menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
English
arrow_drop_down
မြန်မာ
English
menu
About Us
Our Story
Vision & Mission
Career
CSR
Our Product
Herbicide
Fungicide
Pesticide
Hormone
Fertilizer
Foliar
Agri-Knowledge
Safe Use
Resources
FAQs
News & Events
Journal
Market Price
Contact Us
မြန်မာ
English
ပြည်တွင်း သကြားဈေးကွက် အရောင်းအဝယ်ကျဆင်းနေ
🎋🎋🎋🎋🎋🎋🎋🎋🎋🎋
◾️လက်ရှိ ကိုဗစ်ရောဂါကူးစက်မူ ပိုမိုမြင့်တက်နေ၍ သကြားဖြင့်ပြုလုပ်ရောင်းချနေသည့်ဆိုင်များ ပိတ်ထားရသည့်အတွက် သကြားအရောင်းအဝယ်ဈေးကွက် နှစ်ဆယ် ရာခိုင်နှုန်းခန့် ကျဆင်းနေကြောင်းသိရသည်။
◾️သို့သော် ပြည်ပမှ သကြားတင်သွင်းမူလျော့နည်းနေပြီး ယခုမှကြံစိုက်ရာသီ ဖြစ် သောကြောင့် ယခင်လက်ကျန် သကြားလျော့နည်းကာ ပြည်တွင်း၌ သကြားရရှိမူနည်းနေခြင်းကြောင့် ဈေးနှုန်းများမှာကျဆင်းသွားခြင်း မရှိကြောင်းသိရသည်။ ထိုကြောင့် ပြီးခဲ့သည့်နှစ်ဖြင့် ယှဉ်ပါကအတက်ဈေးသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ကုန်သည်များထံမှသိရသည်။
◾️"အဓိက က ကိုဗစ်ကြောင့် လက်ဖက်ရည်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ ပိတ်လိုက်ရတော့ သကြား အသုံးပြုမူ တော်တော်လျော့သွားတယ်။ ချိုချဉ် လုပ်ငန်းတွေ ၊ မုန့်ချို လုပ်ငန်းတွေလဲ သကြားသုံးစွဲမူလျော့လာတယ် အရောင်းဝယ်မကောင်းလို့ ။ အရောင်းအဝယ်ကတော့ ပုံမှန်ထက် ၂၀ ရာခိုင်နှုန်း အထိ လျော့ကျသွားတယ် ၊ ဈေးနှုန်းကတော့ အများကြီးပြောင်းလဲမူမရှိဘူး" ဟုမြန်မာနိုင်ငံ သကြား နှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးစိန်ထွန်း ကပြောထားသည်။
◾️ပြည်တွင်းသကြားဈေးမှာ ပြီးခဲ့သည့်နှစ်က တစ်ပိသာလျှင် ၁,၀၀၀ကျပ် သာရှိခဲ့ ပြီးလက်ရှိ တစ်ပိဿ လျှင် ၁,၃၆၀ မှ ၁,၄၀၀ ကျပ် အထိရှိကြောင်း သိရသည်။ ပြည်ပမှပြည်တွင်း စားသုံးရန်အတွက် လုပ်ငန်းရှင် ၁၁ဦး မှ နှစ်စဉ်တင်သွင်းလျက်ရှိပြီး လက်ရှိပြည်ပဈေးမှာတစ်တန်လျှင် ဒေါ်လာ ၄၆၀ ကျော် အထိ ပေါက်ဈေးရှိ၍ ပြည်တွင်း၌ ပြန်လည်ရောင်းချရန်မကိုက်သည့်အတွက် တချို့ လုပ်ငန်းရှင်များ တင်သွင်းနိုင်မူမရှိတော့ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
◾️"အရင် သကြားကို ပြည်ပကနေလုပ်ငန်းရှင်တွေက နှစ်စဉ်သွင်းတာပေါ့။ အခုဒေါ်လာဈေးတက်တော့ မသွင်းနိုင်ကြဘူး။ဒါကြောင့် ပြည်တွင်းသကြား ဈေးကောင်းလာတာ" ဟု မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း မှ ဒုဥက္ကဌ ဦးဝင်းဌေး ကပြောထားသည်။
◾️ကိုဗစ်ကြောင့် ပြီးခဲ့သည့်နှစ်များက သကြားဈေးကွက်မှာအရှုံးပေါ်ခဲ့ပြီး ကြံစိုက်ဧကများကို လျော့ချစိုက်ပျိုးခဲ့ခြင်းများလည်း ရှိခဲ့ကြောင်း ကြံစိုက်တောင်သူများထံမှသိရသည်။ ပြီးခဲ့သည့်နှစ် ကြံကြိတ်ရာသီတွင် ဈေးသတ်မှတ်ချက်အရ စက်ရုံအရောက် ကြံဝယ်ဈေးကို တစ်တန်လျှင် ၄၆,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိ ပြီး အခုလာမည့် ကြံကြိတ်ရာသီအတွက် ဈေးမသတ်မှတ်ရသေးကြောင်း သိရသည်။
◾️တချို့ စက်ရုံများမှလာမည်နှစ်အတွက် သကြားဈေးမြင့်မှုအပေါ်မှုတည်ပြီး တောင်သူများအားကြံဈေးတိုးမြှင့်ပေးသွားမည်ဟု ကြိုတင်ကမ်းလှမ်းမူများလည်းရှိနေကြောင်း တောင်သူများထံမှသိရသည်။ ယခု ကြံစိုက်ရာသီတွင် လျော့ချ စိုက်ပျိုးမည်မဟုတ်ပဲ ပိုမိုတိုး၍စိုက်ပျိုးမည် ဖြစ်ပြီး ပြည်တွင်း၌ သကြားတန်ချိန် ၅သိန်းဝန်းကျင်အထိ ထွက်ရှိကြောင်းသိရသည်။ ကိုဗစ်ရောဂါများ ပိုမိုဆိုးရွားနေပါကသကြားဈေးကွက်မှာအရောင်းဝယ်အေးစက်နေအုံးမည် ဖြစ်ကြောင်း လုပ်ငန်းရှင်များမှ သုံးသပ်ကြသည်။
Credit to : အက္ခရာ(AMIA)