန်မာ့စိန်တလုံးသရက်သီးများကို စျေးကောင်းပေး ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သဇင်နွယ်သရက်ခြံမှ သိရသည်။
✔️ လာမည့် မေလ(၁)ရက်နေ့မှစ၍ စိန်တစ်လုံးအိပ်စွပ် နှင့် အိပ်လွတ်သရက်သီးများ သဇင်နွယ်သရက်ခြံတွင်ဝယ်ယူသွားမည်ဖြစ်ရာ ရောင်းချလိုသောသောသရက်တောင်သူများအနေဖြင့် ခြံမန်နေဂျာဦးဌေးအောင် ၀၉၄၃၁၁၇၄၁၇ သဇင်နွယ်သရက်ခြံ ဆည်ရွာဇရပ်ပေါက်၊ ပလိပ်မြို့၊ စဥ်ကိုင်မြို့နယ် သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
✔️ ယခုနှစ် စိန်တလုံးသရက်သီးရာသီတွင် အသီးအထွက်နှုန်းကျဆင်းမှုရှိသောကြောင့် အသီးထွက်ရှိသည့်ခြံများ နှင့် အိတ်စွပ်သီးများမှာ ပြည်တွင်းစျေးကွက်တွင်စျေးကောင်းရရှိနေသည်။ သို့သော်လည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သရက်ခြံများမှာ မန္တလေး၊ ရန်ကုန်စျေးကွက်သို့တင်ပို့ရာတွင် သယ်ယူပို့ဆောင်စရိတ်များကြီးမြင့်လျက်ရှိကြောင်း သိရသည်။
✔️ လက်ရှိအချိန်တွင် အရည်အသွေးကောင်း အိတ်စွပ်စိန်တလုံးသရက်သီး တစ်တန်လျင် ငွေကျပ် ၃၀ - ၃၅ သိန်းကြား ပေါက်စျေးရှိနေကြောင်း သိရသည်။
✔️ သီးနှံ၊ ဈေးကွက်သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
မန္တလေး၊ (၂၄)ရက် ဧပြီ ၂၀၂၅
Sources : ရွှေမန်း (မကွေးဂျာနယ်)