menu

ပြည်တွင်း သကြားဈေးတည်ငြိမ်နေ


🌱🌱🌱🌱🌱🌱🌱🌱🌱🌱

↗️ ပြည်တွင်းစားသုံးမှုလျော့ကျနေသောကြောင့် သကြားဈေးတည်ငြိမ်နေကြောင်း သကြားနှင့်သကာ ရည်ကုန်စည်ဒိုင်အသင်း (မန္တလေး) မှသိရသည်။ 

↗️ ဇွန်၊ ဇူလိုင်လများ ကတည်းက ပြည်တွင်းသကြားဈေးတည်ငြိမ်နေရာ ဩဂုတ်(၃)ရက် မန္တလေးဈေးကွက်တွင် လက်ကားဈေး ပေါင်းသကြား တစ်ပိဿာ ငွေကျပ် ၄,၆၀၀ မှ ၄၈၀၀၊ ခါသကြား တစ်ပိဿာ ငွေကျပ် ၃,၈၅၀ မှ ၃,၉၀၀ ပေါက်ဈေးရှိသည်။ 

↗️ ၂၀၂၃-၂၀၂၄ ခုနှစ် ကြံရာသီအပြီး သကြားတန်ချိန် ၁၀ သိန်းနီးပါး ထွက်ရှိခဲ့သောကြောင့် ပြည်တွင်းသကြားဖူလုံမှုရှိကာ နိုင်ငံခြားတင်ပို့နိုင်သည့် အခြေအနေထိရှိနေခြင်းဖြစ်သည်။ 

↗️ သကြားရာသီအသစ်တွင် ဗီယက်နမ်နိုင်ငံသို့ သကြားတန်ချိန် တစ်သိန်းခန့်တင်ပို့ပြီးဖြစ်ကြောင်းနှင့် လက်ရှိတွင် ငွေဈေးမြင့်တက်နေသောကြောင့်လည်း ဆက်လက်တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်း ပြည်တွင်းသကြားစားသုံးမှုမှာလည်း နယ်ဈေးကွက်များသို့ရောင်းချနိုင်ခြင်းမရှိသောကြောင့် ပြည်တွင်းသကြားဈေးမှာ တည်ငြိမ်လျက်ရှိနေခြင်းဖြစ်ကြောင်း သကြား နှင့် ကြံထွက်လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေး က ပြောသည်။ 

↗️ "ပြီးခဲ့တဲ့ကြံရာသီမှာ သကြားတန်ချိန် ၁၀သိန်းနီးပါး ထွက်ရှိခဲ့ပါတယ်။ ဒါကြောင့် ပြည်တွင်း သကြားဖူလုံရုံတင်မက နိုင်ငံခြားတင်ပို့နိုင်တဲ့အခြေအနေ ရှိပါတယ်။ ဧပြီလ ကြံရာသီနောက်ပိုင်းမှာ ဗီယက်နမ်နိုင်ငံကို တန်ချိန် ၁သိန်းကျော် တင်ပို့ထားပါတယ်။ နောက်ထပ်တင်ပို့နိုင်ဖိုလည်း စီစဉ်နေပါတယ်။ ပြည်တွင်းသကြားစားသုံးမှုကလည်း လျော့ကျနေတော့ သကြားဈေးက တည်ငြိမ်နေပါတယ်" ဟု ၎င်းကပြောသည်။ 

↗️ ပြည်တွင်းသကြားစားသုံးမှုမှာ ယခင်ကတန်ချိန် ၅သိန်းခန့် ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် နယ်ဈေးကွက်များသို တင်ပို့နိုင်ခြင်းမရှိသောကြောင့် သကြားဈေးတည်ငြိမ်နေသလို နိုင်ငံခြားသို့ ပိုလျှံသကြားများကို ပိုမိုတင်ပို့နိုင်မည်ဖြစ်သည်။ 

↗️ မြန်မာ့သကြားကို ဗီယက်နမ်နိုင်ငံသို အများဆုံးတင်ပို့ပြီး ထိုင်း၊ စင်ကာပူ၊ ဖီလစ်ပိုင် နိုင်ငံများသို တင်ပို့နေကြောင်း သိရသည်။ 

↗️ သီးနှံ ၊ ဈေးကွက် သတင်းများကို တောင်သူဦးကြီးများသိရှိနိုင်ရန် တင်ပြအပ်ပါသည်။ 

Sources : ရွှေမန်း (မကွေးဂျာနယ်)